မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရန်လင်းအောင်(ခ)မိုးတိမ်နှင့် ဝေယံလင်း(ခ)ထွန်းတောက်နိုင် အပါအဝင် လေးဦးကို လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇွန်     ၂၄


ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံ အားပေးသူများအနေဖြင့်   အချို့မြို့ကြီးများ၌  အစိုးရ၏  အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်   ရည်ရွယ်၍  ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်    လုပ်ဆောင်လာသည်ကို   တွေ့ရှိရသောကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေး  လိုအပ်သည့်   လုံခြုံရေးလုပ်ငန်းများကို  အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်စဉ်   မန္တလေးတိုင်းဒေသကြီး  ချမ်းမြသာစည် မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန်    လက်နက်/ခဲယမ်းများနှင့်အတူ အကြမ်းဖက်သူအချို့ ရောက်ရှိ ခိုအောင်းနေကြောင်း   သတင်းအရ   ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ၁၁၁ လမ်းနှင့်    ၅၄ လမ်းထောင့်ရှိ နေအိမ်ကို သွားရောက်ရှာဖွေစစ်ဆေးရာ အကြမ်း ဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား ခဲ့ပြီး အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူ ရှစ်ဦး၊ ဖမ်းဆီးရမိ ရှစ်ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်အချို့ သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီး ရမိသူများ၏ ထွက်ဆိုချက်အရ အဆိုပါ သေဆုံးသူ များတွင် KIA အဖွဲ့မှ   ဗိုလ်အဆင့်ရှိ   တူးဖိုးနှင့် ကိုရိုင်းတို့ပါဝင်ကြောင်း သိရှိရသည်။


လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း


ဆက်လက်၍ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက် အရ PDF အဖွဲ့များ ငှားရမ်းနေထိုင်သည့် ချမ်းမြ သာစည်မြို့နယ် လမ်း ၅၀ နှင့်  ၁၁၅ လမ်းထောင့် အိမ်အမှတ် (၅၄)ကို   ရှာဖွေခဲ့ရာ   တရားခံများ တွေ့ရှိမှုမရှိဘဲ နေအိမ်အတွင်းမှ လက်လုပ်သေနတ် ခြောက်လက်၊ လက်လုပ်မိုင်း ၂၈ လုံး၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။


ဖမ်းဆီးရမိတရားခံများအား ဖော်ထုတ်ချက်အရ မန္တလေး(PDF)အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရန်လင်းအောင် (ခ) မိုးတိမ်သည် ဇွန် ၂၃ ရက်တွင် ဝေယံလင်း(ခ) ထွန်းတောက်နိုင်နှင့်အတူ လက်နက်/ခဲယမ်းများကို မန္တလေးမြို့သို့    ဗန်းမော်-ငါးအိုး-သပိတ်ကျင်း-မန္တလေးလမ်းကြောင်းအတိုင်း သယ်ဆောင်လာ ကြောင်း သိရှိရသဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေဖမ်းဆီးရာ မွန်းလွဲပိုင်းတွင် သပိတ်ကျင်း မြို့နယ် တကောင်းလမ်းခွဲ၌ ERTIGA အမျိုးအစား ယာဉ်အမှတ်၊   2P-5582 ဖြင့်    လိုက်ပါလာသော ဝေယံလင်း(ခ)ထွန်းတောက်နိုင်၊ ရန်လင်းအောင်(ခ)မိုးတိမ်၊   မျိုးမင်းထွန်းနှင့်   စိုင်းသက်ပိုင်ထွန်းတို့ လေးဦးကို ဖမ်းဆီးရမိခဲ့သည်။ 


လက်နက်မျိုးစုံနှင့် ဗုံးသီးများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိတရားခံများကို ဆက်လက်စစ်ဆေး မေးမြန်းချက်အရ    လက်နက်/   ခဲယမ်းများကို ခြောက်ဘီးယာဉ်တစ် စီးဖြင့် သယ်ဆောင်လာကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ညနေ ပိုင်းတွင်   မန္တလေး-ဗန်းမော်ကားလမ်း    မိုင်တိုင် အမှတ်(၂၅) ဝါးရုံကုန်းကျေးရွာ၌ Nissan အမျိုးအစား ယာဉ်အမှတ်၊   8B-9757 ခြောက်ဘီးယာဉ်ဖြင့် သယ်ဆောင်လာသော K 2-5   အရှည်   ၃၂  လက်၊ K 2-5(ခေါက်ဒင်) ၃၂ လက်၊ M-79 LL အလက် ၄၀၊ 779 Pading III-S ၁၀ လက် စုစုပေါင်းလက်နက်မျိုးစုံ ၁၁၄ လက်၊ ကျည်အိမ် ၂၄၈ ခု၊ K 2-5 ကျည် အတောင့် ၁၀၀၀၀၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၇၃ လုံး၊   Remote Control   မိုင်းအဝေးထိန်းခလုတ်   ၃၅ ခု၊    ယမ်းမှုန့်ဟုယူဆရသော အထုပ်  ၂၅ ထုပ်    (၄ ဒသမ ၉၆၅ ကီလိုဂရမ်)၊ လွယ်ကြိုး အချောင်း ၁၅၀၊    လျှပ်စစ်စနက်တံတစ်ခွေနှင့်    ဒီတိုနေတာ သုံးဖာတို့ကို ဖမ်းဆီးရမိခဲ့သည်။


