
မိုင်ယာမီ ဇွန် ၂၅
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီအနီးတွင် အထပ်မြင့်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ ကယ်ဆယ်ရေး သမားများက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုများ ပြုလုပ်နေကြသည်။ လူပေါင်း ၉၀ ထက်မနည်း ပျောက်ဆုံးနေသည်ဟု သိရသည်။
အဆိုပါ အဆောက်အအုံမှာ ၁၂ ထပ်မြင့်မားသည်။ ဇွန် ၂၄ ရက် နံနက် ၁ နာရီ မိနစ် ၃၀က အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားစဉ်အတွင်း နေထိုင်သူအများစုမှာအိပ်ပျော်နေကြသည်ဟု အာဏာပိုင်များက ယူဆ ကြသည်။
ကယ်ဆယ်ရေးသမားများက အဆောက်အအုံ အတွင်း ပိတ်မိနေသော လူ ၃၇ ဦးကို ကယ်တင်နိုင်ခဲ့ ပြီး အဆောက်အအုံအတွင်း လူမည်မျှရှိသည်ကို အတိအကျ မသိရသေးပေ။
ဆောက်လုပ်ရေးလုပ်သားများက သက်တမ်း နှစ် ၄၀ ရှိပြီဖြစ်သည့် ကွန်ဒို၏ ခေါင်မိုးကို ပြင်ဆင်ခဲ့ကြသည်။ ယင်းအချက်ကြောင့် ပြိုကျမှု ဖြစ်စဉ် ဖြစ်ပေါ်ရခြင်းဟုတ် မဟုတ် သေချာမပြောနိုင် သေးပေ။
အပျက်အစီးများ များပြားလွန်းခြင်းနှင့် နောက်တစ်ကြိမ် ပြိုကျမည်ကို စိုးရိမ်ရသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် နှေးကွေးနေရသည်။
အင်န်အိတ်ချ်ကေ