အနုပညာရသမြောက်စွာ ဖန်တီး တာဝန်ယူ၊ တာဝန်ခံ၍ ထုတ်လွှင့်ပြသ

 

တေးသီချင်းဗီဒီယိုများ       ရိုက်ကူးထုတ်လွှင့်ပြသမှုများတွင် နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင် မှုမရှိစေရေး၊ ကာမရာဂ လှုံ့ဆော်မှုများ ပါဝင်မှုမရှိ‌စေရေးဟူသော ဆင်ဆာမူဝါဒများကို    ထိခိုက်စေနိုင်ခြင်း   မရှိစေရေးအတွက် ထုတ်လုပ်သူများ ကိုယ်တိုင်တာဝန်ယူမှု၊  တာဝန်ခံမှုဖြင့် စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်နိုင်ကြောင်း ပြန်ကြား  ရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်သည်၊၊ အကယ်၍ တေးသီချင်းဗီဒီယိုများကို   ဆင်ဆာအဖွဲ့သို့တင်ပြပြီး  စစ်ဆေး ခွင့်ပြုချက်ရယူလိုပါကလည်း အမြန်ဆောင်ရွက်ပေးမည်ဟု သိရ သည်။


ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများနှင့် တေးသီချင်း ဗီဒီယိုများ အွန်လိုင်းပေါ်သို့ ရောက်ရှိမလာခင် ခေတ်အခါက ဆင်ဆာမူဝါဒ တင်းတင်းကျပ်ကျပ်နှင့် တည်းဖြတ်သည့်ခေတ် ရှိခဲ့သည်။ ထိုစဉ် က   ဆင်ဆာတင်းကျပ်မှုများကြောင့်    အနုပညာဖန်တီးမှုများ အညွန့်တုံးရကြောင်း၊     ဇာတ်ကွက်ဇာတ်လမ်းများ   ထိခိုက် ကြောင်း၊ ရုပ်ရှင်နှင့် ဗီဒီယိုလောက မဖွံ့ဖြိုး  မတိုးတက်ရခြင်းသည် ဆင်ဆာကြောင့်ဖြစ်ကြောင်း စသည်ဖြင့် ပြစ်တင်ဝေဖန်မှုများစွာ ရှိခဲ့သည်။  ရုပ်ရှင်နှင့်  ဗီဒီယိုဆင်ဆာမူဝါဒကို ဖြေလျှော့ပေးလိုက် သည့်အခါတွင်မူ အကောင်းထက်အဆိုးရလဒ်များက ပို၍ထင်သာ မြင်သာရှိလာသည်ကို တွေ့ကြရသည်။ ပြည်သူကို အကျိုးမပြုဘဲ ခေတ်နောက်ပြန်ဆွဲ အယူအဆများအဖြစ် တားမြစ်ပိတ်ပင်ခဲ့သည့် ဝိညာဉ်ကား၊ သရဲကား၊ တစ္ဆေကားများ အများအပြားပေါ်ထွက်လာ သည်။ မောင်နှင့်နှမ၊ သားနှင့်အမိ၊ မိသားစုတို့အတူ ထိုင်ကြည့်၍ မရသည့် ဇာတ်ဝင်ခန်းများကို ရဲရဲတင်းတင်းအပြများလာသည်။ တစ်ချိန်က   မြန်မာရုပ်ရှင်ဗီဒီယို ဇာတ်လမ်းများထဲတွင် မကြား ခဲ့ဖူးသည့် “ဆဲရေးတိုင်းထွာ” သံများ၊ မြန်မာ့လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများကို ထိခိုက်ပျက်ယွင်းစေသည့် အပြောလွန်၊ အပြလွန် များ အွန်လိုင်းခေတ်တွင် ပို၍များပြားလာသည်။


တေးသီချင်းဗီဒီယိုများတွင်လည်း အနုပညာဆိုသည်ထက် ဖြတ်လမ်းနည်းဖြင့် အောင်မြင်လိုမှုကြောင့် စည်းလွတ်ဘောင် လွတ်    အဆန်းထွင်လာကြရာမှ    အရိုင်းဆန်လာခဲ့ကြသည်။ တေးသီချင်းစာသားများ၊ ဝတ်စားဆင်ယင်ပုံနှင့် လှုပ်ရှားမှုအမူ အရာများအားလုံး ယဉ်ကျေးမှုနှင့် ဖီလာ၊ အချို့သရုပ်ဆောင်ပုံ နှင့် ဇာတ်ဝင်ခန်းတို့ ကြမ်းသည်။ ကလေးများ ကြည့်ရန်မသင့်။ မြင်ဖန်ကြားဖန်များလာသည်နှင့်အမျှ  ရိုင်းစိုင်းမှုတို့ကို ရိုးလာ မည်၊ ထုံလာမည်၊၊ ရိုင်းသည်ကို ရိုင်းသည်ဟုမသိဘဲ ရိုးလာသည့် အခါ    ကိုယ်တိုင်ကျင့်သုံးလာမည်၊၊   မူလရှိရင်းစွဲ   ယဉ်ကျေးမှု  မှေးမှိန်ပျောက်ကွယ်သွားမည်ဖြစ်သည်။
ရုပ်ရှင်၊ ဗီဒီယိုတို့သည် မီဒီယာများပင်ဖြစ်ပြီး ကြည့်ရှုသူများ အပေါ် လွှမ်းမိုးနိုင်သည့် သတ္တိထူးလည်းရှိရာ ကောင်းစွာအသုံး ချတတ်သူတို့က ပါဝါအပျော့အဖြစ်  အသုံးချကြသည်၊၊ ရုပ်ရှင်၊ ဗီဒီယိုတို့၏ အစွမ်းသတ္တိကြောင့် လူ့အဖွဲ့အစည်းတွင် ကောင်းကျိုး ဖြစ်ထွန်းနိုင်သကဲ့သို့   ဆိုးကျိုးလည်းဖြစ်ပေါ်နိုင်ရာ    နိုင်ငံနှင့် ပြည်သူလူထုလူ့အဖွဲ့အစည်းအတွင်း     တစ်စုံတစ်ရာထိခိုက်မှု မဖြစ်စေရန်   ထိန်းကျောင်းမှုနှင့်  တာဝန်ယူမှု၊   တာဝန်ခံမှုတို့ ရှိသင့်သည်၊၊ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့သော အခြေအနေ တစ်ရပ်ကို   ဖြတ်သန်းနေရသည့်  နိုင်ငံတစ်နိုင်ငံတွင် ရုပ်ရှင်၊ ဗီဒီယိုတို့မှာ နိုင်ငံအကျိုးပြုဖို့လိုသည်၊၊ အနည်းဆုံးအားဖြင့် နိုင်ငံ နှင့် ပြည်သူ အကျိုးမယုတ်ဖို့လိုသည်၊၊


တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပကင်းမဲ့သည့် ပြောဆို မှုများ၊    ရိုက်ကူးထုတ်လွှင့်မှုများ   မပြုကြပါရန်နှင့်      လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ‌‌‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားပြီးဖြစ်သလို  လူမှုကွန်ရက်တွင် အရှက် သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသသူများကို ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးဖြစ်ရာ ရိုက်ကူးထုတ်လွှင့်ပြသသူ များအနေဖြင့်   မူဝါဒများနှင့်အညီ   အနုပညာရသမြောက်စွာ ဖြင့်      တေးသီချင်းဗီဒီယိုများ     ဖန်တီးထုတ်လုပ်နိုင်ကြပါစေ ကြောင်း။     ။