
နေပြည်တော် ဖေဖော်ဝါရီ ၂၂
အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့မှ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ သက်ဆိုင်ရာဌာနများသို့ ကျန်းမာ ရေး စစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်းများ စီစဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် လူမှုဖူလုံရေးရုံးခွဲမှ ရွေ့လျား ဆေးကုသယာဉ်ဖြင့် နေပြည် တော်(တပ်ကုန်း)ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသို့ လာရောက် ၍ လူမှုဖူလုံရေးအသင်း ဝင်ရောက် ထားသည့်ဝန်ထမ်းများ (အာမခံ အလုပ်သမားများ)ကို ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးသည်။(အောက်ပုံ)
ထိုသို့ ဆောင်ရွက်ရာတွင် ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၀ က နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ လူမှုဖူလုံရေးအသင်း ဝင်ရောက် ထားသည့်ဝန်ထမ်းများ (အာမခံ အလုပ်သမား) ၁၀၀ ကျော်ကို ရောဂါများ စစ်ဆေးနိုင်ရန် သွေးဖောက်စစ်ဆေးခြင်း၊ နှလုံး ခုန်နှုန်း တိုင်းတာစစ်ဆေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်းများနှင့် လိုအပ် သည့် ဆေးဝါးများပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
လူမှုဖူလုံရေး အဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို မြို့နယ် ပေါင်း ၁၁၉ မြို့နယ်ရှိ အကျုံးဝင် အာမခံ အလုပ်သမားပေါင်း ၁ ဒသမ ၂၃ သန်းခန့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ် သမားဆေးရုံကြီး သုံးရုံ၊ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးခွဲပေါင်း ၉၉ ရုံ၊ မြို့နယ် ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၅၇ ခန်း၊ PPS စနစ်ဖြင့် Fee for Services Payment ဆေးခန်း ၁၂ ခန်း၊ Capitation Payment ဆေးခန်း ၂၅ ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှု ဆေးခန်း ရှစ်ခန်းနှင့် တိုင်းရင်း ဆေးကုခန်း တစ်ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ် နှစ်စီး ဖြင့် ဆေးကုသမှုများကို အကောင်အထည်ဖော် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်