ပန်းတနော်မြို့နယ်၌ လေပြင်းတိုက်ခတ်၊ လူနေအိမ် ၂၂ လုံး ပြိုကျပျက်စီး

 

ပန်းတနော်     ဖေဖော်ဝါရီ     ၁၈


ဧရာဝတီတိုင်းဒေသကြီး  ပန်းတနော်မြို့နယ်၌   ရုတ်တရက်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ ည ၇ နာရီ  က လူနေအိမ် ၂၂ လုံး ပြိုကျပျက်စီးခြင်းနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။

 


အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အိုင်ကနူးကျေးရွာနှင့် နှဲကောကျေးရွာတွင် လူနေအိမ် နှစ်လုံး၊ အိမ်ထောင်စု နှစ်စု၊  ဂျို့အိုင်ကျေးရွာနှင့် ဇီးပင်ကျေးရွာတွင်  လူနေအိမ် ခုနစ်လုံး၊ အိမ်ထောင်စု ခုနစ်စု၊ အလွတ်ဝကျေးရွာတွင် လူနေအိမ် ရှစ်လုံး၊  အိမ်ထောင်စု ရှစ်စု၊ ကျုံလမ်းကျေးရွာတွင် လူနေအိမ် သုံးလုံး၊  အိမ်ထောင်စု သုံးစု၊ ငှက်ပျောတောကျေးရွာတွင်  လူနေအိမ်  နှစ်လုံး၊ အိမ်ထောင်စုနှစ်စု   စုစုပေါင်း   လူနေအိမ်  ၂၂ လုံး ပြိုကျပျက်စီးခြင်းနှင့်    တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း    သိရ သည်။


ပြည့်ဖြိုးကျော်(ပြန်/ ဆက်)