မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် ခိုင်မာအားကောင်းလာစေရေးကို ထပ်မံပံ့ပိုးပေးမည့် OECD ၏မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမူဝါဒ ဒုတိယအကြိမ် လေ့လာသုံးသပ်ချက် (၂၀၂၀)

Type

ဆောင်းပါး

=======

 

မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် ခိုင်မာအားကောင်းလာစေရေးကို ထပ်မံပံ့ပိုးပေးမည့် OECD ၏မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမူဝါဒ ဒုတိယအကြိမ် လေ့လာသုံးသပ်ချက် (၂၀၂၀)

=======================================================================================================

 

မောင်သစ္စာ (ရန်ကင်း)

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် OECD တို့ ပူးပေါင်း၍ နော်ဝေနိုင်ငံနှင့် ဆွစ်ဇာလန် နိုင်ငံအစိုးရတို့၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မူဝါဒလေ့လာသုံးသပ်ချက် အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် “High-Level Event on Promoting Responsible Investment in Myanmar” အစီအစဉ်၌ တရားဝင်ထုတ်ပြန်ခဲ့သည်။

 

ပထမအကြိမ် OECD ၏

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မူဝါဒလေ့လာသုံးသပ်ချက်

၂၀၁၂- ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပထမ အကြိမ် OECD Investment Policy Reviews တွင် အဓိကဆန်းစစ်ခဲ့သည့် မူဝါဒနယ်ပယ်များမှာ ရင်းနှီးမြှုပ်နှံ မှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်ရေး၊ ပြိုင်ဆိုင်နိုင်မှု၊ အခွန်၊ ကော်ပိုရိတ် စီမံ ခန့်ခွဲမှု၊ တာဝန်ယူမှုရှိသောစီးပွားရေး လုပ်ငန်းဆောင်ရွက် ချက်၊ လူသားအရင်းအမြစ်၊ အခြေခံအဆောက်အအုံနှင့် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍနှင့် အစိုးရစီမံအုပ်ချုပ်မှုတို့ ဖြစ်သည်။

 

၂၀၁၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ပထမအကြိမ် OECD ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မူဝါဒလေ့လာ သုံးသပ်ချက်ကို တရားဝင်ထုတ်ပြန်ခဲ့သည်။

ပထမအကြိမ် OECD ၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မူဝါဒလေ့လာသုံးသပ်ချက်တွင် ပါဝင်သည့် အဓိကအကြံပြု ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

(၁) Public Governance တိုးတက်ရေးနှင့်စပ်လျဉ်း ပြီး တရားရေးဝန်ထမ်းများကို စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ခေတ်နှင့်မလျော်ညီသည့် ဥပဒေ များကို အစားထိုးပြင်ဆင်ရေး၊ ဝန်ကြီးဌာနများ ၏ အခန်းကဏ္ဍများ ရှင်းရှင်းလင်းလင်းရှိရေး၊ လုပ်ငန်းတူသည့် ဝန်ကြီးဌာနများ ပေါင်းစည်း ရေးနှင့် ဝန်ကြီးဌာနများအကြား ပူးတွဲဆောင်ရွက် မှု တိုးတက်ရေး၊ ဥပဒေစည်းမျဉ်းများ ပြဋ္ဌာန်း သည့်အခါ တရားမျှတမှုရှိပြီး ထိရောက်စေရန် အတွက် မပြဋ္ဌာန်းမီ၊ ရေးဆွဲဆဲနှင့် ရေးဆွဲပြီး ကာလများတွင် Public Consultation များ ပြုလုပ်ရေးတို့ကို ဆောင်ရွက်ရန်။

 

