နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အဆုံးအဖြတ်ပေး နိုင်သည့် အကြောင်းတရားများသည် ပြည်ပတွင် မရှိဘဲ ပြည်တွင်း၌သာ ရှိနေသည်ဟု ပညာရှင်တို့က ဆိုကြသည်။ နိုင်ငံတစ်နိုင်ငံ ဆင်းရဲနွမ်းပါးနေသည်ကို လေ့လာကြည့်လျှင် ယင်းနိုင်ငံသည် မိမိတွင်ရှိနေသော ငွေကြေးအင်အား၊ ရုပ်ဝတ္ထု အင်အားနှင့် လူအင်အားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိရှိ ထိထိရောက်ရောက် မစုစည်း၊ မသုံးစွဲနိုင် သည်ကို တွေ့မြင်ရမည်ဖြစ်သည်ဟူ၍လည်း အဆိုရှိသည်။
ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြင်ပအကြောင်းအရာများဖြစ်သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အကြား စစ်ရေး၊ နိုင်ငံရေးအားပြိုင်မှုများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံ ဈေး မတည်ငြိမ်မှုများမှတစ်ဆင့် အထွေထွေကုန်ဈေးနှုန်း များ မြင့်တက်လာခြင်း၊ အမေရိကန်ဒေါ်လာ ငွေကြေးတန်ဖိုး မြင့်တက်ခြင်းကြောင့် အခြားနိုင်ငံများ၏ ပြည်တွင်းသုံးငွေ တန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်း စသည့်ဖြစ်စဉ်များ ကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရသည်။ ဤတွင် ပြင်ပအကြောင်းတရားများ ဟူသည် မိမိတို့ ပြုပြင် ဖန်တီး၍ မရနိုင်သောအရာများပင်ဖြစ်ပြီး ပြည်တွင်းအား ဖြစ်သည့် ငွေကြေးဓနအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူ အင်အားတို့ကသာ မိမိတို့ပိုင်၊ မိမိတို့ ဖန်တီးနိုင်သော အရာ များဖြစ်သည့်အလျောက် ပြည်တွင်းအားကိုသာ စုစည်းရယူသုံးစွဲသွားရမည်ဖြစ်သည်။
“မိမိတို့အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ ပြည်တွင်း အားသည် ပြည်တွင်း၌သာရှိသည် ဟူသည့် ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့ကို ဦးတည် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီး အကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) တွင် ပြော ကြားခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်နှင့် လာမည့်ဘဏ္ဍာရေးနှစ် တို့အတွင်း ပြည်သူများ၏ လူမှုစီးပွားရေးဘဝများ အလျင် အမြန် ပြန်လည်တိုးတက်လာစေရေးအတွက် စိုက်ပျိုး မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ အားပေးမြှင့်တင်သွားရန်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးသွားရန်၊ ပြည်ပမှ ကုန်ပစ္စည်းများ မှာယူတင်သွင်းနေ ရသည်များကို အတတ်နိုင်ဆုံးလျှော့ချပြီး ပြည်တွင်းထုတ်ကုန် များကို အစားထိုးသုံးစွဲနိုင်ရေးအတွက် ရည်မှန်းဆောင်ရွက် သွားကြရန်လည်း ထည့်သွင်းမှာကြားခဲ့သည်။
ဓန၊ ရုပ်ဝတ္ထုနှင့် လူဟူသော ပြည်တွင်းအရင်းအမြစ် အင်အားသုံးရပ်တွင် လူသားအရင်းအမြစ်က အရင်းခံအကျ ဆုံးဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ကို စုစည်းကာ ထိရောက်စွာအသုံးချ နိုင်ခြင်းအားဖြင့် ကျန်အရင်းအမြစ်နှစ်ရပ်ကိုလည်း အကျိုးရှိ ဆုံး အသုံးချလာနိုင်မည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဟု ဆိုရာတွင် အတတ်ပညာ၊ နည်းပညာနှင့် ကျွမ်းကျင်မှုပြည့်ဝ သည့် တန်ဖိုးမြင့် လူသားအရင်းအမြစ်အဖြစ် လိုအပ်သည် သာမက ပြည်သူတစ်ရပ်လုံးက တက်ကြွသော အင်အား (Dynamic Force) များ ဖြစ်လာသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အရှိန်အဟုန် မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း။ ။