တိုးတက်နေသည့် ကမ္ဘာကြီးနှင့် မျိုးဆက်သစ်လူငယ်မောင်မယ်

 

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ နှစ်မှ  ၂၄  နှစ်အထိ  ၈  ဒသမ  ၆၁   ရာခိုင်နှုန်း   ပါဝင်လျက်ရှိသည်။   အဆိုပါအသက်အရွယ်သည်  ယေဘုယျအားဖြင့်ဆိုပါက  အခြေခံပညာများနှင့်  အဆင့်မြင့်ပညာ များကို     ကျောင်းများ၊     တက္ကသိုလ်များတွင်    သင်ကြားနေကြပြီး    အနာဂတ်အတွက်     ပြင်ဆင်နေကြရမည့်    အရွယ်များဖြစ်သည်။      လူငယ်များသည် အနာဂတ်ကာလ နိုင်ငံတော်ကို ဦးဆောင်မည့်သူ များ၊ အနာဂတ်ကာလနိုင်ငံတော်ကို ပုံဖော်တည်ဆောက်မည့်သူများ ဖြစ်ရာ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် နိုင်ငံတော်က ပြုစုပျိုးထောင်ပေးလျက်ရှိသည်။
လူငယ်ဘဝတွင် အနာဂတ်အတွက် မျှော်လင့်ချက်များနှင့်အတူ      အားမာန်နှင့်ပြည့်စုံခြင်း၊  နိုးကြားတက်ကြွခြင်း၊ သွက်လက်ဖျတ်လတ် ခြင်း၊ စူးစမ်းလိုခြင်းနှင့်  စွန့်စားလိုစိတ်တို့ရှိခြင်း၊   တီထွင်ဖန်တီး တတ်ခြင်း စသည့်အရည်အသွေးကောင်းများ  ပေါ်လွင်ထင်ရှားစွာ ရှိနေကြရာ လူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ- ဗလငါးတန်ပြည့်စုံလာအောင် လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံ့အနာဂတ် အတွက်   ကောင်းမွန်သည့်အင်အားစုများ    ရရှိလာမည်ဖြစ်သည်၊၊   နိုင်ငံတော်အနေဖြင့်   အနာဂတ်မျိုးဆက်သစ်များ   ပြုစုပျိုးထောင် ပေးနိုင်ရေးအတွက်  လူရည်ချွန်စီမံကိန်းအပြင်  လူငယ်ကဏ္ဍ အစီ အစဉ်များစွာ ဆောင်ရွက်လျက်ရှိသကဲ့သို့ အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာရေး၊ အခြေခံပညာအဆင့် တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား ကျောင်းသူများအားလုံး     အနည်းဆုံးအလယ်တန်းဆင့်    (KG+9) ပြီးမြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ကျောင်းသား   ကျောင်းသူများအားလုံး     အလယ်တန်းဆင့် (KG+9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်   ခရိုင်  ၅၀ ခရိုင်ရှိ အခြေခံပညာအထက်တန်း ကျောင်း ၅၁ ကျောင်းတွင်  ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၄ - ၂၀၂၅   ပညာ သင်နှစ်တွင်  ခရိုင်  ၃၄ ခရိုင်၌ အခြေခံပညာနှင့်  စက်မှု၊  စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်း ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ရာ  အဆိုပါကျောင်းများတွင် တက်ရောက်ကြမည့်  ကျောင်းသား ကျောင်းသူများသည် အထက်တန်းဆင့်သင်ယူနေစဉ်ကာလ၌ စက်မှု နည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့်  အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ    ရရှိလာမည်ဖြစ်သည်။    ထူးချွန် ထက်မြက်သူများမှာ      ဝါသနာပါရာ      အဆင့်မြင့်ပညာများကို သက်ဆိုင်ရာ  သိပ္ပံ၊  ကောလိပ်၊   တက္ကသိုလ်များတွင် ဆက်လက် သင်ယူနိုင်ကြမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်     ၂၀၂၃ - ၂၀၂၄   ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား   တွေ့ဆုံဩဝါဒစကား   ပြောကြား ရာတွင် “ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့် အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို   ကောင်းမွန်စွာ   လေ့ကျင့်သင်ကြား ပေးရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီး လိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေ ရန်  ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့  ဥပဒေကို  သိရှိလေးစားလိုက်နာ တတ်ရန်နှင့်      ကျင့်ဝတ်သိက္ခာပြည့်ဝပြီး       လူမှုတာဝန်များကို ကျေပွန်စွာပြုမူနေထိုင်တတ်စေရန်လည်း      လမ်းပြသွန်သင်ပေးသွား ကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိအသက်  ၁၅ နှစ်အရွယ်လူငယ်သည်  လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း နိုင်ငံတွင် တစ်စုံတစ်ရာသော တာဝန်ကို ထမ်းဆောင် သူဖြစ်လာမည်ဖြစ်သည်။ မျိုးဆက်သစ်များ၏ တိုးတက်မြင့်မားမှု သည် နိုင်ငံတော်၏တိုးတက်မြင့်မားမှုပင်ဖြစ်ရာ မျိုးဆက်တစ်ဆက် ပြီးတစ်ဆက်   တိုးတက်လာအောင်   ပစ္စုပ္ပန်မျိုးဆက်တို့က မြှင့်တင် ကြရန် တာဝန်ရှိသည်။ တိုးတက်ပြောင်းလဲနေသည့် ကမ္ဘာကြီးနှင့် အတူ   လိုက်ပါပြောင်းလဲကာ   နိုင်ငံတော်ကြီး  အဓွန့်ရှည်  တည်တံ့ ခိုင်မြဲရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာဝပြောရေးတို့အတွက် ဉာဏ်ပညာ၊   အတတ်ပညာမြင့်မားသော၊ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော၊    ကိုယ်ကျင့်သိက္ခာတရားကို    တန်ဖိုး ထားသော      လူငယ်မျိုးဆက်သစ်များကို     မွေးထုတ်ကြရပါမည့် အကြောင်း။    ။