နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီး ချောက်မြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

 

နေပြည်တော်   မေ    ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊  ခရီးစဉ်တွင်  လိုက်ပါလာသည့် အဖွဲ့ဝင်များ၊     မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီး  ချောက်မြို့ရှိ   ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    မြို့မိမြို့ဖများအား   ချောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   မြို့နယ်အစည်း အဝေးခန်းမ၌  တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍        ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသလိုအပ်ချက်များအား အသီးသီးတင်ပြ
ဦးစွာ  ချောက်ခရိုင်  ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက    ဒေသဆိုင်ရာ   အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ မှုအခြေအနေများ၊ နွေရာသီကာလတွင် အပူရှောင် နိုင်ရေးအတွက်   အပူရှောင်စခန်းများ  ဆောင်ရွက် ထားရှိမှုနှင့်  ထပ်မံတည်ဆောက်နိုင်ရေး   လျာထား ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြို့မိမြို့ဖများ က    ကျန်းမာရေးဆိုင်ရာ  လိုအပ်ချက်များအား ဖြည့်ဆည်းပေးစေလိုမှု၊  အပူဒဏ်ကိုပြင်းထန်စွာခံစားရသည့်ဒေသဖြစ်သဖြင့် သစ်ပင်သစ်တောစိုက်ပျိုး ခြင်းများကို  အောင်မြင်စွာ  ဆောင်ရွက်ပေးစေလိုမှု၊ သောက်သုံးရေ အခက်အခဲရှိမှု၊ မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လာသည့်အတွက် ကုန်တင်ကား ကြီးရပ်နားဝင်းကို အမြန်ဆုံးဖော်ဆောင်ပေးစေလိုမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ ရေနံလုပ်ငန်းဧရိယာအတွင်း  ကျူးကျော်နေထိုင်သူ များကို   ဥပဒေနှင့်အညီ  ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို အသီးသီးတင်ပြ ဆွေးနွေး ကြသည်။  
တင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ဖြည့်စွက်ဆွေးနွေး
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် အစိုးရအနေဖြင့် ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊    ချောက်မြို့နယ်နှင့်ကားလမ်းဘေးဝဲယာများတစ်လျှောက်       သစ်ပင် သစ်တောများ   စိုက်ပျိုးနိုင်ရေး  နိုင်ငံတော်မှလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ်  ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အလားတူ ဒေသခံများအနေဖြင့် မိမိတို့၏ အိမ်ခြံဝင်းအတွင်းနှင့်  ပတ်ဝန်းကျင်များ တွင်လည်း      သစ်ပင်များစိုက်ပျိုးရန်လိုကြောင်း၊ ဧရာဝတီမြစ်ရေတင်စီမံကိန်းများကို      အောင်မြင် အောင် အကောင်အထည်ဖော်၍ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်းဖြင့်    ဖြည့်စွက် ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတစ်ဝန်း  သစ်ပင်သစ်တောများ   စိုက်ပျိုးရန် လျာထားလျက်ရှိမှုနှင့်         ကျေးရွာတစ်ရွာလျှင် သစ်တောစိုက်ခင်း အနည်းဆုံး ၂ ဧက စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ အပူပိုင်းဇုန်ဒေသများတွင် သစ်ပင်စိုက်ပျိုးရာ၌ ဒေသနှင့် ကိုက်ညီသည့် သစ်ပင် မျိုးများကို စိုက်ပျိုးရန်နှင့် ပျိုးပင်များအား ဒေသ၏ ရာသီဥတုဒဏ်ကို     ခံနိုင်ရည်ရှိအောင်   လေ့ကျင့် ပျိုးထောင်၍ စိုက်ပျိုးမည်ဆိုပါက အောင်မြင်ဖြစ်ထွန်း နိုင်မည်ဖြစ်သဖြင့်  သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများက နည်းပညာပိုင်းဆိုင်ရာအကူအညီများ ပေးသွားမည်ဖြစ်မှု၊           အပူပိုင်းဇုန်ဒေသများအား သဲကန္တာရဒေသအဖြစ်သို့ မရောက်ရှိစေရေး အပူပိုင်း ဇုန်ဒေသ    စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု၊ ချောက်ခရိုင် သည် ဆီထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင် ထုတ်လုပ်နိုင်ပြီး MSME လုပ်ငန်း များ တိုးတက်အောင်ဆောင်ရွက်၍ ထုတ်ကုန်များပိုမို ထုတ်လုပ်နိုင်သည့်         အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်ဆွေးနွေးပြောကြားသည်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထုတ်ကုန်တိုးမြှင့်ရေး
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား ရာ၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့်         ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊      အဓိက အားဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေး    ဆောင်ရွက်ရမည်ဖြစ်ပြီး  စီးပွားရေးအရ အောင်မြင်ရန်အတွက် အခြေခံလိုအပ်ချက်မှာပညာရည်မြင့်မားရေးပင်ဖြစ်ကြောင်း၊    ချောက်ဒေသ အတွင်း၌     စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင် ရန်အဓိကလိုအပ်ကြောင်း၊   မိမိတို့နိုင်ငံ၏   အဓိက စီးပွားရေးလုပ်ငန်းမှာ      စိုက်ပျိုးမွေးမြူရေးပင်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက်     မျိုးကောင်းမျိုးသန့်ရရှိရေး၊   မြေကို ကောင်းမွန်စွာ  ပြုပြင်ရေး၊ အောင်ရေကောင်းမွန်စွာ ရရှိရေးနှင့်    စိုက်နည်းစနစ်များ  မှန်ကန်ရန်လိုအပ် မည်ဖြစ်ကြောင်း၊            ချောက်ဒေသအတွင်း၌ ယာစိုက်ပျိုးမှုပိုမိုများပြားသည်ကို   တွေ့ရှိရသဖြင့် မြေပြုပြင်မှုများကို  မှန်မှန်ကန်ကန်ဆောင်ရွက်နိုင် ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ် သည့် ဓာတ်မြေဩဇာများကို နိုင်ငံအတွင်း ထုတ်လုပ် လျက်ရှိသကဲ့သို့ ပြည်ပမှလည်း တင်သွင်းပေးလျက်ရှိ ကြောင်း၊   အလားတူ  မြေဆွေး၊  မြေဩဇာများနှင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်း များကိုလည်း သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင် မည်ဖြစ်သဖြင့်   အကျိုးရှိရှိ    ဆောင်ရွက်ကြစေလို ကြောင်း။ 
မွေးမြူရေးလုပ်ငန်းများ       ဆောင်ရွက်ရာတွင် ဒေသအတွင်း စားရေးကိုတိုက်ရိုက်အထောက်အကူ ပြုစေမည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင် ရန်လိုကြောင်း၊ဒေသတွင်းစားသုံးမှုမှ ပိုလျှံလာသည့် အသား၊ ငါး၊ ဥများကို      ဘုရားဖူးဧည့်သည်     အများအပြား လာရောက်သည့် ပုဂံဒေသအပါအဝင်  အခြားဒေသ များသို့လည်း     တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ဒေသ၏လူမှုစီးပွားဘဝသည်လည်း    မြင့်တက်လာ မည်ဖြစ်ကြောင်း၊  လုပ်ငန်းများ  ဆောင်ရွက်ရာတွင် တိုးတက်လိုသည့်စိတ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ဒေသမှ     ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
ပညာရေးကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့်
ဒေသတစ်ခုဖြစ်စေရေး
