
မန္တလေး မေ ၂၃
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း)ကျောင်း များကို ဇွန် ၃ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး “ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံ ပညာသင်ယူဖို့ ကျောင်းအပ်နှံကြ ပါစို့ ” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်ကို မေ ၂၃ ရက် မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထား ကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင် ဆောင်ရွက်ကြသည်။
မန္တလေးမြို့အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံ ရေးလုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ ဆရာမများက ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက် အပ်နှံရာတွင် စနစ်တကျနှင့် အဆင် ပြေချောမွေ့စေရေး၊ ကျောင်းသား စာရင်းပေးသွင်းရာတွင် စည်းကမ်း တကျ ဖြစ်စေရေးတို့အတွက် ကြီးကြပ် ဆောင်ရွက်ပေးကြ သည်။
ကျောင်းအပ်နှံရေး လုပ်ငန်း ဆောင်ရွက် ပေးခြင်းများနှင့် စပ်လျဉ်း၍ အမှတ်(၁၆)အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ သန်းထိုက်စိုးက “ကျွန်တော် တို့ကျောင်းမှာ ကျောင်းအပ်နှံမယ့် ကလေးတွေက အရင်ထက်ပိုများ ပါတယ်၊ ကျွန်တော်တို့ကလည်း နိုင်ငံတော်အကြီးအကဲနဲ့ ပညာ ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်း ကျောင်းနေအရွယ် ကလေးတွေ၊ အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းမတက်ဖြစ်တဲ့ ကလေးတွေအားလုံးကို ကျောင်း အပ်လက်ခံဖို့ရှိပါတယ်၊ ကျွန်တော် တို့မှာ ဆရာအင်အားနဲ့ ကျောင်း ဆောင်တွေလည်း အပြည့်ရှိပါ တယ်၊ အခမဲ့ပညာသင်ကြားပေး ခြင်းစနစ်ဖြစ်တဲ့အတွက် ပုံနှိပ် စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ၊ စာရေးကိရိ ယာတွေလည်း ပေးပါတယ်၊ ကျောင်းအပ်နှံဖို့ သတ်မှတ်ထားတဲ့ မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်နေ့ အထိ ကလေးတွေကို ပိတ်ရက် မရှိဘဲ ကျောင်းအပ်လက်ခံသွား ပါမယ်၊ ကျောင်းဖွင့်ရင်လည်း စာကို အပြည့်အဝသင်ကြားပေး သွားမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းနေအရွယ် ကလေးတွေ ကျောင်းအမြန်ဆုံး အပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
ကျောင်း အပ်နှံရာတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာ သင်ကြားနိုင်ရေးအတွက် မည်သည့် ငွေကြေးမှ မကောက်ခံဘဲ အခမဲ့ ပညာရေးစနစ်ဖြင့် ဆောင်ရွက် ပေးနေပြီး ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ကိုလည်း ထောက်ပံ့ပေးလျက် ရှိသည်။
ကျောင်းသားမိဘတစ်ဦးက လည်း “ကျောင်းအပ်နှံရတာ အားလုံး အဆင်ပြေပါတယ်၊ ဆရာ ဆရာမတွေကလည်း ကျောင်း အပ်နှံရေးလုပ်ငန်းစဉ်အဆင့်ဆင့် ကို သေချာလေးရှင်းပြပေးပြီး ဆောင်ရွက်ပေးပါတယ်၊ ကျွန်တော် တို့ သား သမီးတွေရဲ့ ပညာရေး မနှောင့်နှေး စေချင်တဲ့အတွက် အချိန်မီ လာရောက်အပ်နှံခြင်း လည်းဖြစ်ပါတယ်၊ ကျောင်းသုံး စာအုပ်တွေ၊ စာရေးကိရိယာတွေ ကိုလည်း အခမဲ့ပေးတဲ့အတွက် ကျေးဇူးလည်း တင်ရှိပါတယ်၊ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ ရဲ့ သား သမီးတွေကို ကျောင်းအမြန်ဆုံးလာရောက်အပ်နှံကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ပြော သည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ် ရာတွင်လည်း ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ် စွာဖြင့် ပညာသင်ကြားနိုင်ရေး အတွက် ဆောင်ရွက်ထားရှိပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ် အတွင်း၌လည်း မန္တလေးမြို့ရှိ ကျောင်းများတွင် အုပ်ချုပ်ရေးအဖွဲ့ အစည်းများက လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၌ အခြေခံပညာကျောင်းပေါင်း ၄၁၉၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ပေါင်း ၂၃၅ ကျောင်းနှင့် ဘုန်းတော် ကြီးသင်ပညာရေး ကျောင်း ၃၁၁ ကျောင်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
မောင်အေးချမ်း