နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Image not available
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က
ပြည်ထောင်စုနေ့ အထိမ်းအမှတ်
ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
===========================================================
နေပြည်တော် ဖေဖော်ဝါရီ ၁၂
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီးဒေါ်ချိုချိုတို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြု ညစာစားပွဲအခမ်းအနား ကျင်းပ သည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက် ကြသည်။
 
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင် များနှင့်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများနှင့် ခေါင်းဆောင် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်သည်။
 
ဖျော်ဖြေတင်ဆက်
 
ညစာသုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်တွဲဖက်၍ ပြည်ထောင်စု တိုင်းရင်းသား တိုင်းရင်းသူများနှင့် တေးသံရှင်များက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုညစာစားပွဲသို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက် ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် များ၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများနှင့်ခေါင်းဆောင် များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
 
ကြည့်ရှုအားပေး
 
ဂုဏ်ပြုညစာစားပွဲ အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ညစာစားပွဲသို့ တက်ရောက်လာကြ သည့် ဧည့်သည်တော်များနှင့်အတူ မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံ၌ ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနု ပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအကအဖွဲ့ များ၏ တိုင်းရင်းသားရိုးရာ အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှုအားပေးကြသည်။
 
သတင်းစဉ်