ဒေသအကျိုး၊ ပြည်သူလူထုအကျိုးအတွက် နိုင်ငံရေးလမ်းကြောင်းမှ ငြိမ်းချမ်းစွာ လျှောက်လှမ်း

 

ငြိမ်းချမ်းရေးသည်  မိမိတို့နိုင်ငံအတွက် အဓိကအကျဆုံးလိုအပ် ချက်ဖြစ်သကဲ့သို့   ပြည်ထောင်စုဖွား  တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏   လိုလားချက်လည်းဖြစ်သည်။   မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်  ငြိမ်းချမ်းပြီ၊  စည်းလုံးညီညွတ်မှုရရှိပြီဟု ဆိုနိုင်သည်နှင့်  မကြာမြင့်သောကာလအတွင်း  အိမ်နီးချင်းနိုင်ငံ များနှင့် ရင်ပေါင်တန်းကာ စုပေါင်းကြိုးပမ်းအားထုတ်ကြသည် နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုမြင့်မား၍ ထိပ်တန်းသို့ရောက်ရှိသွား မည်မှာ သေချာသည်။

 


သို့ဖြစ်ရာ ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြင့် စုစည်း ထားသည့် တပ်မတော်သည် ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဖြစ်သော (၁) ငြိမ်းချမ်း ရေးရယူရန်အတွက် ဆန္ဒအမှန်ရှိရန်၊ (၂) သဘောတူစာချုပ်ပါ ကတိကဝတ်များကို  မဖောက်ဖျက်ရန်၊  (၃)   ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊ (၄) ဒေသခံများ အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ (၅) တည်ဆဲဥပဒေများအပေါ် လေးစားလိုက်နာရန်၊ (၆) ဒို့တာဝန်အရေးသုံးပါးနှင့်  ဒီမို ကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့်   ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင်   လိုက်ပါလုပ်ဆောင်ရန် ဆိုသည့်အချက်များကို ချမှတ်၍ နိုင်ငံတော်အစိုးရ၊ ပြည်သူတို့ နှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 


“ငြိမ်းချမ်းမှုမရှိသည့် ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုသည် မှာ    အလှမ်းဝေးနေမည်ဖြစ်သကဲ့သို့    ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များလည်း နိမ့်ကျနေမည်ပင်ဖြစ်ကြောင်း၊   တိုင်းရင်းသားပေါင်းစုံနှင့် စုစည်းထားသည့် မိမိတို့တပ်မတော်အနေဖြင့် လူမျိုးရေးခွဲခြား မှုဆိုသည်မှာ  လုံးဝမရှိဘဲ  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားများ၏    လူမှုအကျိုးစီးပွားတိုးတက်မှုကိုသာ အဓိကလိုလားသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း”နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်      ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်က စစ်တက္ကသိုလ်   ဗိုလ်လောင်းသင်တန်း   အမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး   “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ   တိုးတက်လာနိုင်စေရေး   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာတွင် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ဒေသနှင့်တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း၊   ထိုသို့ဆွေးနွေးရာတွင်လည်း ပြည်သူလူထုနှင့်   နိုင်ငံတော်အတွက်   ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း” ဖြင့်လည်း ပြောကြားခဲ့သည်။

 


လာမည့်  ၂၀၂၃  ခုနှစ်  ဇန်နဝါရီလ  ၄  ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံ၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ရာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး     မကြာမီမှာပင်    ပေါ်ပေါက်လာခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည်လည်း  နှစ်ပရိစ္ဆေဒ များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ ဆယ်စုနှစ်များနှင့်ချီ၍ မပြီးနိုင် မစီးနိုင်၊   အဖြေမထွက်နိုင်သည့်    လက်နက်ကိုင်သံသရာ မှ    ရုန်းထွက်ကြရန်   အချိန်တန်ပြီ    ဖြစ်သည့်အလျောက်  တပ်မတော်က   ၂၀၂၂   ခုနှစ်ကို   ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်နေ ခြင်းဖြစ်သည်။ 

 


တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့် တကြသည့် ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်ရန်အတွက် ဆန္ဒ အမှန်ရှိကြရန်နှင့် ရိုးသားဖြောင့်မတ်ကြရန်သာ လိုအပ်ပြီး တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့်  ထာဝရငြိမ်းချမ်းရေးဆီသို့ ဇွဲလုံ့လဝီရိယဖြင့်    လျှောက်လှမ်းကြရမည်ဖြစ်သည်။    ဒီမို ကရေစီခေတ်တွင် ဒီမိုကရေစီနည်းလမ်းများအတိုင်း အစိုးရ၊ လွှတ်တော်တို့မှ   ဒေသအကျိုး၊   ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ကြပြီဖြစ်ရာ    လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာ၍ နိုင်ငံရေးလမ်းကြောင်း ပေါ်မှ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း။     ။