
တိုကျို ဇွန် ၂၅
တိုကျို အိုလံပစ်နှင့် ပါရာလမ်ပစ် အားကစား ပြိုင်ပွဲများအတွက် လုံခြုံရေးချထားမှု အစီအစဉ်များ ကို အသိပေးကြေညာလာပြီ ဖြစ်သည်။ ပွဲကျင်းပစဉ်ကာလ အတွင်း နေ့စဉ်လုံခြုံရေး ၁၈ဝဝဝ တပ်ဖြန့်ချထားမည်ဟု သိရသည်။
ထောင်နှင့်ချီသည့် လုံခြုံရေး ဝန်ထမ်းများသည်လည်း အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပရာနေရာ ၄၃ ခုတွင် ကင်းလှည့်နေမည်ဖြစ်ပြီး ဒေသခံရဲများလည်း လုံခြုံရေး တာဝန်ကို ယှဉ်တွဲထမ်းဆောင် မည်ဟု သိရသည်။ လက်ရှိ စီစဉ်ထားသော တပ်ဖြန့်ချထား ရေး အစီအစဉ်သည် လုံခြုံရေးကိုသေချာစေမည်ဖြစ်သည်။
ပြီးခဲ့သည့် အားကစားပြိုင်ပွဲ များတွင် လုံခြုံရေးအင်အား မလုံလောက်မှု ပြဿနာနှင့်ကြုံ တွေ့ခဲ့ရသော်လည်း ယခုလူသစ် စုဆောင်းမှုတွင် ကျေနပ်မှုရှိ သည်ဟု ပွဲစီစဉ်သူများက ပြော သည်။
ပွဲကြည့်ပရိသတ် အရေ အတွက်ကို ခန့်မှန်းနိုင်ခြင်းမရှိမီ ပွဲအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်မည့်သူ အရေ အတွက်ကို ပြုပြင်ပြောင်းလဲ၍ ရရန် အရေးကြီးသည်ဟုလည်း ပွဲစီစဉ်သူများက ပြောသည်။
အင်န်အိတ်ချ်ကေ