ချောက်နယ်မြေသည် ရေနံထုတ်လုပ်မှုမှ စက်မှု အခြေခံကောင်းခဲ့သည့်  ဒေသတစ်ခုဖြစ်ခဲ့ပြီး  အစဉ် အလာကောင်းရှိသည့် ဒေသဖြစ်သဖြင့် လက်ရှိအချိန် တွင်လည်း     MSME   စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်     ဆောင်ရွက်ကြစေလိုကြောင်း၊ MSME လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် အတွက်   အသိပညာအတတ်ပညာများ  ပေါကြွယ်ဝ သည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည် ဖြစ်ကြောင်း၊   ထို့ကြောင့်   ဒေသအတွင်းပညာရည် မြင့်မားရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ကြ စေလိုပြီး ချောက်ခရိုင်သည် ပညာရေးနှင့်ပတ်သက်၍ အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊   မိမိတို့နိုင်ငံ လူဦးရေ၏   အများစုမှာ   မူလတန်းပညာကိုသာ တတ်မြောက်ကြသူများဖြစ်သဖြင့်  ပညာတတ်များ ပေါကြွယ်ဝလာအောင်       ဆောင်ရွက်ပေးမှသာလျှင် ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ တိုးတက် လာမည်ဖြစ်ကြောင်း၊ ချောက်ဒေသတွင် ရှိပြီးသားဖြစ် သည့် ပညာရေးနှင့်ပတ်သက်သည့် အခြေခံကောင်း များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြစေလို ကြောင်း။
ပညာရေးကို ကောင်းစွာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးကောင်းရန်လည်း        လိုအပ်မည်ဖြစ် ကြောင်း၊     ကျန်းမာစွာ    နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝသည့်       အစားအသောက်များနှင့် နေထိုင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အသိပညာ များရှိမှသာ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှု ပုံစံများကို   သိရှိနိုင်မည်ဖြစ်ကြောင်း၊   နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေး အတွက်  ပြည်သူလူထုအနေဖြင့်  စနစ်တကျနေထိုင် လုပ်ကိုင်ဆောင်ရွက်နေရန်လိုပြီး ညီညီညွတ်ညွတ် ဖြင့်   ဆောင်ရွက်ကြရန်လိုကြောင်း၊    တည်ငြိမ် အေးချမ်းမှုရှိမှသာ     ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း။
အပူပိုင်းဇုန်ဒေသများ၌ အပူရှောင်အဆောက်အဦများဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ
ရာသီဥတုနှင့်ပတ်သက်၍ ချောက်မြို့နယ်သည် ရာသီဥတုပူပြင်းသည့် ဒေသဖြစ်ကြောင်း၊ ရာသီဥတု ပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး      ကောင်းမွန်မှု    မရှိသူများအတွက် အပူရှောင်ခိုနားနိုင်မည့်   အဆောက်အဦကြီးများ တည်ဆောက်နိုင်ရန်လိုကြောင်း၊    ဥပမာအားဖြင့် အတွင်းလိုဏ်ပါသည့် ဘုရားစေတီများနှင့် ဂန္ဓကုဋိ တိုက်များကို    တည်ထားဆောင်ရွက်မည်ဆိုပါက  ဘုရားရိပ်တရားရိပ်အောက်တွင်        အပူဒဏ်ကို ရှောင်နိုင်မည်ဖြစ်ပြီး ကုသိုလ်လည်းရရှိနိုင်မည်ဖြစ် သကဲ့သို့       ဒေသ၏အထိမ်းအမှတ်ဘာသာရေး အဆောက်အဦများလည်း ဖြစ်လာနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်သင့်ကြောင်း၊ ထို့ကြောင့် အပူပိုင်း ဇုန်ဒေသများ၌  လူဦးရေအများအပြား  ဝင်ဆံ့ခိုနား နိုင်မည့်အတွင်း      လိုဏ်ပါရွှေတိဂုံစေတီတော်ပုံတူ စေတီ၊ စွယ်တော်စေတီတော်ပုံတူစေတီတို့ကို တာဝန် ရှိသူများ၊    အလှူရှင်များ   စုပေါင်း၍   တည်ထား ကိုးကွယ်နိုင်ရေး   စဉ်းစားနိုင်ကြောင်း  ပြောကြား သည်။
တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ         နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့်  ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ် ပြီး   ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း  သတင်းရရှိ သည်။
သတင်းစဉ်