
ဂျကာတာ ဇွန် ၂၅
အင်ဒိုနီးရှားနိုင်ငံတွင် ဇွန် ၂၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၈၈၇၂ ဦးတိုးလာပြီး နောက် တစ်နေ့အတွင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ၂၀၇၂၈၆၇ ဦး ရောက်ရှိလာခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၄၂၂ ဦး တိုးလာပြီး နောက် စုစုပေါင်းသေဆုံးသူ ၅၆၃၇၁ ဦးဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြော ကြားလိုက်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကင်းစင်ပြီး ဆေးရုံမှ ဆင်းလာသူ ၈၅၅၇ ဦး တိုးလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ ၁၈၃၅၀၆၁ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် နိုင်ငံ၏ ပြည်နယ်ပေါင်း ၃၄ ခုသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဂျကာတာတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၆၉၃၄ ဦး၊ အနောက်ဂျာဗားတွင် ၃၈၄၆ ဦး၊ အလယ်ဂျာဗားတွင် ၂၁၁၈ ဦး၊ အရှေ့ဂျာဗားတွင် ၉၇၅ ဦးနှင့် ယိုဂျကာတာတွင် ၇၈၃ ဦး ရှိ သည်။
ဆင်ဟွာ