
နေပြည်တော် ဇွန် ၂၉
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တို့အား ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ ပြီး ဇွန် ၂၈ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၄၃ စီး၊ သွင်းကုန် ၈၄ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၄၁ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါစစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များအား စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ကျ အကောက်ခွန်စစ်ဆေးရေး အဖွဲ့သည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ လှည့်လည်စစ်ဆေးစဉ် ဖိုင်မောက်ရွာအနီးရှောင်ကွင်းလမ်းအတွင်းရှိ သစ်ပင်အနီး၌ ရှောင်ကွင်း သယ်ဆောင်ရန်စုပုံထားသော တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသည့် တရုတ်စာတန်းပါ (Compound fertilizer)(1bag x 40kg) 70 bags နှင့် အပင်ပိုးသတ်ဆေး (14) မျိုး (44 Pkg) စုစုပေါင်းတားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၃၉၈ သန်းအား ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်