နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့

 

၁၈၈၅ ခုနှစ်တွင်   မြန်မာတစ်နိုင်ငံလုံး    ကိုလိုနီနယ်ချဲ့ လက်အောက်သို့ ကျရောက်သွားခဲ့ရပြီးနောက် မြန်မာတိုင်းရင်း သားတို့၏ ခုခံတော်လှန်မှုများ ဒေသအနှံ့အပြားတွင် ပေါ်ထွက် လာခဲ့ရာ နယ်ချဲ့ဗြိတိသျှအစိုးရသည် စစ်စရိတ်ပမာဏကြီးမား စွာ အသုံးပြုလျက် ဆယ်စုနှစ်နှင့်ချီ၍ ဆက်လက်တိုက်ခိုက်ခဲ့ ရသည်။ ၎င်းတို့၏ ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် နှိပ်ကွပ် မှုများကြောင့် ခုခံတွန်းလှန်မှုများ  တစ်စတစ်စ လျော့နည်း သွားခဲ့သော်လည်း   နယ်ချဲ့ဆန့်ကျင်ရေးအတွက်    ပြန်လည် အားမွေးနေခဲ့ခြင်းသာဖြစ်သည်။

 


၁၉၀၀ ပြည့်လွန်နှစ်များတွင်   ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်သည့်နိုင်ငံ        ပြန်လည်ထူထောင်နိုင်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ပထမကမ္ဘာစစ်   မဖြစ်မီကာလတွင်    မြန်မာအမျိုးသားများ   ထုတ်ဝေသည့်   သူရိယနှင့်   မြန်မာ့အလင်းသတင်းစာတို့က ပြည်သူလူထုအတွင်း လွတ်လပ်ရေးအတွက် စည်းလုံးညီညွတ် ရေးစိတ်ဓာတ်  နိုးကြားတက်ကြွသည်ထက်   တက်ကြွလာအောင်  လှုံ့ဆော် ရေးသားခဲ့သည်။    ၁၉၂၀ ပြည့်နှစ်     ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် မြန်မာပြည် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်နှင့် ပညာမင်းကြီး  မက်ဟန်တားတို့က ဗြိတိသျှ နယ်ချဲ့တို့၏အကြိုက် ရေးဆွဲထားသည့်ဥပဒေဖြစ်ပြီး  နှစ်ပေါင်း ကြာမြင့်စွာ မြန်မာလူမျိုးတို့   တောင်းဆိုခဲ့ကြသည့်  တက္ကသိုလ် ပုံစံမျိုးမဟုတ်သည့်အတွက် ကန့်ကွက်မှုများနှင့် လိုလားချက် များကို  ပြတ်ပြတ်သားသား တောင်းဆိုချက်များ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာသည်။  ပြည်သူလူထုတစ်ရပ်လုံး ကန့်ကွက်နေသည့်ကြားမှ နယ်ချဲ့အစိုးရက တက္ကသိုလ်ဥပဒေ ကို    အဓမ္မ   ပြဋ္ဌာန်းခဲ့သည့်အတွက်   ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့မှစတင်ကာ ရန်ကုန်မြို့ပေါ်ရှိ အထက်တန်း ကျောင်းအသီးသီးမှ   ကျောင်းသား   ကျောင်းသူများကပါ သပိတ်မှောက်ခဲ့ကြပြီး ဆက်လက်၍  အခြားနယ်မြို့များဆီသို့ ပျံ့နှံ့သွားခဲ့သည်။

 


၁၉၂၀ ပြည့်နှစ်  ကောလိပ်သပိတ်နှင့်အတူ ပေါ်ထွက်လာ သည့်အရာမှာ အမျိုးသားရေးစိတ်ဓာတ်ဖြစ်သည်။ အမျိုးသား ရေးစိတ်ဓာတ်သည် စည်းလုံးညီညွတ်ရေးကို ဖန်တီးပေးနိုင်ပြီး စွမ်းအားလည်း    ကြီးမားသည့်အလျောက်   လွတ်လပ်ရေး ကြိုးပမ်းမှုအတွက်လည်း  မရှိမဖြစ်လိုအပ်သည်။ အမျိုးသား ရေး စိတ်ဓာတ်များ၊ ပြည်သူလူထုအတွင်း ပျံ့နှံ့သွားခဲ့ပြီးနောက် အထူးစည်းလုံးညီညွတ်ခဲ့ကြသဖြင့်   နယ်ချဲ့တို့၏  အင်ပါယာ သစ္စာတော်ခံပညာရေးကို   အန်တုယှဉ်ပြိုင်ကာ   အမျိုးသား ပညာရေးနှင့် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ် ခဲ့ကြသည်။  ၁၉၂၀   ကောလိပ်သပိတ်မှအစပြု၍   နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ တစ်ခု ပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် လွတ်လပ်သော နိုင်ငံဘဝ သို့ ရောက်သည်အထိ အမျိုးသားရေးစိတ်ဓာတ်နှင့် စည်းလုံး ညီညွတ်မှုတို့ကို စွဲကိုင်နိုင်ခဲ့ကြသည်။ 

 


မျက်မှောက်ကမ္ဘာတွင်   နိုင်ငံတိုင်းသည်   တိကျသော ပိုင်နက်နယ်နိမိတ်၊    ပြည်သူလူထု၊    အစိုးရ၊  အချုပ်အခြာ အာဏာဟူသော အင်္ဂါ (၄) ခုဖြင့်  ရပ်တည်နေထိုင်ကြရာတွင် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ခိုင်မြဲအောင် စည်းနှောင်ထားရ ခြင်းဖြစ်သည်။   အမျိုးသားရေးစိတ်ဓာတ်ပျက်ပြားသည်နှင့် အမျှ     စည်းလုံးညီညွတ်မှုလည်း    ပျက်ပြားမည်သာဖြစ်သည်။ ဆက်စပ်၍ အေးချမ်းတည်ငြိမ်မှုလည်း ပျက်ပြားမည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်ပေါ်လာမည်မဟုတ်ဘဲ ဆုတ်ယုတ် မှုနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ရာ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့မှသည်   ဘိုးဘွားတို့ပေးခဲ့သည့်   အမျိုးသားရေး စိတ်ဓာတ်အမွေကို   ဆက်လက်ခံယူ၍   စည်းလုံးညီညွတ်စွာ ဖြင့် နိုင်ငံနှင့်လူမျိုး၏အနာဂတ်ကို   တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။          ။