အိန္ဒိယနိုင်ငံတွင် လေးခုမြောက် ကိုဗစ်- ၁၉ ကာကွယ်ဆေးအဖြစ် မော်ဒါနာဆေးကို အရေးပေါ်အသုံးပြုခွင့်ပေး

 

 

နယူးဒေလီ ဇွန် ၂၉ 


အိန္ဒိယဆေးဝါးထိန်းချုပ်ကွပ်ကဲရေးဌာနသည် မွမ်ဘိုင်းအခြေစိုက် နိုင်ငံပေါင်းစုံ    ဆေးဝါးကုမ္ပဏီ ဖြစ်သော စီပလာမှ တင်သွင်းသော မော်ဒါနာ ကိုဗစ်-   ၁၉ ကာကွယ် ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ကြောင်း  အရာရှိများက ပြောသည်။ 
မော်ဒါနာ   ကာကွယ်ဆေး၏ တိုးတက်ဖွံ့ဖြိုးမှုများကို နယူးဒေလီ ရှိ     သတင်းစာရှင်းလင်းပွဲတွင် အစိုးရ  ကျန်းမာရေးဉာဏ်ကြီးရှင် အဖွဲ့မှ      အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗွီကေပေါလ်က အတည်ပြုခဲ့သည်။
ယခုမော်ဒါနာ    ကိုဗစ်-၁၉ ကာကွယ်ဆေးကို   အတည်ပြု လိုက်ခြင်းဖြင့်   ထိုဆေးသည် အိန္ဒိယနိုင်ငံတွင်     အရေးပေါ် အသုံးပြုခွင့်ပေးခဲ့သော   လေးခု မြောက် ကိုဗစ်- ၁၉ ကာကွယ်ဆေး ဖြစ်လာခဲ့သည်။ 
မော်ဒါနာ    ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးသူ ၁ဝဝ ကို ပထမဆုံး    စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပေါလ်ကပြောသည်။ 
အိန္ဒိယနိုင်ငံ၌    ကိုဗီရှီးလ်၊ ကိုဗက်ဇင်၊  စပွန်နစ် ကိုဗစ်- ၁၉ ကာကွယ်ဆေးများကို အရေးပေါ် အသုံးပြုခွင့်ပေးပြီးနောက်   ယခု တစ်ခါ  အရေးပေါ်  အသုံးပြုခွင့် ပေးလိုက်သော  မော်ဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေးသည်  အိန္ဒိယ နိုင်ငံ၏ လေးခုမြောက် ကိုဗစ်- ၁၉ ကာကွယ်ဆေးဖြစ်လာခဲ့သည်။
ဆင်ဟွာ