ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနှင့် နိုင်ငံသားကောင်းများ၏စွမ်းအား

 

ဒီမိုကရေစီဟူသော   ဝေါဟာရသည်    မိမိတို့နိုင်ငံတွင် လွန်ခဲ့သော ၃၅ နှစ်ခန့်မှ စတင်၍ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က နိုင်ငံတွင် ကျင့်သုံးခဲ့သည့် တစ်ပါတီနိုင်ငံရေး၊ ဗဟိုဦးစီးစနစ်နှင့်စီမံကိန်းချ ဆိုရှယ်လစ်စီးပွားရေးတို့၏  မအောင်မမြင်ဖြစ်မှုများအပေါ် ပြည်သူလူထုက ငြီးငွေ့လာပြီး လိုလားနှစ်သက်ခြင်းမရှိတော့ ခြင်းနှင့်အတူ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး  အောင်မြင် နေသည့်   နိုင်ငံများကိုအားကျကာ  ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးဆီသို့ တိမ်းညွတ်လာကြခြင်းဖြစ်သည်။

 


 အတိုချုပ်၍ဆိုရလျှင် ပြည်သူအများ လိုလားခဲ့ကြသည့် ပါတီစုံဒီမိုကရေစီစနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းခြင်းနှင့်အတူ ပြည်သူလူထုက ရွေးကောက်တင်မြှောက် သည့် ဒီမိုကရေစီအစိုးရများလည်း ၂၀၁၁ ခုနှစ်မှ စတင် ပေါ်ပေါက်ခဲ့ရာ အစိုးရနှစ်ဆက်ရှိခဲ့ပြီဖြစ်သည်။  ဒီမိုကရေစီ သက်တမ်း ၁၀ နှစ်ကျော်  ကြာမြင့်ခဲ့ပြီဖြစ်သည့်  နိုင်ငံ၏ နိုင်ငံသားများအနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် မိမိတို့၏ အရေးပါသောအခန်းကဏ္ဍကို မှန်ကန်စွာ သိနားလည်ကြရန်  လိုအပ်သည်။ နိုင်ငံသားများကောင်းမှ အရည်အသွေးမြင့်မားမှ  သာလျှင်   နိုင်ငံကို    ကောင်းမွန်အောင်၊    မြင့်မားတိုးတက်အောင်     တည်ဆောက်နိုင်မည်ဖြစ်သည့်အလျောက် စိတ်ဓာတ်မြင့်မား သော၊   ဉာဏ်အမြော်အမြင်ရှိသော၊  စည်းကမ်းကောင်းမွန် သော၊  ဆင်ခြင်တုံတရားပြည့်ဝသော၊ လုံ့လဝီရိယရှိသော နိုင်ငံသားများအဖြစ် လေ့ကျင့်ပျိုးထောင်ရန် လိုအပ်သည်။

 


ဆန့်ကျင်ဘက်အားဖြင့်ဆိုလျှင် စိတ်ဓာတ်နိမ့်ကျသူများ၊ လူပျင်းများ၊ လူဖျင်းများ၊ စည်းမဲ့ကမ်းမဲ့နေသူများ၊ တစ်ဇွတ် ထိုးများ၊ တဇောက်ကန်းများ၊ ပါတီအစွဲ၊ ပုဂ္ဂိုလ်အစွဲကြီးသူ များဖြင့်   နိုင်ငံကို   မတည်ဆောက်နိုင်သည့်အပြင်   ဆင်းရဲ မွဲတေမှု၊ ပညာရေးနိမ့်ကျမှုနှင့် မကောင်းသည့် လူမှုထုံးဓလေ့ များပါ ပေါင်းစပ်သွားပါက နိုင်ငံကို ဇောက်ထိုးကျသွားသည် အထိ   ဆိုးရွားသွားနိုင်သည်။   အထူးသဖြင့်   ပါတီနိုင်ငံရေး တွင်  တွေ့ရလေ့ရှိသည့်  မိမိ၏ကိုယ်ကျိုးစီးပွား၊  မိမိပါတီ၏ အကျိုးစီးပွားကို အမျိုးသားအကျိုးစီးပွားထက်ပိုမို၍ ဦးစား ပေးခြင်း၊ နိုင်ငံရေးကျင့်ဝတ်ချိုးဖောက်ခြင်း၊  ဆင်ခြင်တုံတရား နည်းပါးစွာ လှုံ့ဆော်ခြင်းအားဖြင့်  လူထုအတွင်း  ဆန့်ကျင် ကွဲလွဲမှုများဖြစ်ပေါ်ကာ   ပဋိပက္ခများနှင့်   မတည်ငြိမ်မှုများ ဖြစ်ပေါ်ခြင်းတို့ကို ထိန်းကျောင်းနိုင်ရန်လည်း လိုအပ်သည်။

 


ဒီမိုကရေစီသည် ပြီးပြည့်စုံကောင်းမွန်သော စနစ်တစ်ခု မဟုတ်သည့်တိုင် လက်ရှိအခြေအနေ အချိန်အခါတွင် သူ့ထက် ကောင်းသည့်စနစ်မရှိသေး။  ဒီမိုကရေစီစနစ်ကို  ကျင့်သုံး သည့် နိုင်ငံများသည်လည်း မိမိတို့နှင့်ကိုက်ညီအောင်၊ ဆီလျော် အောင်  ပြုပြင်ကျင့်သုံးကြရခြင်းသာဖြစ်သည်။  ယခုအခါ မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဉ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သော ကြားကာလ  အခြေအနေတစ်ရပ်သို့   ရောက်ရှိနေပြီး   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက စစ်မှန်၍  စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး     ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်    ပြည်ထောင်စု ကို  တည်ဆောက်နိုင်ရေးဟူသော   နိုင်ငံရေးဦးတည်ချက် တစ်ရပ်ကိုလည်း  ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံသားကောင်းများ၏  ကာယ၊  ဉာဏ၊  ဝီရိယ စွမ်းအား များဖြင့်  ပူးပေါင်းပါဝင်  အားဖြည့်ဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။        ။