အမိမြေပေါ်ပြန်လည်ခြေချလာနိုင်ခဲ့သည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးနှင့် ၎င်းတို့၏မိသားစုဝင်များ ပြန်လည်ဆုံစည်း ကြရသည့်သတင်းက ကြည်နူးဝမ်းမြောက်စရာပင်ဖြစ် သည်။ သူတို့အားလုံးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ပိတ်မိနေခဲ့ကာ ဒုက္ခမျိုးစုံ ကို ခံစားခဲ့ကြရသူများလည်း ဖြစ်သည်။ မိသားစုများ ဘဝ ရပ်တည်နိုင်ရေးအတွက် တစ်ပြည်ရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြရာမှ ဒုက္ခကြုံတွေ့ခဲ့ရသူများတွင် မြန်မာပြည်ဖွား တိုင်းရင်းသားများ ပါဝင်နေသည်။ ၎င်းတို့ နေရပ်ပြန်နိုင်ရန်အတွက် မည်သူဖြစ်ကြောင်း သက်သေ လက်မှတ်(C of I) ထုတ်ယူထားရှိသူများဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါရှိ မရှိ ဆေးစစ်အောင်မြင်ပြီးသူများတို့ ကို တပ်မတော်(ရေ) မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ စစ်ရေယာဉ်(ဆင်ဖြူရှင်) တို့ဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ထွက်ခွာကာ သွားရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မွေးရပ်နိုင်ငံဆီသို့ ပြန်လည်ရောက်ရှိလာကြသူများ၏ ရေခြားမြေခြား ဒုက္ခအတွေ့အကြုံများနှင့် မိသားစုများနှင့် ပြန်လည်တွေ့ဆုံကြသည့်အချိန် ဝမ်းမြောက်ဝမ်းသာကြည်နူး မှုတို့က မြင်ရကြားရသူအပေါင်း စိတ်လှုပ်ရှားစရာ၊ စုတ်တ သပ်သပ်နှင့် ကရုဏာသက်စရာ၊ မုဒိတာပွားဖွယ်ရာဖြစ် သည်။ သို့ရာတွင် တပ်မတော်ရေယာဉ်များဖြင့် မိမိနိုင်ငံသူ နိုင်ငံသားများကို သွားရောက်ခေါ်ယူနေစဉ်အတွင်း ထွက် ပေါ်လာသည့် သတင်းများတွင်မူ တစ်ချက်မျှပင် အကောင်း မပါ။ လူ့အခွင့်အရေးအမည်ခံအဖွဲ့များက ဒုက္ခသည်များ အရေး စိုးရိမ်မိကြောင်း ပြောသူကပြော၊ မြန်မာ့တပ်မတော် က သွားရောက်ခေါ်ယူမှု မအောင်မြင်ခြင်းကြောင့် အရှက် တကွဲ အကျိုးနည်း ဖြစ်သွားကြောင်း မမှန်သတင်းရေးသူ ရေးနှင့် သတင်းဆိုးများကိုသာ ပြည်သူတို့ ဖတ်ရှုကြားသိခဲ့ ကြရသည်။ မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် မိမိတို့နိုင်ငံသားများ ထိန်းသိမ်းခံနေရစဉ်အတွင်း ဒုက္ခမျိုးစုံ ကြုံတွေ့နေခဲ့ရစဉ်ကမူ မည်သည့်လူ့အခွင့်အရေးအဖွဲ့ အစည်းကမျှ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားသူမရှိခဲ့။ နေရပ်ပြန်သည့် မြန်မာများကို မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ်ကြီးများပေါ်တွင် နွေးထွေးစွာကြိုဆို၊ စနစ် တကျနေရာချထားပေး၊ မေတ္တာ စေတနာအပြည့်ဖြင့် ကျွေးမွေး၊ လမ်းခရီးတစ်လျှောက်လုံခြုံရေး၊ စားသောက် နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့နှင့် အတူ လိုက်ပါလာသူ မြန်မာတို့ ပျော်ရွှင်ကြည်နူးမှု၊ ဝမ်းမြောက်မှုပုံရိပ်များကို သတင်းအမှန်များတွင် မျက်ဝါး ထင်ထင် မြင်တွေ့ပြီးသည့်နောက် သတင်းတု၊ သတင်း ယောင်၊ သတင်းမှားတို့ နေလာနှင်းပျောက် ဆိုသကဲ့သို့ ပျောက်ကွယ်သွားကြသည်။
နိုင်ငံရေးအရ ညစ်ညမ်းတိုက်ကွက်များဖြစ်သော မြန်မာနိုင်ငံသားမဟုတ်သူများကို ခေါ်ဆောင်လာခြင်းဖြစ် သည်ဆိုသည့် လုပ်ကြံသတင်းမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်း ရှိ မရှိ စစ်ဆေးခြင်းမပြုဘဲ ခေါ်ဆောင် လာပြီး မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ထပ်မံဖြစ်ပေါ် လာအောင် ပြုလုပ်သည်ဆိုသည့် သတင်းတု၊ သတင်း ယောင်မျိုးတို့မှာလည်း နှုတ်ဆိတ်ငြိမ်သက်သွားကြသည်။ လက်ရှိအခြေအနေတွင်မူ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ ၁၀၈၆ ဦးတို့ကို တပ်မတော်မှ ဖွင့်လှစ်ထားသည့် ကွာရန် တင်းစင်တာများတွင် ကိုဗစ်-၁၉ ကင်းစင်မှုအတွက် စနစ် တကျ စောင့်ကြည့်လျက်ရှိသည်။ ယင်းနောက် နေရင်း ရပ်ရွာများဆီ ပြန်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိရေးတို့ကို ဆောင်ရွက်ပေးသွားဦးမှာ ဖြစ်သည်။
မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်နေသူများအား ပြန်လည်ခေါ်ယူ ရေးမှာ အတားအဆီး၊ အခက်အခဲ၊ အနှောင့်အယှက်များ ရှိခဲ့သည်။ သို့ရာတွင် မိမိတို့နိုင်ငံသား တိုင်းရင်းသားများ နိုင်ငံရပ်ခြားတွင် ဒုက္ခကြုံတွေ့နေရသည့်အပေါ် တပ်မတော် ၏ ဇွဲလုံ့လဖြင့် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်မှုများ ကြောင့် ယခုကဲ့သို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းက မိမိ နိုင်ငံသား တိုင်းရင်းသားပြည်သူများအပေါ် ထားရှိသည့် မေတ္တာနှင့် စေတနာသက်သေများဟု ဆိုရမည်ဖြစ်ပါ ကြောင်း။ ။