CDMလှုပ်ရှားမှုကြောင့် ဘဏ်လုံခြုံရေးစိုးရိမ်လို့လား၊ ဝန်ထမ်းအခက်အခဲကြောင့်လား၊ ဘဏ်လုပ်ငန်းရှင်တွေကိုယ်တိုင် CDM လှုပ်ရှားမှုပါဝင်နေကြလို့ ပိတ်ထားတာလား၊ ပြည်သူတွေက တိကျတဲ့အဖြေတစ်ခုခုတော့ သိချင်နေကြပြီ

Type

အင်တာဗျူး - ကောင်းကင်မေ

နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုကို  မလိုလား၊ မရှုဆိတ်သော ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလုပ်စားသူများသည် CDM (Civil Disobedience Movement) လှုပ်ရှားမှုကို အကြောင်းပြုကာ နိုင်ငံတစ်ဝန်း ဌာနဆိုင်ရာ ဝန်ထမ်းထု၏ အနာဂတ်ဘဝများကို အမှောင်ထုထဲ မရမက သွတ်သွင်း၍ ရိုက်ချိုးခဲ့ကြသည်။  ဝန်ထမ်းအချို့ ဘဝနှင့်ရင်းလိုက်ရသူများရှိသကဲ့သို့ အနည်းငယ်ထိခိုက်သူများ၊ ပွန်းပဲ့သူများ၊ လုံးဝထိခိုက်နာကျင်မှုမခံစားရသူများ ၊ အမှား/ အမှန်ခွဲခြားကာ အမြင်မှန် ပြန်လည်ရုန်းထွက်ခဲ့သူများ၊ အစကတည်းက နားမယောင်ကြသူများ စသည်ဖြင့် အမျိုးမျိုးရှိခဲ့သည်။ ဝန်ထမ်းထုများအကြား ယင်းသို့ ကွဲလွဲမှုများသည် တစ်ခဏတာမဟုတ်ဘဲ တစ်ဘဝစာ သမိုင်းမှတ်ကျောက်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ယင်း CDM လှုပ်ရှားမှုကြောင့် ဝန်ထမ်းထုအကြား ရရှိကြုံတွေ့ခဲ့ရသည့်  အဖြစ်ဆိုးမျိုးကို နောင်တစ်ချိန် တိုင်းပြည်တာဝန် ထမ်းဆောင်ကြရမည့် နောင်လာနောက်သား မျိုးဆက်သစ်များနှင့် အနာဂတ်နိုင်ငံ့ကြယ်ပွင့်များ  သိရှိဆင်ခြင်နိုင်စေဖို့ တွေ့ဆုံမေးမြန်းခဲ့ရသမျှကို ပြန်လည်ရေးသား ဖော်ပြလိုက်ပါသည်-
ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေအနေနဲ့ သိသင့်
“ နိုင်ငံရဲ့ လတ်တလော CDM လှုပ်ရှားမှုတွေ ကြောင့် ပုဂ္ဂလိကဘဏ်တွေပိတ်ထားတာနဲ့ ပတ်သက် ပြီး  ပြည်သူတွေအကြား အတော်လေးကို ငွေကြေး လည်ပတ်မှုက ဂယက်ရိုက်နေပြီ။ အခုဆို ဦးတို့မိသား စုက ပုဂ္ဂလိကဘဏ်တစ်ခုမှာ  ကျန်းမာရေးစောင့် ရှောက်မှုအရ အရေးပေါ်ငွေလိုရင် အဆင်ပြေအောင် ရည်ရွယ်ပြီး ငွေစုထားတာ၊ အခုဘယ်လိုမှကို ထုတ်လို့ မရဘူးဖြစ်နေတယ်။  တကယ်ချမ်းသာတဲ့သူတွေလို ပိုလျှံလို့ ဘဏ်မှာထည့်ထားတာ မဟုတ်ဘူး။   ပြီးခဲ့တဲ့ ရက်တုန်းကဆို  အမျိုးသမီးက အရေးပေါ် ကျန်းမာ ရေးကြောင့် ဆေးရုံတက်လိုက်ရတော့  ငွေကြေး အတော်လေးကို အခက်အခဲဖြစ်ခဲ့တာ။ ATM ကတ် တွေကလည်း ငွေထုတ်တဲ့လူများလို့   ငွေမရှိတာ      လား၊ ဘာကြောင့်မှန်းကိုမသိဘူး   ထုတ်လို့မရတာ များနေတယ်။ တိုင်းပြည်ရဲ့  အခြေအနေတစ်ရပ် ကြောင့် အခုလို ပုဂ္ဂလိကဘဏ်တွေ လုပ်ငန်းလည်ပတ် မှုရပ်ဆိုင်းနေတာက  တကယ်တော့ ပြည်သူတွေပဲ အထိနာတာ။ ဒါတွေကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် တွေအနေနဲ့ သိသင့်တယ်။ သိလည်းသိမယ်လို့ ထင်ပါ တယ်။ CDM