ကျိုးကြောင်းမဆီလျော်သည့် စွပ်စွဲမှု

 

အချိန်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရန်   ရက်အနည်းငယ်မျှသာ   လိုတော့သည့်အချိန်။ လက်တွေ့ကျကျ၊ နိုင်ငံရေးအနှစ်သာရရှိရှိ   ကျင်းပသွားမည့် အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင်အားလုံးသို့ လက်လှမ်းမီသမျှ အကုန်ဖိတ်ကြားထားသည်။ ပြည်ပနိုင်ငံများ သို့လည်း ဖိတ်ကြားထားရာ အချို့လည်းလာမည်၊ အချို့လည်း အဓိကကျသည့်ကိုယ်စားလှယ်များ လွှတ်မည်ဟူ၍ အကြောင်း ပြန်ထားသည်။


“ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော် တို့ တိုင်းရင်းသားခေါင်းဆောင်တွေ  ပိုပြီး  လိုလားတဲ့စိတ်ရှိဖို့ လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ အကုန်တက်နိုင်ဖို့ လိုပါတယ်။ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ ကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနား ကို လာတက်ခြင်းအားဖြင့်  ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရား တွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ ပဲ ရှိတယ်။” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး  (၄/၂၀၂၃)  တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ ငြိမ်းချမ်း ရေးနှင့် တိုင်းရင်းသား EAO များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ နှင့် တပ်မတော်၏ရပ်တည်ချက်သဘောထားပင် ဖြစ်သည်။


ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်တွင် အောက်တို ဘာ ၉ ရက်ညပိုင်းက ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့ရာ မီဒီယာ အချို့က တပ်မတော်အပေါ် မဟုတ်မမှန်စွပ်စွဲပြောဆိုရေးသားမှုများ ပြုလုပ်လျက်ရှိသည်။ လက်ရှိအခြေအနေနှင့် အချိန်အခါ အရ တပ်မတော်က ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ရန် အကြောင်းမရှိ သည့်အပြင်   ယင်းသို့    တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း   မရှိကြောင်း လည်း တရားဝင်ရှင်းလင်းပြောကြားထားပြီးဖြစ်သည်။ ဖြစ်စဉ် အမှန်မှာ  KIA   သင်တန်းကျောင်းတွင်   သိုလှောင်ထားသော KIA  ခေါင်းဆောင်များနှင့်  ဒေါ်အားလီဆိုသူတို့   ပိုင်ဆိုင်သည့် အမိုနီယမ်နိုက်ထရိတ်ယမ်းများ     မတော်တဆမှုဖြစ်ပွားရာမှ  ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းသာဖြစ်ကြောင်း ‌  ဒေသခံသတင်း ပေးပို့သူများထံမှ သတင်းများရရှိခဲ့သည်။ သေဆုံးဒဏ်ရာရသူများ နှင့်  စပ်လျဉ်း၍လည်း  KIA  ဖြစ်စေ၊  မည်သူပင်ဖြစ်စေ  မိမိတို့ နိုင်ငံသားများသာဖြစ်ကြောင်း အစိုးရအနေဖြင့် ဝမ်းနည်းကြောင်း လည်း ထုတ်ဖော်ပြောကြားထားသည်။
တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များ အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိသည်။ “မိမိတို့ထံသို့ လာရောက် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်သကဲ့သို့   တပ်မတော်မှ    ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့များကို စေလွှတ်ဆွေးနွေးပေးစေလိုပါကလည်း တိုင်းစစ်ဌာနချုပ်များတွင် ဆွေးနွေးနိုင်ရေးဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက ထုတ်ဖော်ဖြေကြား ထားရာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုအင်ဆန္ဒ ဖြစ်သော ငြိမ်းချမ်းရေးအပေါ် နိုင်ငံတော်က အလေးအနက် ထားရှိမှုဟူ၍ ဆိုနိုင်သည်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရေး သည် တပ်မတော်က အစဉ်တစိုက်ရပ်တည်ခဲ့သော လမ်းကြောင်း ပင်ဖြစ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် စေတနာမှန်ကန်စွာဖြင့် ကြိုးပမ်းနေခြင်းလည်းဖြစ် သည်။


မိမိတို့နိုင်ငံ၏လွတ်လပ်ရေးသည် စိန်ရတုကာလကိုပင် ကျော် လွန်လာခဲ့ပြီဖြစ်သော်လည်း လွတ်လပ်သည့်နိုင်ငံသားဘဝကို ပြည့်ဝစွာ မခံစားရသည့်ပြည်သူများ လက်နက်ကိုင်ပဋိပက္ခများ ၏ ကြားတွင် ရှိနေကြသည်။ တိုက်ခိုက်မှုများ၊ ပဋိပက္ခများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် နှောင့်နှေးရသည့်အပြင် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများမှာလည်း နိမ့်ကျကြရ ပြီး မုန်လိုင်ချက်ကဲ့သို့အဖြစ်ဆိုးနှင့်လည်း ကြုံတွေ့ကြရသည်။ နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေး မဆောင်ရွက်နိုင်ဘဲ နိုင်ငံတကာနှင့်ယှဉ်ပါက     များစွာနောက်ကျနေရပြီဖြစ်ရာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ထာဝရငြိမ်းချမ်းရေးလမ်း ပေါ်သို့ အားလုံးပါဝင်လျှောက်လှမ်းကြရေးအတွက် တိုက်တွန်း လိုက်ရပါကြောင်း။       ။