ကမ္ဘာတစ်ခွင် တွင်ကျယ်လာမည့် လျှပ်စစ်စွမ်းအင်သုံးကားများ

 

ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်ပေါင်း  ၁၀၀  ကျော်   သုံးစွဲလာခဲ့ သည့် ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများ၏ အနာဂတ်မှာ မှေးမှိန်စပြုနေပြီဖြစ်သည်။     ဒီဇယ်ဆီ၊   ဓာတ်ဆီ    စသော လောင်စာဆီများ  ထုတ်လုပ်သည့် (Fossil Fuel) ခေါ် ရုပ်ကြွင်း လောင်စာများမှာ   ပမာဏအကန့်အသတ်ဖြင့်သာရှိနေခြင်း ဖြစ်ရာ လာမည့်ဆယ်စုနှစ်ပေါင်း  သုံးခုမှ ငါးခုမျှကာလအတွင်း ကုန်ဆုံးသွားတော့မည်ဟု  ပညာရှင်များက  တွက်ဆထားကြ ပြီး  အခြားသော  စွမ်းအင်အရင်းအမြစ်များကို   အစားထိုးသုံးစွဲ ရန် ကြိုးပမ်းနေကြရပြီဖြစ်သည်။  ထို့အပြင်  မျက်မှောက်ကမ္ဘာ့ နိုင်ငံရေးအခြေအနေများနှင့်     ရုပ်ကြွင်းလောင်စာစွမ်းအင် အကျပ်အတည်းများကလည်း ဒီဇယ်ဆီ၊ ဓာတ်ဆီသုံးမော်တော် ယာဉ်များအစား    လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ ထုတ်လုပ်သုံးစွဲရန် တွန်းအားတစ်ရပ်ဖြစ်လာသည်။ 

 


ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်တွင် ဘက်ထရီလျှပ်စစ် သုံးအင်ဂျင်ကားများကို ပိုမိုတောင်းဆိုလာရာ ကမ္ဘာ့ကားထုတ် လုပ်သည့်နိုင်ငံများက EV ဟု အတိုကောက်ခေါ်သည့် လျှပ်စစ် ကားများ၏ စွမ်းဆောင်ရည်ကို  မြှင့်တင်ခြင်း၊  EV ကားများ အတွက်   ဘက်ထရီများ  ထုတ်လုပ်မှုစရိတ်   လျှော့ချနိုင်ရန် သုတေသနပြုခြင်းများ    အပြိုင်အဆိုင်ပြုလုပ်ခဲ့ကြခြင်းဖြင့် EV ကား ဈေးကွက်မှာ တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်လာလျက် ရှိသည်။   EV  ကားများသည်  ဘက်ထရီလျှပ်စစ်စွမ်းအင်ကို အသုံးပြုခြင်းကြောင့် ဆူညံသံနှင့် အခိုးအငွေ့ထုတ်လွှတ်မှု မရှိ သည့်အတွက်   သဘာဝပတ်ဝန်းကျင်ကို   ထိခိုက်မှုအနည်းဆုံး ဖြစ်ခြင်း၊   ရုပ်ကြွင်းလောင်စာ     စွမ်းအင်သုံးကားများနှင့် နှိုင်းယှဉ်ပါက ခရီးတစ်မိုင်အတွက်  ကုန်ကျစရိတ် ခြောက်ဆ ခန့် လျော့နည်းသက်သာခြင်း  အစရှိသည့် အားသာချက်များ ရှိသည်။ အိမ်သုံးမော်တော်ယာဉ်ငယ်များအဖို့  အိမ်သုံးမီတာ ဖြင့်ပင် ဘက်ထရီအားသွင်းနိုင်ပြီး လမ်းခရီးတွင်လည်း အများသုံး အားသွင်းစက်များ   (Public Charging Stations)    တွင် အားသွင်းနိုင်သည်။   သုတေသနနှင့်  ဖွံ့ဖြိုးရေးအစီအစဉ်များ ကြောင့်   ဘက်ထရီအားသွင်းချိန်များမှာလည်း   နာရီပိုင်းပင် မကြာတော့ဘဲ လျော့နည်းလာလျက်ရှိနေသည်ဟု နိုင်ငံတကာ သတင်းများတွင် တွေ့ရှိရသည်။

 


မိမိတို့နိုင်ငံတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “Public  Transportation အတွက် ခရီးတိုမြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ်ဘတ်စ်ကားများ တင်သွင်းထုတ် လုပ်အသုံးပြုနိုင်ရေးအတွက်  ပြည်တွင်း/  ပြည်ပ ရင်းနှီးမြှုပ်နှံမှု များဖိတ်ခေါ်၍     ဆောင်ရွက်ရန်”    လမ်းညွှန်ချက်ဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းအကောင် အထည်ဖော်လျက်ရှိသည်။ အဆိုပါ ဦးဆောင်ကော်မတီက “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးမူဝါဒ” ကို ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်ကို EV ယာဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး  Pilot Project  ကာလအဖြစ် သတ်မှတ်ကာ EV ယာဉ်များ တင်သွင်း/ထုတ်လုပ်ရေး၊   အများသုံး   Level - 3   အဆင့် Charging  Station   များ  တည်ဆောက်ရေးတို့အပါအဝင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

 


မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ကမ္ဘာ့  EV   ကားထုတ်လုပ်သည့်  ထိပ်တန်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံကလည်း  EV ကား ဈေးကွက် မြှင့်တင်မှု      ပြုလုပ်လျက်ရှိသည်။   မိမိတို့နိုင်ငံအနေဖြင့် အများပြည်သူသွားလာရေးအတွက်    တက္ကစီနှင့် ဘတ်စ်များကို   လျှပ်စစ် စွမ်းအင်သုံးယာဉ်များအဖြစ်    တင်သွင်းသုံးစွဲခြင်းမှ အစပြုကာ ရေရှည်တွင် ပြည်တွင်း၌   တပ်ဆင်ထုတ်လုပ်မှုများ ပြုလုပ်နိုင်ရန်    အမျိုးသားအဆင့်   ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်နေခြင်းသည်     နိုင်ငံတော်နှင့်   ပြည်သူ အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။      ။