(၂) ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးမှုလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီးလည်း လုပ်ငန်းစဉ် ရှင်းလင်း လွယ်ကူရန်၊ Scope ကျဉ်းအောင် ဆောင်ရွက် ရန်၊ ပွင့်လင်းမြင်သာမှု ပိုမိုရှိရန်၊ ခွင့်ပြုမိန့်နှင့် အညီ ရင်းနှီးမြှုပ်နှံသူများ လိုက်နာဆောင်ရွက် မှု ရှိ မရှိ ကြီးကြပ်ရန်၊ အတိတ်နှင့် ပစ္စုပ္ပန် နှစ်ရပ်လုံးကို သက်ရောက်မှုရှိသည့် ကြေညာ ချက်ထုတ်ပြန်သည့်စနစ် ကျင့်သုံးရန်။

(၃) နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ခွဲခြားဆက်ဆံ မှု လျော့နည်းစေရေးအတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုဥပဒေတို့ကို ပေါင်းစည်းရန်၊ ဖက်စပ် လုပ်ကိုင်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်းဖြစ် အောင် ဆောင်ရွက်ရန်၊ ကန့်သတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ကာလအလိုက် သုံးသပ်ရန်။

 

ပထမအကြိမ် OECD ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုမူဝါဒ လေ့လာသုံးသပ်ချက်တွင်ပါဝင်သည့် အကြံပြုချက် များအပေါ် အခြေခံ၍ ယခင်က မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ပယ်ဖျက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ များ၊ အမိန့်ကြော်ငြာစာများကိုလည်းကောင်း၊ နှစ်ပေါင်း ရာကျော်ကြာမြင့်နေသည့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအဖြစ် လည်းကောင်း ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည်။ ၎င်းမှတစ်ဆင့် ကမ္ဘာ့ဘဏ်၏ Ease of Doing Business Ranking နှင့် ပတ်သက်ပြီး ရလဒ်အဆင့်ကို မြင့်မားအောင် တွန်းအား ပေးနိုင်ခဲ့သည့် Myanmar Companies Online (MyCO) စနစ်ကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။

 

ပထမအကြိမ် သုံးသပ်ချက်ဆောင်ရွက်ချက်၌ OECD FDI Regulatory Restrictiveness Index အရ စစ်တမ်း ကောက်ယူထားသော နိုင်ငံ ၇၀ ခန့်အနက် မြန်မာနိုင်ငံသည် ကန့်သတ်မှုအများဆုံးနိုင်ငံအဖြစ် ရှိခဲ့သည်။ ယခု ဒုတိယ အကြိမ် သုံးသပ်ချက်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့် နည်းဥပဒေများ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနှင့် ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးတို့ကြောင့် OECD FDI Regulatory Restrictiveness Index (၂၀၁၉) အရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ပွင့်လင်းမြင်သာမှု အရှိဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာပြီး OECD အဖွဲ့ဝင်နိုင်ငံ မဟုတ်သောနိုင်ငံများ၏ လုပ်ဆောင်ချက်နှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရသည်။ “ငါးနှစ်တာ ကာလအတွင်း ထိုသို့ ပြဋ္ဌာန်းထားမှုများကို ဖြေလျှော့ပေး ခြင်းသည် တစ်ခါမျှမကြုံစဖူးဖြစ်ကြောင်း၊ နိုင်ငံရေးပဋိပက္ခ များကို ကျေနပ်ဖွယ်ဖြေရှင်းဆောင်ရွက်၍ အခြားသော အဓိကစီးပွားရေးအခြေအနေမျိုး ယိုယွင်းမှုမရှိပါက ယင်းအခြေအနေသည် အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီးဝင်မှုအပေါ် သိသာသော အကျိုး သက်ရောက်မှု ရှိလာနိုင်ကြောင်း” OECD က သုံးသပ်ခဲ့ သည်။

 

ဒုတိယအကြိမ် OECD ၏

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မူဝါဒလေ့လာသုံးသပ်ချက်

 

ဒုတိယအကြိမ် OECD ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု မူဝါဒလေ့လာသုံးသပ်မှုဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကပင် OECD ဘက်ကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။ OECD ဘက်က ဆွစ်ဇာလန်နှင့် နော်ဝေနိုင်ငံ အစိုးရတို့၏ ဘဏ္ဍာငွေထောက်ပံ့မှုရရှိအောင် ဆောင်ရွက် ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ် OECD ၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒဆိုင်ရာ ကနဦးညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့သည်။

