သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက်များကို ပြည်သူလူထုထံသို့ အစောဆုံးထုတ်ပြန်ကြေညာနိုင်လေ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှုလျော့နည်းလေဖြစ်

 

ရန်ကုန်    မေ    ၂၅
ရန်ကုန်တိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် များသည် ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့နယ်    ပြည်သူ့ရင်ပြင်တွင် သဘာဝဘေးအန္တရာယ် ကျရောက်  လာပါက  ကူညီကယ်ဆယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး   လုပ်ငန်း များဆောင်ရွက်နိုင်ရေး လူ၊ ယာဉ်၊  ယန္တရား         စုဖွဲ့ထားရှိမှုများကို လှည့်လည်ကြည့်ရှု    စစ်ဆေးကြ သည်။ 
ထိုသို့     ကြည့်ရှုစစ်ဆေးရာ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ     တာဝန်ရှိသူ တစ်ဦးက သဘာဝဘေးအန္တရာယ်  ကာကွယ်ရေး၊  ကူညီကယ်ဆယ် ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ပြန်လည်‌  ထူထောင်ရေး  လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ရန်ကုန် မြို့တော်        စည်ပင်သာယာရေး ကော်မတီမှ     လူအင်အားစုဖွဲ့ ထားရှိမှု၊ မြေသယ်ယာဉ်အစီး၂၁၀၊  ၁၂ ဘီးယာဉ်   ငါးစီး၊ Loader (ဝန်ချီစက်)  ၁၂ စီး၊  မြေတူးစက် ခြောက်စီး ၊ ဒိုဇာနှစ်စီး၊ ကရိန်း ၁၄ စီး၊ ရေသယ်ယာဉ်ရန်ကုန်မြို့တော် စည်ပင်သာယာရေး   ကော်မတီမှ  ၂၅ စီး၊  တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း အထောက်အကူပြုယာဉ် ၆၂ စီး၊ မီးသတ်ယာဉ် ၃၀၈ စီး၊ ဆီဘောက်ဆာနှစ်စီး   စုစုပေါင်း ယာဉ်ယန္တရား  ၆၄၆ စီး၊ လူအင် အား   ၃၀၅၆ ဦး    စုဖွဲ့ထားရှိမှု များကို   လိုက်လံရှင်းလင်းတင် ပြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်က  သဘာဝဘေးအန္တရာယ် များသည် အဖျက်စွမ်းအားကြီးမား သည့်အတွက်     အလွန်အရေး ကြီးသော    ကဏ္ဍတစ်ရပ်အဖြစ်  နိုင်ငံတော်အစိုးရက   အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်း၍  လည်း ကောင်း၊ ထို့အတူ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့၊   ခရိုင်၊  မြို့နယ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့များဖွဲ့စည်း၍ အလေးထားဆောင် ရွက်လျက်ရှိကြောင်း၊            သဘာဝ ဘေးအန္တရာယ်များ   ဖြစ်ပွားလာ  ပါက ကြိုတင်သတိပေးချက်များ ကို  ပြည်သူလူထုထံသို့   အစော ဆုံး    ထုတ်ပြန်ကြေညာနိုင်လေ လူ့အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာ များဆုံးရှုံးမှု လျော့နည်းလေဖြစ်၍ စနစ်တကျ  စီမံဆောင်ရွက်ထား ရန်နှင့်    သဘာဝဘေးအန္တရာယ် များကျရောက်မည်ဟု သိရှိရပါက ပြည်သူလူထု     တစ်ရပ်လုံးကိုတာဝန်သိစိတ်ကိုယ်စီဖြင့် နိုးကြား တက်ကြွစွာ ပါဝင်ဆောင်ရွက်သွား ကြရေး၊   သက်ဆိုင်ရာတာဝန်ရှိသူ များက အသိပေးနှိုးဆော်သွားနိုင် ရေး စနစ်တကျဆောင်ရွက်သွား ရန်ပြောကြားပြီး   ယာဉ်ယန္တရား များကို  လိုက်လံကြည့်ရှုစစ်ဆေး ကာ တပ်စုဖွဲ့ထားသည့် တပ်ဖွဲ့ဝင် များအား  ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)