
နေပြည်တော် မေ ၂၃
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမား များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ၌ ကျင်းပ သည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော် ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြ မည့် အားကစား မောင်/မယ် များ အနေဖြင့် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်း အောင်နိုင် ရေးအတွက် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစား စိတ်ဓာတ်အပြည့်အဝနှင့် အနိုင် မခံ အရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင် သွားကြစေလို ကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင် အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား ကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြ စေလိုကြောင်း ပြောကြားပြီး ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။
ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစား သမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး (အပေါ်ပုံ) အမျိုးသား နှစ်ယောက်တွဲ အဖွဲ့ လိုက်ပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် ကရင် ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင် နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ ပြည်နယ် နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်း ဒေသကြီးများမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၂၈ သင်းမှ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၆၉ ဦးဖြင့် ပြိုင်ပွဲကာလ မေ ၂၃ ရက်မှ ၃၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပ သွားမည်ဖြစ်ရာ ပိုက်ကျော်ခြင်း ကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။ သတင်းစဉ်