နိုင်ငံပျက်စီးရေး အကြမ်းဖက်အဖျက် လုပ်ရပ်များ တန်ပြန်ချေမှုန်း

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊  မူဆယ်၊  ကြူကုတ်၊ မုန်းကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့်နယ်စပ်ဒေသများ သို့ KIA ၊ MNDAA ၊ TNLA တို့ ပူးပေါင်းထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် လျက်ရှိရာ တပ်မတော်က လုံခြုံရေးအရ ပြန်လည်တိုက်ခိုက်မှု များ ဆောင်ရွက်နေရသည်ကို တွေ့ရသည်။ အဆိုပါ တိုက်ခိုက်မှု များနှင့် ပတ်သက်၍   အွန်လိုင်းတွင်   သတင်းတု၊   သတင်းမှား များစွာတို့ကို လွှင့်တင်နေကြပြီး နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု များ ပျက်ပြားရေးနှင့် ပြည်သူလူထုအတွင်း ထိတ်လန့်ခြောက်ခြား မှုများ ဖြစ်ပေါ်စေရေးတို့အတွက် မသမာသူများက ဆောင်ရွက်နေ ကြသည်ကိုလည်း တွေ့ရှိနိုင်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) သို့ တက်ရောက် အမှာစကား ပြောကြားရာတွင် “မိမိအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည် နေ့၌ မိန့်ခွန်းပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက် ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို လေးစားလိုက်နာမည် ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်  ပြောကြားပြီး ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက်  သက်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့်လည်း  ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေး သည့်အချိန်တွင်   အပြုသဘောဆောင်သည့်  ဆွေးနွေးမှုများ ‌ဆောင်ရွက်နိုင်ခဲ့သော်လည်း  ၎င်းတို့အနေဖြင့်   တိုက်ခိုက်မှုများ အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်  တိုင်းရင်းသားအချင်းချင်း  ယုံကြည်မှုထား၍  ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ်တိုက်ခိုက်မှုများ  ဆောင်ရွက်လာခြင်းကြောင့် မိမိတို့အနေဖြင့် တန်ပြန်ချေမှုန်းမှု များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။” ထည့်သွင်း ပြောကြားခဲ့သည်။


ယခုနှစ် ဇွန်လဆန်းပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA    ကိုယ်စားလှယ်အဖွဲ့တို့   ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့အရှေ့တိုင်း ဧည့်ရိပ်မွန်ဟိုတယ်၌  ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးခဲ့သည်။    နှစ်ရက်တာ   တွေ့ဆုံဆွေးနွေးမှုများတွင် နိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊  ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်   ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်နိုင် ရေးကိစ္စနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ   ကိစ္စများကို  ရှင်းလင်းဆွေးနွေးပြီး တစ်ဖက်မှလည်း ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေး၊ မတရားအသင်းမှ ပယ်ဖျက်ရေး၊ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ ထံသို့ စာနာထောက်ထားမှုဆိုင်ရာ    အကူအညီများ   အမြန်ဆုံး အဆင်ပြေချောမွေ့စွာ   ရောက်ရှိနိုင်ရေးတို့ကို   နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ  အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဖက်အဆင် ပြေသည့်အချိန်တွင်  ပြန်လည်တွေ့ဆုံရန် ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။


ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် အရှေ့မြောက်နယ်စပ်ဒေသ များကို   အင်အားအလုံးအရင်းသုံးကာ   တိုက်ခိုက်ခြင်းတို့က နယ်စပ်ကုန်သွယ်ရေးပျက်စီးစေရန်၊ လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် စသည့်နိုင်ငံတော်ကို ပျက်စီးစေရန် ရည်ရွယ် ချက်များဖြင့်     အကြမ်းဖက်ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ကလေးများအပါအဝင်      ဒေသခံတိုင်းရင်းသားပြည်သူများ သေကျေဒဏ်ရာရရှိခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ ဒေသတွင်း စားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းကြောင့် အခြေခံပြည်သူ များ အခက်အခဲကြုံတွေ့ရခြင်း    စသည့်   သတင်းများကိုလည်း သိရှိရသည်။   ငြိမ်းချမ်းရေးအတွက်   လက်ကမ်းခဲ့သော်လည်း ယုံကြည်မှုအပေါ်   အမြတ်ထုတ်၍  တိုက်ခိုက်လာမှုအပေါ်တွင်မူ တန်ပြန်ချေမှုန်းရမည်သာ ဖြစ်ပါကြောင်း။       ။