
ဂျကာတာ ဇွန် ၂၉
အင်ဒိုနီးရှားနိုင်ငံ၌ ကိုယ်ဝန်သည် အမျိုးသမီးများ၊ နို့တိုက်မိခင်များနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကလေးများကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ဒုတိယသမ္မတ မာရက်ဖ်အာမင်က ဇွန် ၂၉ ရက်တွင် ပြောကြားလိုက်သည်။
ကိုယ်ဝန်သည်အမျိုးသမီးများ၊ နို့တိုက်မိခင်များ နှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စျေးကွက်တင်ဖြန့်ချိ လာမှုအပေါ် ကြိုဆိုကြောင်း ဒုတိယသမ္မတမာရက်ဖ် အာမင်က ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ် ဆေးများ ထိုးပေးနိုင်ခြင်းသည် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အခြေအနေကို ကိုင်တွယ်ဖြေရှင်းရာတွင် အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသို့ ပိုမိုကူးစက်ဖြစ်ပွားမှု မြန်သည့် ဒယ်လ်တာ ကိုဗစ်- ၁၉ မျိုးစိတ်သစ်စတင် ဝင်ရောက်ချိန်ကတည်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သည့် ကလေးအရေအတွက်မှာ ၁၂ ဒသမ ၅ ရာခိုင် နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှား ကလေးအထူးကုအဖွဲ့က ဖော်ပြသော အချက်အလက် များအရ သိရသည်။
အင်ဒိုနီးရှားဆေးဝါးနှင့် အစားအစာထိန်းချုပ်ရေး ဆိုင်ရာ အမျိုးသားအေဂျင်စီ (ဘီပီအိုအမ်)က အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအသင့်အတင့်ပမာဏကို အရေးပေါ် အသုံးပြုခွင့်ပေးခဲ့သည်။ ထို့အတူ သားဖွားနှင့် မီးယပ် အဖွဲ့ကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကိုယ်ဝန် ဆောင်အမျိုးသမီးများ အထူးသဖြင့် ကိုဗစ်- ၁၉ အလွယ်တကူ ကူးစက်ဖြစ်ပွားနိုင်ခြေရှိသူများ အတွက် အသုံးပြုရန် ထောက်ခံအကြံပြုခဲ့သည်။
ဆင်ဟွာ