
ကွာလာလမ်ပူ ဇွန် ၂၉
မလေးရှားနိုင်ငံတွင် ကိုဗစ်- ၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၆၄၃၇ ဦး ရှိကြောင်း အတည်ပြုဖော်ပြမှုနှင့်အတူ နိုင်ငံတစ်ဝန်းကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၇၄၅၇ဝ၃ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန် အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတွင် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွား သူများအနက် ၁၄ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၆၄၂၃ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောသည်။
နောက်ထပ် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁ဝ၇ ဦးရှိကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၅၁ဝ၈ ဦး ရှိလာသည်။
ယခုအခါတွင် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၆၇၇၇၅၁ ဦး သို့မဟုတ် ၉ဝ ဒသမ ၉ ရာခိုင်နှုန်း ရှိလာခဲ့သည်။
ဆင်ဟွာ