ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဟာဗီရာပီရပ်စ် ဒီ ကွေးလျား အသက် ၁၀၀ တွင် ကွယ်လွန်

Image not available
လီမာ    မတ်    ၅
 
အီရန်-အီရတ် စစ်ပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ရရှိရေး ကြားဝင်  ဆောင်ရွက်ခဲ့မှုအပါအဝင် ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများ အတွက်     လူသိများထင်ရှားခဲ့သည့်  ကုလသမဂ္ဂ    အကြီးအကဲဟောင်း ပီရပ်စ် ဒီ ကွေးလျားသည် အသက် ၁၀၀ အရွယ်၌ ၎င်း၏ဇာတိ ပီရူးနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း  ၎င်း၏ သားက  ပြောကြားသည်။ 
 
ပီရပ်စ်   ဒီ ကွေးလျားသည် ကုလ သမဂ္ဂ   အတွင်းရေးမှူးချုပ်အဖြစ်  ၁၉၈၂ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။  ပီရပ်စ် ဒီကွေး လျားသည်     ပင်ကိုစရိုက်အရရော  အသက်မွေးမှုလုပ်ငန်းအရပါ   စစ်ဆန့် ကျင်ရေးဝါဒီဖြစ်သည်ဟု မကြာခဏ ညွှန်းဆိုဖော်ပြခြင်းခံခဲ့ရသည်။
 
ထိုအချိန်က ထွန်းလင်းတောက် ပြောင်ဆုံး     ပီရူးနိုင်ငံ သားများအနက်မှ တစ်ဦးဖြစ်သည်ဟု ၎င်း၏ နိုင်ငံသား များက ချီးကျူးခဲ့ကြသည့်  ပီရပ်စ် ဒီ ကွေးလျားသည်      ကမ္ဘာတစ်လွှား ငတ်မွတ်ခေါင်းပါးမှု  တိုက်ဖျက်ရေး၊  ရှစ်နှစ်ကြာ    အီရန်-အီရတ်စစ်ပွဲ ကုလသမဂ္ဂက ကြားဝင်၍   ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခဲ့ ရသည့် အယ်ဆာ ဗေဒို  ပြည်တွင်း စစ်ပွဲကာလများတစ်လျှောက် ကုလ သမဂ္ဂကို ဦးဆောင်ခဲ့သည်။
 
မိမိ၏  ဖခင်သည်     ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၈ နာရီ ၉ မိနစ်          (ဂရင်းနစ် စံတော်ချိန်  ကြာသပတေးနေ့ နံနက် ၁ နာရီ ၉ မိနစ်) တွင် ကွယ်လွန် သွားကြောင်း      ပီရပ်စ် ဒီ ကွေးလျား၏ သားဖြစ်သူ ဖရန်စစ္စကို ပီရပ်စ် ဒီ ကွေး လျားက RPP ရေဒီယိုဌာနသို့ ပြော ကြားသည်။
ပီရပ်စ် ဒီ ကွေးလျားသည် စစ်မက် ဖက်ပြိုင်နေသည့်      အဖွဲ့များကို  ပြန်လည်သင့်မြတ်စေရန် ၎င်း၏ကြိုးစားအားထုတ်မှုများကြောင့် လူသိများ ထင်ရှားသည်။ 
 
ကိုးကား- အေအက်ဖ်ပီ  
ဘာသာပြန်  အောင်ဇော်လင်း