လှုပ်ရှားမှုလုပ်တာကို မပြောလိုပါဘူး။ ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်တွေအနေနဲ့ ဦးတို့လို ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးပေါ်လိုရင် ထုတ်ယူသုံးစွဲဖို့ စုဆောင်းထားတဲ့ ပြည်သူတွေကိုရော၊ အခြားလုပ်ငန်းရှင်တွေကိုပါ ပြန်လည်ထောက်ရှု ဖို့တော့ လိုအပ်နေပြီ။ ဒါမှာ ငွေကြေးလည်ပတ်မှုက  အားလုံး အဆင်ပြေကြတော့မှာ။ 
သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီး ပြန်လည်ဖွင့်လှစ်သင့်
“ပြီးခဲ့တဲ့အပတ်  မတ် ၈ ရက်တုန်းကတော့             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   ပုဂ္ဂလိက ဘဏ်တွေ  ပြန်လည်ဖွင့်လှစ်ပေးဖို့  ထုတ်ပြန်ထား တော့  ဘဏ်အနည်းငယ် ဖွင့်လိုက်သေးတယ်လို့ ကြားတယ်။ ဒါပေမယ့် ဘဏ်တော်တော်များတော့ ပြန်ဖွင့်လာတာမတွေ့ရဘူး။  တကယ်တော့  ဘဏ် လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီး ပြန်လည်ဖွင့်လှစ်သင့်နေပြီ။ CDM လှုပ်ရှားမှုကြောင့် ဘဏ်လုံခြုံရေး စိုးရိမ်လို့လား၊ ဝန်ထမ်းအခက်        အခဲကြောင့်လား၊ ဘဏ်လုပ်ငန်းရှင်တွေကိုယ်တိုင် CDM လှုပ်ရှားမှု ပါဝင်နေကြလို့  အခုလိုဘဏ်တွေ ပိတ်ထားတာလား၊    ပြည်သူတွေက  တိကျတဲ့               အဖြေတစ်ခုခုတော့သိချင်နေကြပြီ။   အမှန်အတိုင်း ပြောရရင်   ပုဂ္ဂလိကဘဏ်တွေ    မဖွင့်တာဟာ နိုင်ငံတော်ကို  ထိခိုက်၊ မထိခိုက်တော့ မသိဘူး။ လတ်တလော    ပြည်သူတွေတော့  အတော်လေး ထိခိုက်နေတယ်။  ထီပေါက်လျက်နဲ့  ထီလက်မှတ် ပျောက်နေတဲ့သူလိုပဲ။  ဘဏ်စာအုပ်တွေ  ATM ကတ်တွေသာ  လက်ဝယ်ကိုင်ထားရတာ  ငွေက ဘယ်ဆီ  ဘယ်ဝယ်မှန်း မသိဖြစ်နေရတဲ့  ဘဝ။ အတော်လေးကို ဆိုးရွားပါတယ်။ ဒီ CDM လှုပ်ရှား မှုကြီးလည်း   မြန်မြန်ပြီးဆုံးပါစေလို့   နေ့တိုင်း ဆုတောင်းနေမိတယ်” ဟု ပုဂ္ဂလိကဘဏ်တစ်ခု တွင်  အရေးပေါ်ကျန်းမာရေး တစ်စုံတစ်ရာဖြစ်ပေါ် ပါက ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်စုဆောင်းထားသူ ဦးမိုးထွန်း(အမည်လွှဲ)က CDM လှုပ်ရှားမှုကြောင့် လတ်တလော ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့်ပတ်သက်၍  ရင်ဖွင့်ပြောကြားသည်။ 
ပြည်သူများအကြား ငွေကြေးလည်ပတ်မှုကို များစွာအထောက်အကူပြုနေသော နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကဘဏ်များအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ ငွေသွင်း၊ ငွေထုတ်နှင့် ငွေလွှဲမှုလုပ်ငန်း စဉ်များအပါဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို  လတ်တလော ယာယီရပ်နားထားရာ ယခုအခါ ပြည်သူအများစုနှင့် လုပ်ငန်းရှင်များက  ပုဂ္ဂလိက ဘဏ်များ ယခင်ကဲ့သို့ ပုံမှန်ပြန်လည်ဖွင့်လှစ်ရေးကို အထူးလိုလားတောင့်တလျက်ရှိသည်။ 