ထွက်ဆိုချက်များအရ ရန်လင်းအောင်(ခ)မိုးတိမ် ပါဝင်သည့် PDF   အဖွဲ့ဝင်များသည် NLD ပါတီမှ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)        ကိုယ်စားလှယ်ဟောင်း   (၂၀၁၅) ဦးခင်မောင်မြင့် (ခ)ဦးချို၏ ချိတ်ဆက်ပေးမှုဖြင့် KIA ဌာနချုပ်၊ လိုင်ဇာ၌ မတ် ၂၁ ရက်မှ ဧပြီ ၄ ရက်အထိ စစ်အခြေခံသင်တန်း       တက်ရောက်ခဲ့ကြောင်း၊ လိုင်ဇာသို့သွားရောက်ရာတွင် NLD ပါတီမှ ပြည်ကြီး တံခွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း (၂၀၁၅) ကျော်စိုးလင်းနှင့် ကောလင်းမြို့လွှတ်တော် ကိုယ်စားလှယ်ဟောင်း(၂၀၁၅)   မျိုးဇော်အောင် တို့ကလည်း ကိုယ်ပိုင်ကားဖြင့် လိုက်ပါလာခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက်    မန္တလေးမြို့ပေါ်တွင် လူငယ်များစုစည်း၍ သင်တန်းပေးရန်နှင့် အသင့် ဖြစ်ပါက လက်နက်တပ်ဆင်ပေးရန် စီစဉ်ထားရှိခဲ့ ကြောင်း သိရှိရသည်။


လက်နက်များကို သယ်ဆောင်ရန်စီစဉ်


ဇွန် ၁၇ ရက်တွင် ဝေယံလင်း(ခ)ထွန်းတောက်နိုင် အပါ လေးဦးတို့သည် လက်နက်များ သယ်ဆောင်ရန် အတွက် မန္တလေးမှ   ဗန်းမော်သို့  သွားရောက်ခဲ့ပြီး ဇွန် ၁၈ ရက်နှင့် ၁၉ ရက်တွင် KIA အဖွဲ့မှ ဆရာလွန်း ဆိုသူနှင့်တွေ့ဆုံ၍   လက်နက်များကို    မန်စီမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ရန်စီစဉ်ခဲ့ကြောင်း၊  ဇွန် ၂၂ ရက်တွင် KIA အဖွဲ့မှ ဆရာလွန်း၏ စီစဉ်မှုဖြင့် ခြောက်ဘီးယာဉ်ပေါ်သို့    လက်နက်/ခဲယမ်းများ တင်ဆောင်၍     မန်စီမြို့မှ     စတင်ထွက်ခွာခဲ့ပြီး စင်းခန်းတံတားအနီးတွင်   ညအိပ်ရပ်နားခဲ့ကြောင်း သိရှိရသည်။
 ဇွန် ၂၃ ရက်တွင်    ဆက်လက်ထွက်ခွာရာ၌ လက်နက်များတင်ဆောင်သည့်    ခြောက်ဘီးယာဉ်မှာ မန္တလေးသို့   ဦးစွာထွက်ခွာခဲ့ပြီး   ဝေယံလင်း(ခ)ထွန်းတောက်နိုင်အပါ   လေးဦးသည်   နောက်မှ လိုက်ပါလာခဲ့ရာ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ လမ်းဆုံ၌ ဖမ်းဆီးခံရပြီး လက်နက်များသယ်ဆောင် လာသော ခြောက်ဘီးယာဉ်ကို မန္တလေး-ဗန်းမော် ကားလမ်း မိုင်တိုင်အမှတ်(၂၅)၊ ဝါးရုံကုန်းကျေးရွာ အနီး၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။


လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်


အကြမ်းဖက်သူများအနေဖြင့်       မြို့နယ်တချို့ အတွင်း   အများပြည်သူအား   ထိတ်လန့်တုန်လှုပ် ချောက်ချားစေ၍     မြို့ရွာတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်မှုမပြုနိုင်စေရန်၊ ထိခိုက်သေကျေစေရန် ရည်ရွယ်၍ လက်လုပ်ဗုံးများအပြင် မောင်းပြန်ရိုင်ဖယ် များပါအသုံးပြု၍        တိုက်ခိုက်သတ်ဖြတ်ခြင်း၊ လက်နက်ကိုင်အဖွဲ့များဖြင့်ဆက်သွယ်၍ သင်တန်း များ  တက်ရောက်ခြင်း၊    ပို့ချခြင်း၊ လက်နက်/ခဲယမ်းများ စုဆောင်းခြင်း၊ လူအင်အားစုဆောင်းခြင်း များကိုပါ ပြုလုပ်လာလျက်ရှိကြောင်းနှင့် အကြမ်း ဖက်သူများ ခိုအောင်းနေထိုင် လှုပ်ရှားမှုမရှိစေရေး အတွက်        လုံခြုံရေးလုပ်ငန်းများကို     တိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး    ဆက်စပ်တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေး မြို့ရွာအမြန်ဆုံးအေးချမ်း  တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန်    မေတ္တာရပ်ခံ အပ်ပါကြောင်းနှင့် ဖြစ်စဉ်ပါ ဖမ်းဆီးရမိတရားခံ များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်၍ ကွင်းဆက်တရားခံများကို ဆက်လက် ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်