လူတိုင်းပျော်ရွှင်ကျန်းမာကြံ့ခိုင်ရေး နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ပေး

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်သည့် ဒီဇင်ဘာ  လူထုအားကစားလှုပ်ရှားမှုအဖြစ်    နံနက်စောစော   စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ  ဆောင်ရွက်ကြခြင်း အစီအစဉ်များမှာ ယခု ရက်သတ္တပတ်တွင် နောက်ဆုံးအဖြစ် ကျင်းပကြမည်ဖြစ်သည်။ မိုးလေကင်းစင်၍ ရာသီဥတုအေးမြသည့် ဒီဇင်ဘာလကို လူထု အားကစားလှုပ်ရှားမှုလအဖြစ်    သတ်မှတ်ပြီး   တစ်နှစ်လုံးတွင် တစ်လ၊ တစ်လထဲတွင် တစ်ပတ်မှတစ်ကြိမ်မျှသာ လမ်းလျှောက် ကြခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်းက ပြည်သူလူထုကို နှိုးဆော်တိုက်တွန်းခြင်းမျှသာဖြစ်သည်။


ကိုယ်လက်လှုပ်ရှားအားကစားကို လူတိုင်းက ပုံမှန်အလေ့ အကျင့်၊   စွဲစွဲမြဲမြဲဆောင်ရွက်သည့်    ဓလေ့ထုံးစံတစ်ရပ်အဖြစ် ဆောင်ရွက်လာကြစေရန် ဒီဇင်ဘာလမှအစပြု၍  တစ်နှစ်ပတ် လုံး   ဆက်လက်ပြုလုပ်သွားကြရန်လိုသည်။   အသက်အရွယ် အလိုက်၊   ဝါသနာတူရာအလိုက်၊  နီးစပ်ရာအုပ်စုအလိုက်  အဖွဲ့ များ၊   ကလပ်များဖွဲ့စည်းကာ   ပုံမှန်စုပေါင်းလေ့ကျင့်ကစားကြ ခြင်းဖြင့် ကိုယ်ရော စိတ်ပါ ကျန်းမာပျော်ရွှင်မှုကို ရေရှည်ရရှိ နိုင်ကြသည့်အပြင် သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးသွေးကြောကျဉ်း၊ အဝလွန်၊ လေဖြတ် စသည်တို့ကဲ့သို့‌သော မကူးစက်နိုင်သော ရောဂါများကို ကာကွယ်နိုင်ခြင်း၊  ဖြစ်လာပါကလည်း  ရောဂါ ပြင်းထန်မှုကို လျှော့ချနိုင်ခြင်း စသည့်အကျိုးထူးများကိုလည်း ရရှိနိုင်သည်။    လမ်းလျှောက်ခြင်းနှင့်   ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ   ပြုလုပ်ခြင်းသည်  ဒီဇင်ဘာလတစ်လတည်း တစ်ပတ်လျှင် တစ်ကြိမ်မျှပြုလုပ်ပြီး ပြီးဆုံးသွားရမည်မဟုတ်ဘဲ တစ်နှစ်တာလုံး အစီအစဉ်ရေးဆွဲ၍ စနစ်တကျပြုလုပ်သွားကြ ရန်လိုသည်။ ရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင် ခြင်းနှင့် ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ခြင်း လုပ်ငန်းများ တွင်   ဆေးဝါးမပါ၊  အကုန်အကျသက်သာပြီး  မိမိကိုယ်တိုင် ဆောင်ရွက်နိုင်သောလုပ်ငန်းမှာ   ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းဖြစ်သည်ဟု ဆိုထားရာ လွယ်ကူသလောက်အကျိုးကျေးဇူး ကြီးသည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို  လူတိုင်းပြုလုပ် ကြရန် တိုက်တွန်းလိုသည်။


ကိုယ်လက်လှုပ်ရှား   လေ့ကျင့်ခန်းပြုလုပ်ခြင်းကို   ငယ်စဉ် ကလေးဘဝကစ၍ ပြုစုပျိုးထောင်ရန်လိုအပ်သည့်အလျောက် ကျောင်းများတွင်   နေ့စဉ်အချိန်ပေး၍    ပုံမှန်ပြုလုပ်သွားရန် လိုသည်။ ရောဂါအခံရှိသူများ၊ အသက်ကြီးသူများလည်း သင့်လျော် သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ဆောင်ရွက်နိုင်သည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်ရာတွင် လေ့ကျင့် ခန်းအမျိုးအစား၊ ပြင်းထန်မှု၊ အချိန်ကြာမြင့်မှုနှင့် အကြိမ်တို့ပေါ် တွင်မူတည်၍ အကျိုးကျေးဇူးရရှိမှုကွာခြားနိုင်သည်ဟု သိရသည်။ ကိုယ်လက်လှုပ်ရှား‌လေ့ကျင့်ခန်းများတွင် သက်လုံကောင်းမှုနှင့် ဆိုင်သော လေ့ကျင့်ခန်းများသည် ကိုယ်ခန္ဓာကို သက်လုံကောင်း စေသည့်အပြင် နာတာရှည်‌ရောဂါများကိုလည်း ကာကွယ်ပေး နိုင်သည်။ ကြွက်သားအင်အားသန်မာမှုနှင့်ဆိုင်သော လေ့ကျင့် ခန်းများသည် ကြွက်သားများကြီးထွားသန်မာအားကောင်းစေ သည့်အပြင် အဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့ တားဆီးကာကွယ် ကုသမှုကို အထောက်အကူပြုသည်။ ခန္ဓာကိုယ်ဟန်ချက်ထိန်းမှု နှင့်ဆိုင်သော လေ့ကျင့်ခန်းများသည် ခန္ဓာကိုယ်ဟန်ချက်ပျက်၍ လဲကျခြင်းနှင့် မတော်တဆထိခိုက်ဒဏ်ရာရမှုများကို ကာကွယ် နိုင်သည်။ ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့်ဆိုင်သော လေ့ကျင့်ခန်း များကလည်း ထိခိုက်ဒဏ်ရာရမှု၊ လဲကျမှုတို့ကို ကာကွယ်ပေးနိုင် သည်။


ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၏  အတိုင်းအတာအနေ ဖြင့် မိမိတို့အသက်အရွယ်အလိုက် သင့်လျော်သလို ချိန်ဆပြုလုပ် ကြရန်လိုသည်။ သက်ကြီးရွယ်အိုများနှင့် သွေးချို၊ ဆီးချို၊ နှလုံး ရောဂါရှိသူများ ဆရာဝန်နှင့် ပြသအကြံဉာဏ်ယူ၍ ဆောင်ရွက် နိုင်သည်။  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း   စတင်သင့်သည့် နေ့သည် ယနေ့ပင်ဖြစ်၍ ယနေ့တွင်ပင် စတင်ကြရန်နှင့် တစ်နိုင် တစ်ပိုင် ကြိုးစားဆောင်ရွက်ကြကာ  လူတိုင်း ကျန်းမာပျော်ရွှင် သောဘဝကို ရရှိနိုင်ကြပါစေကြောင်း။          ။