ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဂျပန်ခရီးစဉ် ရွှေ့ဆိုင်း

Image not available
တိုကျို   မတ်   ၅
 
ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ကူးစက်ပျံ့နှံ့မှု  ကာကွယ် တားဆီးရေးသည် ဂျပန်နှင့် တရုတ်နှစ်နိုင်ငံစလုံးအတွက် လတ်တလော အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ရာ ယခုနှစ် နွေဦးရာသီ၌ ဂျပန်နိုင်ငံသို့သွားရောက်လည်ပတ်ရန် တရုတ် သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံတော်အဆင့် ခရီးစဉ်ကို ရွှေ့ဆိုင်း လိုက်ကြောင်း ဂျပန်အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိ သူက ယနေ့ပြောကြားသည်။
 
ပြန်လည်စီစဉ်သွားမည်
 
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံတော်အဆင့် ဂျပန် ခရီးစဉ်ကို နှစ်နိုင်ငံစလုံးအတွက် အဆင်ပြေသည့်အချိန်တွင် ပြန်လည်စီစဉ်သွားမည်ဖြစ်ကြောင်း         ဂျပန်အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ယိုရှီဟိဒယ်က တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားသည်။
 
ဂျပန်နှင့် တရုတ်နိုင်ငံတို့အတွက် လက်ရှိအကြီးမား ဆုံး စိန်ခေါ်မှုတစ်ခုမှာ   ကိုရိုနာဗိုင်းရပ်စ်    ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေးပင်ဖြစ်ပြီး  ယင်းဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ဦးစားပေးဆောင်ရွက်ရန်  လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
 
ယမန်နှစ်က အိုဆာကာမြို့တွင် ကျင်းပပြုလုပ်သည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးအတောအတွင်း ဂျပန်ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးက တရုတ်သမ္မတ ရှီကျင့်ဖျင်အား ဂျပန် နိုင်ငံသို့ လာရောက်လည်ပတ်ရန် တရားဝင်ဖိတ်ကြားခဲ့ပြီး နောက် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ယခုနှစ် နွေဦးရာသီတွင် ဂျပန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်လည်ပတ် မည်ဟု မျှော်လင့်ရသည်။ 
 
သမ္မတဟောင်း ဟူကျင်တောင်သည် တရုတ်သမ္မတ တစ်ဦးအနေဖြင့် ၂၀၀၈ ခုနှစ်က ဂျပန်နိုင်ငံသို့ နောက်ဆုံး အကြိမ်အဖြစ်   သွားရောက်လည်ပတ်ခဲ့ပြီး  ယခုနှစ်နွေဦး ရာသီကာလ   သမ္မတ  ရှီကျင့်ဖျင်၏   ဂျပန်ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးနွေးထွေးမှု၏ အဓိကလက္ခဏာ တစ်ခုအဖြစ် ပြည်သူများကမျှော်လင့်ကြသည်။
 
ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျက်ရှိသော်လည်း  တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ဂျပန်ခရီးစဉ်သည် အတည်ဖြစ်သည်ဟု ဂျပန်အရာရှိများက ပြီးခဲ့သည့်သီတင်းပတ်များတွင် အခိုင် အမာပြောဆိုခဲ့ကြသည်။ သို့သော် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်နေ့တခြား များပြားလာသောကြောင့် ယင်းခရီးစဉ်ကို ပြန်လည်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
 
ကမ္ဘာ့နိုင်ငံနှင့် နယ်ပယ်ပေါင်း ၈၁ ခုသို့ ကူးစက်ပျံ့နှံ့ သွားသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူဦးရေမှာ ၉၅၀၀၀ ကျော်အထိ  မြင့်တက်လာပြီး     ၎င်းတို့အနက် လူ ၃၂၀၀ သည် အဆိုပါဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
 
ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန်-ဂျေတီ