 

ပထမအကြိမ် Task Force အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပထမမူကြမ်းနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် Task Force အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ Responsible Business Conduct အခန်းအတွက် Task Force Consultation and Dialogue on Responsible Business Conduct ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ တွင် ကျင်းပခဲ့သည်။ OECD ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒ သုံးသပ်ချက်နှင့်စပ်လျဉ်းသည့် Virtual Meeting ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပ ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် OECD ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ်ချက် (၂၀၂၀) ကို ထုတ်ပြန်နိုင်ခဲ့သည်။

 

OECD ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ် ချက် (၂၀၂၀) မှာ အောက်ဖော်ပြပါကဏ္ဍများ ပါဝင်ပြီး တစ်ခန်းချင်းအလိုက် လုပ်ဆောင်သင့်သည့် မူဝါဒအကြံပြု ချက်များ ပါဝင်ခဲ့သည် -

(၁) ရင်းနှီးမြှုပ်နှံမှုမူဝါဒ (Investment Policy)၊

(၂) ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့ စေရေး (Investment Promotion and Facilitation)၊

(၃) တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် လုပ်သာကိုင်သာ ရှိအောင် ဆောင်ရွက်ခြင်း (Promoting and Enabling Responsible Business Conduct)၊

(၄) အခြေခံအဆောက်အအုံ ချိတ်ဆက်မှု (Infrastru- cture Connectivity)၊

(၅) အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု မူဘောင် (Investment Framework for Green Growth)၊

(၆) စီးပွားရေးဇုန်များကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း (Making the Most of Econo-mic Zones)၊

(၇) အာမခံချက်ရှိပြီး ရှင်းလင်းကောင်းမွန်သော မြေအသုံးချခွင့်ကို မြှင့်တင်ဆောင်ရွက်ခြင်း (Fostering Secure and Well-defined Land Rights)။

OECD ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ် ချက် (၂၀၂၀) တွင် ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့်ပတ်သက်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍများတွင်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အကန့်အသတ်များ၏ Costs and Benefits ကို သုံးသပ်ရန်၊ စီးပွားရေးကဏ္ဍတစ်ရပ်လုံး၏ အဓိကဝန်ဆောင် မှုလုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေး၊ ဆောက်လုပ်ရေးနှင့် ဖြန့်ဖြူးရေး ဝန်ဆောင်မှုများကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပါဝင်မှုအပေါ် ကန့်သတ်ချက်များ၏ ကုန်ကျစရိတ်များကို သုံးသပ်ရန်၊ ထိရောက်လွတ်လပ်သော တရားစီရင်ရေးဖြစ်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပြီး Legal Certainty ဖြစ် အောင် ဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုစာချုပ် အဟောင်းများ ကို ပြန်လည်သုံးသပ်ပြီး ပြန်လည်စေ့စပ်ညှိနှိုင်းဆောင်ရွက် မှုများပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုစာချုပ်များနှင့်စပ်လျဉ်း ၍ stakeholder များအကြား Awareness မြှင့်တင်ဆောင်ရွက် ခြင်းဖြင့် မလိုလားအပ်သည့်ကိစ္စရပ်များ မဖြစ်အောင် စီမံ ဆောင်ရွက်ရန် အကြံပြုထားသည်။

 

