ဝေးလံခေါင်ဖျား ပြည်သူများအတွက် ထမ်းရွက်ခဲ့သည့် တာဝန်

 

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်ဖျားဒေသများ တွင် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက် မှု တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန် များအား ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်ကို ဇန်နဝါရီ ၁၃ ရက် က ကျင်းပခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ဝေးလံ‌ခေါင် ဖျားဒေသများမှာ သွားရေး  လာရေး ခက်ခဲသည့်အလျောက် ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေးသည့်နေရာ၊ ဆရာ ဝန်များ လိုအပ်လျက်ရှိသည့်နေရာ၊ ခေတ်အဆက်ဆက်တွင် ကျန်းမာရေးအဆင့်အတန်းနိမ့်ကျခဲ့သည့်           နေရာများပင်  ဖြစ်သည်။

 

 
အဆိုပါ ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထုကို      ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် တပ်မတော်သည် ၂၀၁၆ ခုနှစ်မှစတင်ကာ တပ်မတော်သား ဆေးမှူးအရာရှိများကို လေးကြိမ်ခွဲ၍ တစ်သုတ်ပြီး တစ်သုတ် စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ တပ်မတော်သား ဆရာဝန်များ သည် မိမိတို့ရောက်ရှိရာ ဒေသများတွင် မူလတာဝန်ဖြစ်သော ဒေသခံပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မား ရေးကိုသာမက ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ဒေသဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံပညာစာပေသင်ကြားရေး လုပ်ငန်းများတွင်လည်း   ပါဝင်ကူညီပေးခဲ့ကြပြီး   စေတနာ၊ မေတ္တာကို   ရောင်ပြန်ဟပ်သည့်အနေဖြင့်   ဒေသခံပြည်သူလူထု ၏   နွေးထွေးသော   တုံ့ပြန်မှုတို့ကို    ပြန်လည်ရရှိခဲ့ကြသည်။ ထို့အပြင် တပ်မတော်သားဆရာဝန်များနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များကလည်း တာဝန်ထမ်းဆောင်ရာ ဒေသများသို့  အတူတကွ လိုက်ပါကြပြီး ကျရာတာဝန်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြခြင်းဖြစ်ရာ ဒေသခံပြည်သူ တို့၏ လှိုက်လှိုက်လှဲလှဲကြိုဆိုမှုများကို ခံယူခဲ့ကြရသည်။

 


“မိမိတို့ တပ်မတော်သည် ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံ့အရေး၊ တိုင်းရင်းသားပြည်သူများအရေးတို့နှင့် ပတ်သက် ပါက အစဉ်အမြဲဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ထိုကဲ့သို့  ဆောင်ရွက်သည့်နေရာတွင်  တပ်မတော်၏ မူလ တာဝန်များဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ရွက်သည့်နည်းတူ ပြည်သူလူထုကျန်းမာရေးနှင့် ပညာ ရေးများကိုလည်း တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိ ကြောင်း” ဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    ဂုဏ်ပြုအမှာစကားတွင်     ထည့်သွင်း ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကျန်း မာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းကျဆင်း လျက်ရှိသကဲ့သို့ပင် မိမိတို့နိုင်ငံတွင်လည်း ကပ်ရောဂါဘေးဒဏ် အပြင်   နိုင်ငံရေးပဋိပက္ခကြောင့်  ကျန်းမာရေးဝန်ထမ်းအချို့ လုပ်ငန်းခွင် စွန့်ခွာခဲ့ကြရာ နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက် မှုကဏ္ဍမှာ   အားနည်းလစ်ဟာမှုများစွာ   ဖြစ်ပေါ်ခဲ့ရသည်။

 

ယင်းသို့ လျော့နည်းလစ်ဟာမှုများအတွက်  တပ်မတော်က ဆေးရုံ၊ ဆေးခန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးဝါး နှင့် ဆေးပစ္စည်းများဖြင့် ဝင်ရောက်ဖြည့်ဆည်းကာ သိန်းနှင့် ချီသော    ပြည်သူများကို  ကျန်းမာရေးပြုစုစောင့်ရှောက်မှု များ      ပေးနိုင်ခဲ့သည့်အပြင်    ဝေးလံခေါင်ဖျားဒေသများရှိ တိုင်းရင်းသား ပြည်သူလူထုကို ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးရန်  သွားရောက်ခဲ့သည့် တပ်မတော်သားဆရာဝန်များ အနက်မှ နှစ်ဦးမှာလည်း အကြမ်းဖက်သမားများ၏ တိုက်ခိုက် မှုကြောင့် ကျဆုံးခဲ့ကြရသည်။

 


သွားလာရန် ခက်ခဲပြီး လူသူအရောက်အပေါက်နည်းပါး သည့် ဝေးလံခေါင်ဖျားဒေသများသို့ သွားရောက်ကာ ပြည်သူ့ ကျန်းမာရေး၊   ပြည်သူ့အကျိုးပြုနှင့်  ဒေသဖွံ့ဖြိုးရေးတို့ကို ကိုယ်ရောစိတ်ပါ မေတ္တာ၊ စေတနာများဖြင့် ကြိုးပမ်းဆောင်ရွက် ပေးကြသည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုအပ် ပါကြောင်း။            ။