သင်္ဃန်းကျွန်းမြို့နယ်၌ ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်အောက်ခြေ ဝင်ရောက်တိုက်မိသဖြင့် အမျိုးသားတစ်ဦး သေဆုံး

နေပြည်တော် ဖေဖော်ဝါရီ ၂၁


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်က သံသုမာလမ်းအတိုင်း အရှေ့မှ  အနောက်သို့   တာမွေမြို့နယ်    မေတ္တာညွန့်ရပ်ကွက်နေ   ကိုကိုကျော် (  ၄၅)နှစ် မောင်းနှင်လာသော YGN 2L-XXXX Ractis   ခဲရောင်ယာဉ်သည်    ဘောက်ထော်     တံတားအနီးအရောက်တွင်   အရှိန်မထိန်းနိုင်ဘဲ    လမ်းယာဘက်ရှိ  ဓာတ်တိုင်အောက်ခြေကွန်ကရစ်တုံးကို ဝင်ရောက် တိုက်မိခဲ့သည်။

 


ယာဉ်တိုက်မှုကြောင့် ကိုကိုကျော်တွင် ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌   သေဆုံးသွားခဲ့ပြီး   သုဝဏ္ဏနယ်မြေရဲစခန်းက  အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။                                    

ရဲပြန်ကြား