တရားမဝင် ခဲသတ္တုများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဓာတုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး       ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူ နိုင်ရေး    ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ   ၁၉    ရက်တွင်  တနင်္သာရီတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့    ဦးဆောင် သော   ပူးပေါင်းအဖွဲ့က  သတင်း အရ  ထားဝယ်မြို့ ကျောက်မော် ရပ်ကွက်   ကျန်းမာရေးလမ်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့မှ   မြိတ်မြို့ဘက်သို့ မောင်းနှင်လာသော  မော်တော် ယာဉ်တစ်စီးပေါ်တွင် ရော်ဘာချေး များဖြင့် ဖုံးအုပ်လျက် သယ်ဆောင် လာသော         တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံ တစ်ရာ   တင်ပြနိုင်ခြင်း  မရှိသည့် ခဲမဖြူ/  အဖြိုက်နက်  ခဲသတ္တု ပိဿာ   ၃၀၈၀   ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၉၄၀၀၀၀၀နှင့် အဆို ပါ ခဲသတ္တုများ တင်ဆောင်လာ သော   မော်တော်ယာဉ်  တစ်စီး ခန့်မှန်းတန်ဖိုး        ငွေကျပ် ၁၇၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၆၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ  အရေးယူဆောင် ရွက်လျက်ရှိသည်။ 

 


ထောက်ခံချက်မပါရှိ


ထို့အတူ ဖေဖော်ဝါရီ ၂၀ ရက် တွင်  အကောက်ခွန်ဦးစီးဌာန၏ စီံမံခန့်ခွဲမှုဖြင့်   ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်/ ဆိပ်ကမ်း များမှ    တာဝန်ကျစစ်ဆေးရေး အဖွဲ့များက      စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ     မြန်မာစက်မှု ဆိပ်ကမ်း  ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံး အတွင်းမှ သွင်းကုန် ကြေညာလွှာ (ID)  တွင်   ကြေညာထားခြင်း မရှိသည့် Gas Spring  ၄၄၀ ကီလို ဂရမ် အပါအဝင် ကုန်ပစ္စည်း လေး မျိုး၊       သွင်းကုန်လိုင်စင်နှင့် ထောက်ခံချက်         မပါရှိသည့်  Barium Sulfate ၁၄၅၀ကီလိုဂရမ် ခန့်မှန်းတန်ဖိုး         ငွေကျပ် ၁၄၃၃၉၁၂၅   ကိုလည်းကောင်း၊  အေးရှားဝေါလ်          ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ       သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသော ပရိဘောဂပစ္စည်းများ   ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁၆၂၁၆၀၀  ကို လည်းကောင်း၊            ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်၌ ခရီးသည်  ဝန်စည်များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင်          စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လက်ကိုင်စကားပြော စက် ခြောက်စုံနှင့် မိုဘိုင်းလ်ဖုန်း (အဟောင်း) အလုံး၂၀ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၅၀၀၀၀ ကို လည်းကောင်း စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၅၁၀၇၂၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်  လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ     ဆောင်ရွက်လျက် ရှိသည်။

 


ဖမ်းဆီးရမိအရေးယူ


အလားတူ  ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတား (ဘားအံ) ပူးပေါင်း စစ်ဆေးရေးဂိတ်၌   တာဝန်ကျ ပူးပေါင်း    စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ခရီးသည်တင်    မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထား တစ်စုံ တစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်       ပစ္စည်းများ (ခန့်မှန်းတန်ဖိုး         ငွေကျပ် ၁၁၆၄၀၀၀၀) ကို လည်းကောင်း၊ Honda Wave Alpha အမျိုးအစား ဆိုင်ကယ် ခုနစ်စီး၊ Honda PCX 160 အမျိုးအစား ဆိုင်ကယ် နှစ်စီး၊ Honda Click 160 အမျိုးအစား ဆိုင်ကယ် သုံးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၆၀၀၀၀၀) ကိုလည်း ကောင်း၊   အဆိုပါ  ပစ္စည်းများ တင်ဆောင်လာသည့်   Golden Dragon   Bus   အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၄၂၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်          အညီ အရေးယူ   ဆောင်ရွက်လျက်ရှိ သည်။

 


လုပ်ထုံးလုပ်နည်းနှင့်အညီ 


ယင်းအပြင်   အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်  ရှမ်း ပြည်နယ် ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်းမှ  လှည့်ကင်းတာဝန်ကျ ပူးပေါင်းအဖွဲ့က   သတင်းအရ စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ သိန္နီမြို့နယ်   (ပန်စုံကျေးရွာမှ စံလောင်းကျေးရွာ) ရှောင်ကွင်း လမ်းအနီးတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်   တစ်စီးပေါ်မှ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိ သည့် စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၅၇၅၀၀၀)နှင့် အဆိုပါ  ပစ္စည်းများ တင်ဆောင် လာသည့် မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး         ငွေကျပ် ၁၁၀၀၀၀၀၀) စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၅၇၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်   လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ        ဆောင်ရွက်လျက်ရှိ သည်။

 


ဖမ်းဆီးရမိမှု စုစုပေါင်း 
အမှုတွဲ ၁၃ မှု


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ   ၁၉ ရက်နှင့် ၂၀ ရက် တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုး           ငွေကျပ် ၃၅၁၇၂၅၇၂၅)        ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး          ဦးဆောင်ကော်မတီမှ သိရသည်။               
 

သတင်းစဉ်