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး တို့နှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး တိုးတက်စေရန် ဆောင်ရွက်ရုံသာမက ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးလုပ်ငန်းများ အားကောင်းလာစေရေး ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တစ်နေရာတည်း၌ တစုတစည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် “Digital Solutions” ကို အသုံးပြု ဆောင်ရွက်ရန်၊ တည်ရှိဆဲ Company Database ကို အသုံးပြုရန်၊ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း အဆင့်သတ်မှတ်ချက်များ တိုးတက်ရေးအတွက် ကြိုးစားအားထုတ်မှုများ ပြုလုပ်ရာ တွင် ထိပ်ဆုံးအဆင့်ရှိသည့် Distance to Frontier ကို စဉ်းစားရန်၊ စည်းမျဉ်း စည်းကမ်းများ တိုးတက်ကောင်းမွန် လာစေရန် ရှင်းလင်းသောမဟာဗျူဟာကို ရေးဆွဲ ဆောင်ရွက်ရန်၊ အားလုံးခြုံငုံသောစည်းမျဉ်းမူဘောင် တိုးတက်စေခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဆောင်ရွက်နေသည့် One Stop Service ကို ခိုင်မာအားကောင်းအောင် ကြိုးစားအားထုတ်နေမှုများကို ဆက်လက်ဆောင်ရွက်ရန်၊ လုပ်ထုံးလုပ်နည်းမဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်စေသည့် လုပ်ငန်းစဉ်များဖြစ်သည့် ပန်းတိုင် များ၊ ဘုံရည်မှန်းချက်များ၊ အဓိကဆောင်ရွက်မှုဆိုင်ရာ ညွှန်းကိန်းများ၊ ဘတ်ဂျက်များ သတ်မှတ်ထားရှိခြင်း အပြင် ခိုင်မာသော ကြီးကြပ်ခြင်းနှင့် အကဲဖြတ်ခြင်းစနစ် (Monitoring & Evaluation - M & E System) ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပုဂ္ဂလိကကဏ္ဍနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများနှင့် ခိုင်မာသောချိတ်ဆက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မူဝါဒပိုင်းဆိုင်ရာအကြံပေးသည့် အခန်း ကဏ္ဍ အားကောင်းလာအောင်ဆောင်ရွက်ရန်၊ MNE-SME ချိတ်ဆက်မှုများအတွက် အခွင့်အလမ်းများနှင့် လုပ်ဆောင်ချက်များကို ရှာဖွေဖော်ထုတ်ရန် အကြံပြု ခဲ့သည်။

 

ယင်းအပြင် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်း ဆိုင်ရာလုပ်ဆောင်ချက် မြှင့်တင်ရေးအတွက် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများက တာဝန်ယူမှုရှိသော အလေ့အကျင့်များကို လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင် စေရန်၊ အထူးသဖြင့် OECD Due Diligence Guidance for Responsible Supply Chains of Minerals from Conflict-Affected and High-Risk Areas နှင့် OECD Due Diligence Guidance for Responsible Supply Chains in the Garment and Footwear Sector တို့ကို ကျင့်သုံးဆောင်ရွက်ရန်၊ တွင်းထွက်သတ္တုတူးဖော်ရေး လုပ်ငန်းများအနေဖြင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင် ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆောင်ရွက်မှုအတွက် National Action Plan (NAP) ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် နှင့် နိုင်ငံတကာအဆင့်အတန်းမီ အလေ့အကျင့်ကောင်းများ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် စသည် ဖြင့် အကြံပြုခဲ့သည်။

အခြေခံအဆောက်အအုံဆိုင်ရာ ချိတ်ဆက်မှု တိုးတက်ရေးအတွက် ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုကို တိုးမြှင့်စေရန်၊ လက်ရှိအခြေခံအဆောက်အအုံ များကို ပြန်လည်၍ ခေတ်မီအောင် ပြုပြင်ရန်၊ ထိုသို့ ဆောင်ရွက်ရာတွင် အဓိကကုန်သွယ်မှုစင်္ကြံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ချိတ်ဆက်နေသော Greater Mekong Sub- region North Road corridor နှင့် ထိုင်းနိုင်ငံနှင့်  ချိတ်ဆက်နေသည့် GMS East-West Road corridor စသည့် စင်္ကြံနှစ်ခုကို အဓိကထားပြီး ဆောင်ရွက်ရန်၊ ရှိပြီး သား အခြေခံ အဆောက်အအုံများကို ပိုမိုအကျိုးရှိအောင် အသုံးချရန်၊ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေခြင်းနှင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့် Soft Infrastru-cture တို့ကို အားကောင်းစေရန်နှင့် ယင်းသို့ဆောင်ရွက် ရာတွင်  ကုန်သွယ်မှုကို အထောက်အပံ့ပေးသည့် လုပ်ငန်း စဉ်များကို အဆင့်မြှင့်ခြင်းနှင့် လုပ်ရိုးလုပ်စဉ်များကို လျှော့ချခြင်းတို့ဖြင့် ဆောင်ရွက်ရန်တို့ကို အကြံပြုခဲ့ သည်။