မြန်မာနိုင်ငံ၌  ငွေကြေးလည်ပတ်စီးဆင်းမှု လုပ်ငန်းများကို နိုင်ငံတော်ပိုင်ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ် ၊ မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ဖြင့် နိုင်ငံ့လုပ်ငန်းအများစု ငွေကြေးလည်ပတ် မှုကို    အားထားလုပ်ကိုင်လျက်ရှိသော်လည်း  ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအများစုမှာ ငွေကြေး လည်ပတ်စီးဆင်းမှုလုပ်ငန်းများအတွက် ပုဂ္ဂလိက ဘဏ်များနှင့်  ချိတ်ဆက် လုပ်ကိုင်လျက်ရှိရာ ယခုကဲ့သို့ ဘဏ်လုပ်ငန်းများပိတ် ရပ်ဆိုင်းထားမှု သည် လုပ်ငန်း ရှင်များနှင့် အကြောင်းအမျိုးမျိုးဖြင့် ပုဂ္ဂလိက ဘဏ်များတွင် အရေးပေါ်လိုအပ်ပါက အသင့်သုံးစွဲနိုင်ရန် စုဆောင်းထားသူများအနေဖြင့် လတ်တလော နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုများ ကြောင့် ငွေကြေးဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိက ဘဏ်အမျိုးအစား အုပ်စုမှာ ၂၇ မျိုးရှိပြီး  ယင်း ဘဏ်များ၏ ဘဏ်ခွဲ   စုစုပေါင်းမှာ   ၇၀၀ ဝန်းကျင်ဖြင့် နိုင်ငံတစ်ဝန်း           ငွေကြေးလည်ပတ် စီးဆင်းမှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ 
တစ်စိတ်တစ်အိတ်ပြောတတ်တဲ့ 
အကျင့်တွေကြောင့်
ရန်ကုန် တာမွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝင်းတစ်ခုအတွင်း နေထိုင်သော  ကျွမ်းကျင်-၃ အဆင့်ရှိ ဦးညီပုက “ဟိုတစ်နေ့က အဖြစ်အပျက် ကို  ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ ကျွန်တော်ကိုယ်တိုင်ရော၊ တစ်မိသားစုလုံး CDM လှုပ်ရှားမှုထဲမှာပါဝင်ခဲ့တယ်။ မနက်ခင်းအစော လုံခြုံရေးအဖွဲ့တွေ ဝန်ထမ်းအိမ်ရာဝင်းထဲရောက်လာကြတဲ့အချိန်  ကလေးကလည်းငယ်သေးတော့ ဘာပဲဖြစ်ဖြစ် ဖမ်းချင်ရင်လည်း ဖမ်းဆိုပြီး အမျိုး သမီးနဲ့တိုင်ပင်ပြီး  ဘယ်မှမပြေးဘဲ အိမ်မှာပဲ တစ်မိသားစုလုံးနေခဲ့ကြတာ။ ပတ်ဝန်းကျင်ပြေးတဲ့ သူတွေဆီက ဘာတွေကြားရလဲဆိုတော့ အားလုံး တွေ့သမျှ လိုက်ဖမ်းနေတယ်၊ ဘာလုပ်နေတယ်၊ ညာလုပ်ပစ်တယ် အသံမျိုးစုံ အော်ဟစ်နေကြပြီး မီဒီယာတွေကို မဟုတ်က ဟုတ်ကတွေ ဖြေနေသံ လည်း ကြားလိုက်တယ်။ တကယ်တော့ လုံခြုံရေး အဖွဲ့က အများသူငါသွားတဲ့ လမ်းတွေမှာ ပိတ်ထား တာတွေကို ဖယ်ရှားဖို့လာတာ အဓိက လာရင်း၊ ပြီးတော့ ကျွန်တော်တို့လို CDM လှုပ်ရှားမှုထဲပါတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းကြဖို့ ပြောသွား တာပါ။  အေးအေးဆေးဆေးပဲပြောပြီး အားလုံး ပြန်သွားကြတာ။ အဲဒါတွေကို ပတ်ဝန်းကျင် အသိ မိတ်ဆွေတွေက ဖုန်းဆက်မေးကြတယ်။ နင်တို့ မိသားစုအရိုက်ခံလိုက်ရတယ်ဆို၊ ဘာလို့မပြေးတာ လဲ။  ဘာလဲ၊  ညာလဲနဲ့။  တကယ်တော့  မြန်မာ             တွေရဲ့  တစ်စိတ်တစ်အိတ်ပြောတတ်တဲ့    အကျင့်             တွေကြောင့် အခုလို ဘာမှမဟုတ်ဘဲ ဖားသံကြောင့် ဖားသေဆိုသလို  ဖြစ်နေကြတာ။  ကျွန်တော်တို့ မိသားစုကိုတော့   ဘာမှလဲ  မလုပ်သွားသလို၊ ဘာမှ လည်း မမေးသွားပါဘူး။  အလုပ်ပြန်ဆင်းကြဖို့ပဲ ပြောသွားတာပါ။ 
