
နေပြည်တော် ဖေဖော်ဝါရီ ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသစ်တောဦးစီးဌာနသည် တရား မဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့ လာသော စာရင်းများအရ တရား မဝင် ကျွန်း ၆၇ ဒသမ ၈၁၀၆ တန်၊ သစ်မာ ၃၇ ဒသမ ၁၅၀၀ တန်၊ အခြား ၃၆ ဒသမ ၅၁၆၀ တန် စုစုပေါင်း ၁၄၁ ဒသမ ၄၇၆၆ တန်၊ ယာဉ် / ယန္တရား ၁၃ စီး၊ တရားခံ ၂၁ ဦး ဖမ်းဆီးရမိခဲ့ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ သတင်းစဉ်