
မင်းလှ မေ ၂၈
၂၀၂၄ ခုနှစ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင် ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသ ကြီး မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မေ ၂၇ ရက်က စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် မန်နေဂျာ ဒေါ်အေးအေးမှုံက တောင်သူလယ်သမားများအနေဖြင့် သီးနှံ ပေါ်ချိန် တွင် ချေးငွေများအချိန်မီ ပြေကျေစွာပေးဆပ်ပြီးနောက် ချေးငွေ ရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ကာလရှည်ကြာစွာ အတူလက်တွဲ ဆောင်ရွက်ကြရန်နှင့် ချေးငွေများထုတ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမှုံနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုပေါင်း ၅၆ အုပ်စုမှ မိုးစပါးစိုက်ပျိုးစရိတ် အစောဆုံးအကျေပေးဆပ်နိုင်သည့် ရှမ်းကုန်းကျေးရွာအတွင်းရှိ တောင်သူ ၆၈ ဦး၏ ဧကပေါင်း ၄၂၉ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၆၄၃၅၀၀၀၀ ထုတ်ချေးပေးခဲ့သည်။
မင်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးယူမည့် တောင်သူ ၇၅၆၀ ၏ စပါးစိုက်ဧကပေါင်း ၅၁၈၆၅ ဧကမှ တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ငွေကျပ် ၇၇၇၉ ဒသမ ၇၅ သိန်းကို စက်တင်ဘာ လကုန်အထိ ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမှ သိရသည်။
ပေါက်စ(မင်းလှ)