ပထမဆုံး အခက်ကြုံရမှာက နေစရာပါ
အဲဒီအဖြစ်အပျက်ကိုသိပြီး  ကျွန်တော်တို့မိသားစု အတော်လေးကို စိတ်ကုန်သွားတယ်။ CDM လှုပ်ရှား မှုမှာပါတဲ့   ဝန်ထမ်းတွေထက် ဘေးပတ်ဝန်းကျင်     က    လှုံ့ဆော်အော်ဟစ်နေကြတာတွေက   တကယ့်ကို အရုပ်ဆိုးမှန်း   သိလိုက်ရတယ်။  အဲဒါကြောင့် အမျိုးသမီးနဲ့တိုင်ပင်ပြီး    အလုပ်ပြန်ဝင်ဖို့လည်း ဆုံးဖြတ်လိုက်တော့တယ်။ တကယ်တော့ ကျွန်တော် တို့မိသားစု CDM လုပ်လို့ လက်ရှိအစိုးရက အလုပ် ဖြုတ်လိုက်ရင် ပထမဆုံးအခက်ကြုံရမှာက နေစရာ ပါ၊  ကလေးကလည်း   ငယ်သေးတော့ ဘက်ပေါင်းစုံ က    ပြန်စဉ်းစားရတော့တာပေါ့။  အဲဒါကြောင့်   ကျွန်တော့်ဌာနက  အရာရှိကိုလည်း  ဖုန်းဆက် ပြောလိုက်ပါပြီ။ CDM  လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အလုပ်ဖြုတ်လိုက်ပြီလားမေးတော့ လောလောဆယ် မဖြုတ်တော့ မဖြုတ်သေးဘူးတဲ့။ အလုပ်ပြန်ဆင်း မယ်ဆိုရင် အထက်တင်ပြမယ် ပြောပါတယ်။ တကယ် အရေးကြုံလာတော့ လေနဲ့ပဲ ကူညီကြတာတွေ များ ကြတာပါ။ စားစရာလောက်က အဆင်ပြေပေမယ့်            မိသားစုဘဝရှေ့ရေး  လုံခြုံဖို့ကျတော့   အခက်အခဲ    တွေ  အများကြီးလေ။ ဒါကြောင့် ကျွန်တော်ရော၊ အမျိုးသမီးပါ  နှစ်ယောက်စလုံး အလုပ်ပြန်ဝင်ဖို့ဆုံး ဖြတ်လိုက်ကြတာပါ” ဟု CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့ မှုများနှင့် ပတ်သက်၍ အမှား၊ အမှန်ဝေဖန်ပိုင်းခြား၍  သိမြင်ခံစားခဲ့မှုများကို ပြောကြားခဲ့သည်။  
ယနေ့ CDM လှုပ်ရှားမှုကို   အကြောင်းပြကာ နိုင်ငံတော်အေးချမ်းမှုကို မလိုလားသူတချို့က နိုင်ငံ့ ဝန်ထမ်းများအား မက်လုံးအမျိုးမျိုးပေးကာ CDM လှုပ်ရှားမှုတွင် ပါဝင်ပါက ဘယ်လိုတွေ အကျိုးခံစား ရမည်၊ ဘယ်လိုတွေ ထောက်ပံ့ပေးသွားမည် စသည် ဖြင့်   ဝန်ထမ်းများ  စိတ်မယိုင် ၊ ယိုင်လာအောင် အမျိုးမျိုး  ပြောဆိုစည်းရုံးကြသည်။  ယင်းသို့ စည်းရုံး မှုများကြောင့် အယုံလွယ်သော ဝန်ထမ်း         တချို့မှာ  အမှန်၊ အမှား မဝေခွဲတော့ဘဲ CDM လှုပ်ရှားမှုထဲ ရောယောင်ပါဝင်ခဲ့သည်။ ယခုအခါ ခလုတ်ထိမှအမိတ ဆိုသလို အရေးကြုံလာကြတော့ အမြင်မှန်သံဝေဂ ရကာ  လမ်းမှန်သို့ ပြန်လည်ရောက်သော ဝန်ထမ်းများ လည်း ရှိသကဲ့သို့ တစ်ဖက် ယုံကြည်မှုလွန်ကဲနေသည့် ဝန်ထမ်းများလည်း ရှိနေသေးသည်။ မည်သို့ပင်ဆိုစေ မိမိတို့၏ ဘဝရှေ့ရေး၊ မိသားစုအနာဂတ်အရေးတို့ အတွက် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားကာ အသိ၊ သတိဖြင့်  ဆုံးဖြတ်ဆောင်ရွက်သွားကြရမည် ဖြစ်သည်။