လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဖိနပ်အောက်ခံဆိုးပြားစက်ရုံကို မီးရှို့ဖျက်ဆီးခဲ့မှုတွင် ပါဝင်သူအား ပြစ်ဒဏ်ချမှတ်

နေပြည်တော်  ဇွန်   ၂၉


ရန်ကုန်တိုင်းဒေသကြီး     လှိုင် သာယာ    (အနောက်ပိုင်း)မြို့နယ် မြေတိုင်း(၂၂)  အလယ်ကျေးရွာ ဦးဖိုးလှိုင်လမ်းနှင့်    ဦးရွှေဘင် လမ်းထောင့် အကွက်အမှတ်(၂၀)ရှိ Myanmar Rong  Wie New ဖိနပ်အောက်ခံ  ဆိုးပြားစက်ရုံကို မတ် ၁၄ ရက် ညနေ ၄ နာရီခန့်တွင် အောင်ဇော်လင်း (ဘ) ဦးဇော်ဇော် အပါအဝင်  ၂၁  ဦးတို့နှင့်အတူ မီးရှို့ဖျက်ဆီးခဲ့သဖြင့်    မီးဖြင့် အကျိုးဖျက်ဆီးမှုကို     ကျူးလွန် ခဲ့သည့်အတွက်  စစ်အုပ်ချုပ်ရေး (Martial   Law)      စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ -၄၃၆  အရ ၎င်းတို့အား  မေ  ၂၄    ရက်တွင်  “အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို    ချမှတ်လိုက်သည့် သတင်းအား        ထုတ်ပြန်ပြီး ဖြစ်သည်။


အဆိုပါ    ပြစ်ဒဏ်ချမှတ် ခံရသူများအနက်      ထွက်ပြေး လွတ်မြောက်နေသဖြင့် ၎င်းတို့နှင့် စပ်လျဉ်း၍    ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/၈၈        အရ ဖမ်းဝရမ်း      ထုတ်ထားသူများ အနက်မှ   အောင်ဆန်းလင်း(ခ)အောင်ဆန်းမြင့် (ဘ) ဦးအောင်သူ ကို ဖမ်းဆီးရမိခဲ့သဖြင့် စစ်အုပ်ချုပ် ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၆  အရ  ၎င်းအား ဇွန် ၂၈ ရက်တွင် “အလုပ် နှင့် ထောင်ဒဏ်(၂၀)နှစ်” အမိန့်ကို ချမှတ်လိုက်ကြောင်း    သတင်း ရရှိသည်။                

သတင်းစဉ်