၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်၏အခြေခံမူများတွင် နိုင်ငံတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတ ခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဟူ၍ ပါရှိသည်။
မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလကပင် စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကာလအတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံး ရေးဆောင်ရွက်ရာတွင် ပါတီများ၏ပြောဆိုလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း ၍ တရားမျှတမှု ရှိ မရှိ အငြင်းပွားမှု၊ မကျေနပ်မှုများ၊ ရွေးကောက် ပွဲကော်မရှင်မှာလည်း လွတ်လပ်မှုမရှိဘဲ သမ္မတ၏လွှမ်းမိုးမှု အောက်မှ ဆောင်ရွက်ခဲ့ရမှုများ၊ ကြိုတင်မဲများ၊ အခြားနည်းလမ်း များဖြင့် မဲမသမာမှုများ၊ မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ အစိုးရ သစ်ဖွဲ့၍ အာဏာရယူရန် အတင်းအဓမ္မကြံစည်ကြိုးပမ်းမှုများ ဟူသည့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေပေါ်ပေါက်ခဲ့သည့် အကြောင်းတရားကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းဖြစ်ပေါ်လာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‘‘မိမိတို့နိုင်ငံတွင် စစ်မှန်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဖြစ်ပေါ်စေရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အောင်မြင်မည်ဟု ယုံကြည် ကြောင်း၊ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း’’ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၁)တွင် ပြောကြားခဲ့ရာ တပ်မတော်သည် အမျိုးသားနိုင်ငံ ရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်မှုနှင့် ဒီမို ကရေစီစနစ်ခိုင်မာမှန်ကန်စေရန်လိုလားမှုတို့ကို ပေါ်လွင်ထင်ရှား စေသည်။
တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့်အဖွဲ့အစည်း ဖြစ်သော်လည်း လှေနံဓားထစ် တရားသေစွဲကိုင်ထားခြင်းမဟုတ် ဘဲ နိုင်ငံတော်နှင့်ပြည်သူလူထု၏အကျိုးစီးပွားအတွက် လိုအပ် ပါက ဥပဒေနည်းလမ်းများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန်လက်ခံထားသည်။ နိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲလာသည့်အခြေအနေများအရ အခြေခံဥပဒေ ကိုပြင်ဆင်ရာတွင် လွယ်ကူလွန်းခြင်းနှင့်တင်းကျပ်လွန်းခြင်း ဟူသော အစွန်းနှစ်ပါးကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက် များကို တပ်မတော်ကသိနားလည်ထားပြီးဖြစ်ရာ နိုင်ငံနှင့်ပြည်သူ အကျိုးအတွက် ပြင်ဆင်ရမည့်အချက်များရှိကြောင်းနှင့် အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်နည်းလမ်းများနှင့်အညီ ပြင်ဆင် ရမည်ဖြစ်ကြောင်းတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
ယနေ့နိုင်ငံတော်၏အဓိကလိုအပ်ချက်သည် နိုင်ငံတစ်ဝန်း လုံး အေးချမ်းသာယာရေးဖြစ်သည်။ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများ ဖြစ်ပေါ်နေသည့်ဒေသများတွင် ပြည်သူလူထု ၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အသက်အိုးအိမ်လုံခြုံရေး စသည်တို့ အဘက်ဘက်မှဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သကဲ့သို့ တပ်မတော်သားများသည် ပြည်သူ၏အစိတ်အပိုင်းဖြစ်ရာ နိုင်ငံ အေးချမ်းသာယာရေးဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ခဲ နက် ပူးပေါင်းပါဝင်ရန် လိုအပ်သည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်နှင့်အညီ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ကို ဦးတည်၍ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်မှုများ၊ ပြည်သူအပေါ် ကျရောက်နိုင်သည့် ဘေးအန္တရာယ်ကာကွယ်မှုများတွင် ပြည်သူ လူထုတစ်ရပ်လုံးက ထောက်ခံအားပေး ပူးပေါင်းဆောင်ရွက် ကြရပါမည့်အကြောင်း။ ။