ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်နေမှုနှင့် မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေနေမှု လှည့်လည်ကြည့်ရှု

စစ်တွေ    မေ   ၂၅
ရခိုင်ပြည်နယ်       သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ    ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ မြို့မဈေးကြီး၊ ရွှေပြားဈေးနှင့် သဲချောင်း  ဈေးတို့တွင် မုန်တိုင်းအန္တရာယ်  ကြိုတင်ကာကွယ် နိုင်ရေး    အသိပေးနှိုးဆော်နေမှု၊    မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေနေမှု နှင့် ဈေးသူ ဈေးသားများ ဈေးရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ မြို့    မြို့မဈေးကြီးတွင်    ဌာနဆိုင်ရာဝန်ထမ်းများ၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့၊   အမျိူးသမီးရေးရာအဖွဲ့နှင့်   ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်း ငယ်သတင်းကို လှည့်လည်အသိပညာပေး နှိုးဆော် နေမှု၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးနေမှုတို့ကို     လှည့်လည်ကြည့်ရှုပြီး ဈေးသူ ဈေးသားများ ဈေးရောင်းချနေမှုနှင့် ဒေသခံ ပြည်သူများအား   ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ   မုန်တိုင်းဖြစ်ပေါ်နေသည့်  အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်  ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   မြို့မဈေးကြီးအတွင်း သားငါးတန်းဈေးသစ်  ဆောက်လုပ်ပြီးစီးနေမှုနှင့် ဈေးကြီးအနီးရှိ   ဆိပ်ခံတံတားတို့ကို  လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေပြားရပ်ကွက်ဈေးနှင့်    သဲချောင်းဈေးတို့တွင် ဌာနဆိုင်ရာများနှင့်     လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး   မိုးလေဝသနှင့်  ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတင်း ကို လှည့်လည်အသိပညာပေးနှိုးဆော်နေမှု၊ အသိ ပညာပေးလက်ကမ်းစာစောင်များ  ဖြန့်ဝေပေးနေမှု တို့ကို  လှည့်လည်ကြည့်ရှုပြီး   သဲချောင်းဈေးတွင် ဈေးသူ   ဈေးသားများ ဈေးရောင်းချနေမှုနှင့် ဈေးလာ ရောက်ဝယ်ယူနေကြသူများအား    ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ      မုန်တိုင်းဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက်    ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့  သည်   သဲချောင်းကျေးရွာရှိ  မာရမာကြီးကျောင်း ဟောင်း ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကာ   လှူဖွယ်ဝတ္ထုများ  ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲချောင်းကျေးရွာရှိ မုန်တိုင်းဒဏ်ခံအဆောက်အအုံ တွင်   သဲချောင်းကျေးရွာရှိ   ပြည်သူများနှင့်တွေ့ဆုံ ကာ မုန်တိုင်းဖြစ်ပေါ်နေသည့်  အခြေအနေများကို ရှင်းလင်းပြောကြားပြီး  ရွှေ့ပြောင်းရောက်ရှိလာသူများအတွက်   ကူညီထောက်ပံ့နိုင်ရန်   ဆောင်ရွက် ထားရှိမှုတို့ကို       လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း  သိရသည်။            

တင်ထွန်း(ပြန်/ဆက်)