
နေပြည်တော် ဇွန် ၂၂
မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေးအတွက် အကြမ်းဖက် လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိသည်။ ထိုသို့ ဖော်ထုတ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၃) ရပ်ကွက် မဟာဗန္ဓုလ လမ်း ပုသိမ်ဟိုတယ်ရှေ့၌ ဇွန် ၂၀ ရက် ည ၈ နာရီခွဲခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်စဉ် တွင် ဖမ်းဆီးရမိခဲ့သည့် ထွန်းလင်း အောင်(ဘ) ဦးအေးကြည်ကို စစ်ဆေး ဖော်ထုတ်ချက်အရ အမှတ်(၁)ရပ်ကွက် ကမ်းနား လမ်းရှိ ၎င်း၏ သူငယ်ချင်းဖြစ်သူ ချစ်ကိုကို၏ နေအိမ်ကို ည ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေစစ်ဆေးရာ ချစ်ကိုကိုအား တွေ့ရှိခြင်း မရှိဘဲ နေအိမ်အတွင်းမှ SMM KUZEY-GN-19 အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ကျည် အိမ် တစ်ခု၊ ၎င်းကျည် အတောင့် ၅၀ ၊ လက်လုပ်ဗုံး နှစ်လုံးနှင့် အကြမ်းဖက်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများ ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ သည်။ ဆက်လက် စစ်ဆေးဖော် ထုတ်ချက်အရ ပုသိမ်မြို့ အမှတ် (၁၃)ရပ်ကွက် ကင်မလင်းကျွန်း လမ်း စက်မှုဇုန်ရပ် ဗန္ဓုလ အဆောင်အား ဇွန် ၂၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေစစ်ဆေးရာ ၎င်းနှင့်အတူ ဖောက်ခွဲရေးပစ္စည်းများ စုဆောင်း ရန်နှင့် ဖောက်ခွဲရာတွင် ပါဝင်သည့် ခန့်ကိုကိုဇင်(ဘ) ဦးနေလင်း၊ ကောင်းထက်စံ(ဘ)ဦးဝင်းမောင်နိုင်၊ တင်လင်းဦး(ဘ) ဦးငြိမ်းချမ်းမောင်နှင့် ကိုကို အောင် (ဘ) ဦးသန်းဦးတို့ကို လည်းကောင်း၊ နံနက် ၃ နာရီခွဲ ခန့်တွင် အမှတ် (၁၃)ရပ်ကွက်၊ ကင်မလင်းကျွန်း စံပြ(၂)လမ်းရှိ နေအိမ်၌ ကောင်းမြတ်ဇော်(ဘ) ဦးသန်းအောင်ကို လက်လုပ်ဗုံး နှစ်လုံးနှင့် လည်းကောင်း၊ နံနက် ၄ နာရီ ၅ မိနစ်ခန့်တွင် အမှတ် (၁၃)ရပ်ကွက် ကင်မလင်းကျွန်း လမ်းဆုံအနီးရှိ Lucky ဆံသဆိုင်၌ ဇော်ဇော်(ဘ) ဦးခင်ဇော်ဝင်း ကို လည်းကောင်း ဖမ်းဆီးရမိခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ အကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့်အတူ ဖမ်းဆီး ရမိသူများကို တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် များတွင် ပါဝင်ပတ်သက်သူများ ကိုလည်း ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်