 

အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုမူဘောင်နှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက အဆိုပြု ရင်းနှီးမြှုပ်နှံမှု များကို ကနဦးဆန်းစစ်ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက် မှုများကို ထည့်သွင်းစဉ်းစားရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်များကို လေ့လာသုံးသပ်ရန်နှင့် ထိုဆန်းစစ် ချက်များကို လေ့လာသုံးသပ်နိုင်မည့် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ထမ်းများ၏ အရည် အသွေးကို မြှင့်တင်ခြင်းအပါအဝင် ပတ်ဝန်းကျင်ထိခိုက် မှုဆိုင်ရာ ဆန်းစစ်ချက်စနစ်များ (ဥပမာ-Environmental Impact Assessment-EIA) ကို အပြည့်အဝ ဆက်လက် ဆောင်ရွက်ခြင်းဖြင့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့် လုပ်ငန်းအဆင်ပြေချောမွေ့မှုကို နှောင့်နှေး စေသည့်လုပ်ငန်းစဉ်များကို လျှော့ချရန်၊ စီးပွားရေးလုပ်ငန်း များမှ လိုက်နာမှုအားကောင်းစေရန်နှင့် တာဝန်ယူမှု အားကောင်းလာစေရန်သည် ခွင့်ပြုပြီးသည့် EIA အစီရင်ခံ စာများကို Online Database တည်ဆောက်နိုင်ရန် အစိုးရ ဘက်က စဉ်းစားဆောင်ရွက်ရန်၊ မြန်မာနိုင်ငံက Project Bank ကို ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်း များကိုပါ ထည့်သွင်းရန်၊ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင် ရန်နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ စီမံကိန်းများကို Project Bank တွင် ဦးစားပေးကဏ္ဍအဖြစ် ထည့်သွင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရေအားမှထုတ်လုပ်သည့် စွမ်းအင်မဟုတ်သည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ၏ အရေးပါပုံကို သိရှိရာမှလည်း ကောင်း၊ တစ်ပြေးညီ စံသတ်မှတ်ထားသည့် Power- purchase agreement စာချုပ်ပုံစံကို အသုံးပြုခြင်းဖြင့် လည်းကောင်း၊ မြေအသုံးပြုခွင့် လုပ်ငန်းစဉ်မှာ အဆင်ပြေ ချောမွေ့စေခြင်းဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ နှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို အကျိုးသက်ရောက်မှု ရှိစေမည့် အခွင့်အလမ်းများကို မြှင့်တင်ပေးခြင်းဖြင့် Off-grid Renewable Energy Solutions ဖြင့် စွမ်းအင်ထုတ်လုပ်ခြင်းကို နိုင်ငံတော်မှ အထောက်အပံ့ ပြုပေးရန်၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုအတွက် စွမ်းရည် မြှင့်သင်တန်းများပေးရန်နှင့် မဟာဗျူဟာကျကျစီမံ ကိန်းများကို သတ်မှတ်ရန်၊ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရေး ဆောင်ရွက်ရန်စသည်တို့ကို အကြံပြုထားသည်။

 

စီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်မှုနှင့် နယ်စပ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာအပေါ် စီမံအုပ်ချုပ်မှုတို့အကြား ကိုက်ညီမှုရှိစေရေး ဆောင်ရွက် ရန်၊ ဖြစ်နိုင်လျှင် ဗဟိုအစိုးရအာဏာပိုင်တစ်ခုတည်း အောက်၌ တစုတစည်းတည်း ကြီးကြပ်ကွပ်ကဲခြင်းဖြင့် ဆောင်ရွက်နိုင်ရန်၊ အထူးစီးပွားရေးဇုန်တွင် လုပ်ငန်း ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံသူများကို ပေးထားသည့် လုပ်ငန်းခွန်လျှော့ပေးခြင်း (အထူးစီးပွားရေးဇုန်ပြင်ပ ရင်းနှီး မြှုပ်နှံသူများကို ပေးထားသည့် အခွန်ကင်းလွတ်ခွင့်အပြင်) စသည့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကျိုးခံစားခွင့်များကို တဖြည်း ဖြည်း လျှော့ချနိုင်ရေး စဉ်းစားရန်၊ ဇုန်တွင်းနှင့် ဇုန်ပြင်ပရှိ ရင်းနှီးမြှုပ်နှံသူများအကြား တန်းတူအခွင့်အရေးရရှိစေရန်၊ အစိုးရအခွန်ဘဏ္ဍာငွေဆုံးရှုံးမှု လျော့နည်းစေရန်၊ သီလဝါ အထူးစီးပွားရေးဇုန် ကြေညာချက်အမှတ် ၄/၂၀၁၅ ကို စဉ်းစားရန်၊ အခြားအထူးစီးပွားရေးဇုန်များအားလုံး၏ စီမံခန့်ခွဲမှုကော်မတီအားလုံးကိုလည်း အဆိုပါကြေညာချက် မျိုး ချမှတ်သွားရန်အတွက် တွန်းအားပေးရန်၊ အထူးစီးပွားရေး ဇုန်ဥပဒေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂ တွင် ပြဋ္ဌာန်းထားသည့်ခွင့်ပြုသော လုပ်ငန်းစဉ်များနှင့် ဝေါဟာရ အခေါ်အဝေါ်များနှင့်စပ်လျဉ်းသည့် EIA လိုအပ်ချက် များအကြား ကိုက်ညီမှုမရှိသည့်အချက်များကို ဖြေရှင်းရန်၊ အထူးစီးပွားရေးဇုန်များအတွက် သီးသန့် EIA စနစ်တစ်ခု ပြုလုပ်ရန်၊ MIPP တွင် ဖော်ပြထားသည့် စက်မှုကဏ္ဍ အတွက် လုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော်ရန်၊ လိုအပ်သည့် ကျွမ်းကျင်မှုများနှင့်စပ်လျဉ်း၍ ပုဂ္ဂလိက ကဏ္ဍနှင့် ညှိနှိုင်းဆွေးနွေးနိုင်မည့် စကားဝိုင်းတစ်ခု တည်ထောင်ရန်၊ အထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှုပ်နှံသူ များကို အဆိုပါအစီအစဉ်များတွင် ပါဝင်စေရန်၊ MIPP တွင် အဓိကရည်မှန်းထားသည့်ကဏ္ဍများကို အလေးထား ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများနှင့် တင်သွင်းသူ များအကြား Networking Event များမှတစ်ဆင့် ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ရန် စသည်တို့ကို အကြံပြုထားသည်။

 

