
နေပြည်တော် မေ ၂၅
ပိုမိုတိုးတက်ကောင်းမွန်သော လူငယ်များနှင့် အနာဂတ်အတွက်ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပ သည့် အာဆီယံ-တရုတ် လူငယ်ခေါင်းဆောင်များ အပြန်အလှန်တွေ့ဆုံပွဲအခမ်းအနားကို မေ ၂၁ ရက် မှ ၂၄ ရက်အထိ ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပရာ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ အလုပ်အမှုဆောင်နှစ်ဦးနှင့် လူငယ်ငါးဦး ပါဝင်သောအဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာလူငယ်အဖွဲ့သည် အာဆီယံနိုင်ငံအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များနှင့် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခြင်း၊ အတွေ့အကြုံနှင့် ယဉ်ကျေးမှုဗဟုသုတများ ဖလှယ် ဆွေးနွေးခြင်း၊ နိုင်ငံအလိုက် အမျိုးသားယဉ်ကျေးမှု အဆိုအကများ တင်ဆက်ပြသခြင်းများ ဆောင်ရွက် ခဲ့ကြပြီး ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင် မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းမှ လူငယ်ကိုယ်စားလှယ် အဖွဲ့က နှစ်ပြည်ထောင်အကြား အစောဆုံးစတင် ခဲ့ကြသော ပျူခေတ်ယဉ်ကျေးမှုအနုပညာအက အစီ အစဉ်များ တင်ဆက်ပြသခဲ့ကြသည်။
အာဆီယံ လူငယ်ကိုယ်စားလှယ်အဖွဲ့များကို ကွမ်ရှီးမြို့တော်နန်နင်းနှင့် စက်မှုဇုန် လှူကျို့ Liuzhou မြို့များသို့ လေ့လာရေးခရီးများ လှည့်လည် ပို့ဆောင်ပြသခဲ့ကြောင်း သိရသည်။ သတင်းစဉ်