အစ္စရေးဝန်ကြီးချုပ်အသစ်ကို လက်ခံကြိုဆိုမည်ဟု အမေရိကန်သမ္မတ ပြောကြား


 

ဝါရှင်တန်  ဇွန်  ၂၉


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မကြာမီအချိန် အတွင်း  အစ္စရေးဝန်ကြီးချုပ်သစ် နာ့ဖ်တာလီဘန် နက်ကို    အိမ်ဖြူတော်သို့   ဖိတ်ခေါ်မည်ဟု ပြော ကြားခဲ့သည်။ 
မကြာမီအချိန်အတွင်း ဘန်နက်ကို ကြိုဆိုဧည့်ခံ မည်ဟု    ဇွန်    ၂၈    ရက်က  သတင်းထောက်များနှင့်  တွေ့ဆုံစဉ်  ဂျိုးဘိုင်ဒင်က  ယခုလို  ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
လက်ယာယိမ်းပါတီခေါင်းဆောင်  နာ့ဖ်တာလီ ဘန်နက်သည် ယခုလအစောပိုင်းကမှ ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ယူခဲ့ပြီး အစ္စရေးအစိုးရအဖွဲ့အတွင်း ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 
အမေရိကန်သမ္မတနှင့်   အစ္စရေးဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် အီရန်အရေးမှာ အဓိကဆွေးနွေးရမည့် အကြောင်းအရာ ဖြစ်လာမည်ဖြစ်သည်။ 
အစ္စရေးသည်  အီရန်နိုင်ငံ၏   နျူကလီးယား အစီအစဉ်ကို ဆန့်ကျင်သူဖြစ်ပြီး  မစ္စတာဘန်နက် သည် ၂၀၁၅  ခုနှစ် အီရန်နျူကလီးယား သဘောတူ ညီမှုကို ဆန့်ကျင်သူဖြစ်သည်။ ၎င်း၏ စောင့်ကြည့်မှု အောက်တွင် အီရန်နျူကလီးယားလက်နက် မရရှိစေ ရဟု သမ္မတ ဘိုင်ဒင်က ပြောသည်။
ပါလက်စတိုင်းနှင့်  အစ္စရေးအရေးကိစ္စသည် လည်း    အမေရိကန်သမ္မတနှင့် တွေ့ဆုံရာတွင် နောက်ထပ်  အရေးတကြီး  ဆွေးနွေးရမည့် ကိစ္စဖြစ် လာမည်ဖြစ်သည်။ 
အင်န်အိတ်ချ်ကေ