
ဂျိုဟန်နက်စ်ဘာ့ဂ် ဇွန် ၂၈
တောင်အာဖရိကနိုင်ငံတွင် ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်- ၁၉ ဒယ်တာ ကူးစက်မှုအန္တရာယ် ကြောင့် တတိယအကျော့ ရိုက်ခတ် မှု ကို အမြစ်ဖြတ်ရန် အတွက် ပြည်သူများ၏ သွားလာ လှုပ်ရှားမှုကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
တောင်အာဖရိက သမ္မတ စီရယ်ရမ်မာဖိုဆာက ဇွန် ၂၇ ရက် တွင် ပြည်သူများကို မိန့်ခွန်း ပြောကြားစဉ် တောင်အာဖရိက ၌ တွေ့ရှိရသည့် ဗီဇပြောင်း ဗီတာနေရာတွင် အိန္ဒိယတွင်တွေ့ရှိရသည့်ဗီဇပြောင်း ဒယ်တာက အစားထိုး ဝင်ရောက်လာပြီဟု ပြောကြားခဲ့သည်။ ယခင် ပထမ အကျော့နှင့်ဒုတိယအကျော့ထက် တတိယအကျော့မှာ ပို၍ ပြင်းထန် လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိတွင် တိုင်းပြည်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်တွင်လည်း စိုးရိမ်မှုရှိသည် ဟု ၎င်းကပြောသည်။ အစိုးရ သည် လူစုလူဝေးပြုလုပ်မှုများ အားလုံးကိုပိတ်ထားပြီး စား သောက်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခြင်းကိုလည်း ပိတ်ပင် ထားသည်။ ထို့ပြင် ဂေါက်တင် မြို့တွင်မြို့ပြင် ခရီးသွားလာမှုများ ကိုလည်း အစိုးရက ပိတ်ပင် ထားသည်။ သီတင်းနှစ်ပတ်ကြာအဆိုပါစည်းကမ်းများကို လိုက်နာ ကြရန်လည်း တောင်အာဖရိက သမ္မတက ပြည်သူများကို လေးလေးနက်နက် တိုက်တွန်း ထားသည်။ အင်န်အိတ်ချ်ကေ