ကော်ဖီသတင်းကောင်း

 

မြန်မာ့ကော်ဖီကို   ပြည်ပဈေးကွက်  ဝယ်လိုအား‌တောင်းဆိုမှုများ မြင့်တက်လာနေခြင်းမှာ  မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ အဖို့ မင်္ဂလာသတင်းကောင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် ကော်ဖီစီမံကိန်းကို လွန်ခဲ့ သည့် ဆယ်စုနှစ်တစ်ခုစာမက ကပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်စိုက်ပျိုးမှုများမပြုခဲ့သဖြင့်  ပြန်လည်စိစစ်မှု၊ လုပ်ကိုင် ခွင့် ရုပ်သိမ်းမှုများပြုခဲ့ရသည်။  အကယ်၍သာ  ထိုစဉ်က  စီမံကိန်း ရည်မှန်းချက်နှင့်အညီ အမှန်တကယ်စိုက်ပျိုးခဲ့ကြပါလျှင် ယခုအချိန် တွင် ကော်ဖီထုတ်လုပ်မှု  အရှိန်အဟုန်ရရှိနေမည်ဖြစ်ပြီး ဈေးကွက် တွင်လည်း ‌နေရာတစ်ခုရရှိနေနိုင်မည်ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင်  ကုန်းမြင့်ကော်ဖီခေါ်   အာရေဘီကာ ကော်ဖီ  ဧက  ၄၀၀၀၀  ခန့်နှင့်  မြေနိမ့်ကော်ဖီခေါ် ရိုဘတ်စတာ ကော်ဖီစိုက်ဧက  ၁၀၀၀၀  ခန့်စုစုပေါင်း ကော်ဖီဧက ၅၀၀၀၀ ခန့် စိုက်ပျိုးလျက်ရှိသည်။ နှစ်စဉ်ကော်ဖီတန်ချိန် ၉၀၀၀ ကျော် ထွက်ရှိ သည့်အနက် တန်ချိန်  ၅၀၀၀  ကျော်ကို   ပြည်ပသို့ တင်ပို့လျက်ရှိ ကြောင်းနှင့် တိုးချဲ့တင်ပို့နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊   မြန်မာနိုင်ငံမှ ကော်ဖီများကို   တရုတ်၊  ထိုင်း၊  အမေရိကန်၊ နယ်သာ လန်၊   ဩစတြေးလျ၊    ဂျပန်၊   ပြင်သစ်၊   ဂျာမနီ၊    ဘယ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံတို့သို့   တင်ပို့ခဲ့ကြောင်း  သတင်းများတွင် တွေ့ရှိ ရသည်။  ကမ္ဘာပေါ်တွင်   ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့နေသည့် နိုင်ငံပေါင်း   မြန်မာအပါအဝင်  ၇၅  နိုင်ငံရှိရာ  မြန်မာ့ကော်ဖီသည်  အနံ့အရသာနှင့်      အရည်အသွေးပိုင်း၌    ထိပ်တန်းအဆင့်မြင့် နိုင်ငံတကာဈေးကွက်တွင် နာမည်ကောင်းရရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင်   ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ  ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရန်အတွက် ကော်ဖီလုပ်ငန်း လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်၍ အစီအစဉ် ရေးဆွဲဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် “ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သလို “ ကော်ဖီသည် နှစ်ရှည်သီးနှံတွင် ပါရှိပြီး ကမ္ဘာနှင့်အဝန်း သောက်သုံးကြသည့် ဈေးကွက်ရှိသည့် သီးနှံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အောင်မြင် အောင် ဆောင်ရွက်မည်ဆိုပါက ကော်ဖီသည်  တိုင်းပြည်အတွက်၊ ဒေသအတွက်အကျိုးရှိမည့်   လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ်မှတ် ထားသည့်  စည်းမျဉ်းစည်းကမ်းများနှင့်အညီ   စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး   ထိထိရောက်ရောက်ဖြင့်   အောင်မြင်အောင် လုပ်ဆောင်ကြစေလိုကြောင်း” ဖြင့်လည်း မှာကြားခဲ့သည်။ 
ကမ္ဘာ့ဈေးကွက်တွင် ကော်ဖီသည် ရောင်းဝယ်မှုပမာဏ ဒုတိယ အများဆုံးဖြစ်ရာ ဈေးကွက်ကြီးမားကျယ်ပြန့်လှသည်။ အာဆီယံ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သည့် နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်သို့ ကော်ဖီတန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၈ ဘီလီယံရရှိခဲ့ရာ ကော်ဖီအင်အားကြီးနိုင်ငံဟု ဆိုရမည်ဖြစ်သည်။ စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံအနေဖြင့် ဗီယက်နမ် နိုင်ငံ၏ ဆန်စပါး၊ အုန်းသီး၊ ကော်ဖီ၊ ဒူးရင်း၊ ထောပတ်သီး စသည့် စားသောက်ကုန်သီးနှံ  သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှုတို့မှာ   အတု ယူဖွယ်ပင်ဖြစ်သည်။ စိုက်ပျိုးရေးအတွက် လိုအပ်သည့်  ရေ၊ မြေ သယံဇာတပြည့်စုံစွာရှိသည့်   နိုင်ငံတစ်နိုင်ငံအနေဖြင့်   စီးပွားဖြစ် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့်      အမှန်တကယ်စီးပွား ဖြစ်ထွန်းနိုင်သည့် သာဓကလည်းဖြစ်သည်။
ယခုအခါ    မြန်မာ့ကော်ဖီကို    ပြည်ပဈေးကွက်ဝယ်လိုအား တောင်းဆိုမှုမြင့်တက်လာခြင်းသည်    အခွင့်အခါကောင်းဖြစ်သော် လည်း   ကော်ဖီသည်  နှစ်ချင်းစိုက်၍သီးသည့်   သီးနှံမဟုတ်သည့် အလျောက် ရေရှည်အတွက်မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်သည်။     ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု    လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေအကျိုးအမြတ်များ ဖြစ်ထွန်း ပေါ်ပေါက်လာ‌ရေးအတွက် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရန် ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး၊ လက်ရှိစိုက်ဧကများတွင် အထွက်နှုန်းများ ကောင်းမွန် လာရေး၊ ဈေးကွက်ဝင်အရည်အသွေး စံချိန်စံညွှန်းများ ကောင်းမွန် ရေး၊ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ ကော်ဖီကုန်ချောများ ထုတ်လုပ်နိုင် ရေး၊ ကိုယ်ပိုင်အမှတ်တံဆိပ်များနှင့် ထုပ်ပိုးမှုများ နိုင်ငံတကာအဆင့်မီ ဆွဲဆောင်မှုရှိရေးတို့အတွက်    ကော်ဖီလုပ်ငန်းရှင်များက   အဓိက ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရပါမည့်အကြောင်း။    ။