မြေရာအခွင့်အရေးများနှင့်ပတ်သက်ပြီး ကောင်းမွန် သည့်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေးအတွက် အကျိုးတူ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆွေးနွေးတိုင်ပင်ပြီး National Land Use Policy (NLUP) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ National Land Law ရေးဆွဲရန်၊ လက်ရှိ မြေယာဆိုင်ရာဥပဒေများကို National Land Law နှင့်အညီ ဖြစ်စေရန်၊ မြေယာနှင့်ပတ်သက်သည့် မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ လိုက်လျောညီထွေရှိစေရန် တစ်ခုတည်းသော စီမံခန့်ခွဲရေးစနစ် ထူထောင်ရန်၊ ခွဲခြားဆက်ဆံမှုမရှိသည့် မြေယာသိမ်းယူခြင်းစနစ် ဖြစ်စေရန်နှင့် မူဘောင်ခိုင်မာစေရန် ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် Land Acquisition Resettlement and Rehabilitation Law ကို ပြန်လည် ပြင်ဆင်ရန်၊ အားလုံးလက်ခံနိုင်သည့် လွတ်လပ်မှုရှိသော မြေယာအငြင်းပွားမှုဖြေရှင်းရေးစနစ် ထူထောင်ရန်၊ မြေအသုံးချမှုစီမံကိန်းမူဘောင်ရေးဆွဲရန်၊ ပမာဏကြီးမား သည့် စိုက်ပျိုးမြေခွဲဝေချထားရေးအတွက် ကြီးကြပ်ရေး နှင့် အစီရင်ခံရေးစနစ်ထူထောင်ရန်၊ မြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ နေသားတကျမရှိမီ အငြင်းပွားမှု ဖြစ်နေသည့် နေရာများတွင် ပမာဏကြီးမားသည့် မြေခွဲ ဝေချထားမှုများကိုရပ်တန့်ထားရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ဆက်စပ်နေသည့် ကိစ္စရပ်များကို စနစ် တကျ ကိုင်တွယ်ဆောင်ရွက်ရန် အကြံပြုထားသည်။

 

ထိုကဲ့သို့ အကြံပြုချက်များကို သုံးသပ်ကာ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းနိုင်မည့် မူဝါဒ လုပ်ငန်းစဉ်များကိုချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို တိုးတက်ကောင်းမွန်စေနိုင်မည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်ကောင်းများ ဖန်တီးရမည်ဖြစ်သည်။ OECD ၏ ပထမအကြိမ် ရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ်ချက်များ အရလည်း အဓိကကျသည့် အပြောင်းအလဲများကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကောင်းမွန်သော မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ကမ္ဘာကပါ လက်ခံခဲ့သည့် အတွေ့အကြုံကောင်းရရှိခဲ့ပြီးဖြစ်သည့်အတွက် ဒုတိယ အကြိမ် သုံးသပ်ချက်အပေါ်တွင် ကြိုဆိုဆောင်ရွက်ရမည် ဖြစ်သည်။

 

ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုတိုးတက်ကောင်းမွန်လာမှုမှ သည် နိုင်ငံ့စီးပွားပိုမိုခိုင်မာ တောင့်တင်းလာမှုဆီသို့ . . .

 

ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြောင့် မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ရှိနေသည်။ ယင်းအခြေအနေတွင် ရင်းနှီးမြှုပ်နှံမှုသည် ပြန်လည် ထူထောင်ရေးအတွက် အဓိကသော့ချက် ဖြစ်သည်။

ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုများကို အားပေးဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အတားအဆီးဖြစ်နေမှုများကို သိရှိပြီး ထိရောက်သည့် မူဝါဒများ ချမှတ်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ခြင်းသည် အလွန်အရေးပါလှသည်။

 

OECD ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ် ချက်ပါ အကြံပြုချက်များကို အထူးဂရုပြု၍ ရင်းနှီးမြှုပ်နှံ မှုဝန်းကျင် တိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းသည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု များကို တိုးတက်စေကာ မြန်မာပြည်သူလူထု၏ ဘဝများ တိုးတက်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကို ပြည့်မီစေရေးကို တစ်စိတ်တစ်ပိုင်းအားဖြင့် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဒုတိယအကြိမ် OECD ၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ချက်သည် စဉ်ဆက်မပြတ် တိုးတက်ရေးဖော်ဆောင်နေသည့် ရင်းနှီး မြှုပ်နှံမှု ဝန်းကျင်ကောင်းဖြစ်ပေါ်စေရန်အတွက် ရည်ညွှန်း စရာ အကြံပြုချက်များပါဝင်နေသည့် ကျမ်းတစ်ဆူဟုပင် တင်စားလိုက်ချင်သည်။ ။