ဖလော်ရီဒါတွင် ကွန်ဒိုပြိုကျမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိလာ


 

 ဖလော်ရီဒါ  ဇွန် ၂၉


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီကမ်းခြေအနီးတွင် ကွန်ဒို တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ ၁၁ ဦးအထိ ရှိလာပြီဟု မြို့တော်ဝန် ဒန်နီလာလာဗင်းကာဗာက ဇွန် ၂၈ ရက်တွင် ပြောသည်။ 
ပျောက်ဆုံးနေဆဲဖြစ်သည့်   လူပေါင်း ၁၅၀ ကို   ကယ်ဆယ်ရေးလုပ်သားများက ဆက်လက်ရှာဖွေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ကွန်ဒိုပြိုကျရခြင်း၏အကြောင်းကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆိုပါ အဆောက်အအုံမှာ ကိုယ်ထည်ပိုင်းဆိုင်ရာ ပျက်စီးမှုများကို အင်ဂျင်နီယာများက စိုးရိမ်လျက်ရှိသည်ဟု ၂၀၁၈ ခုနှစ်တွင် အစီရင်ခံစာထွက်ပေါ်လာခဲ့ သည်ဟု သိရသည်။
ဆင်ဟွာ