
နေပြည်တော် မေ ၂၈
အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည် ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ် များသည် နိုင်ငံ၏အနာဂတ်ဖြစ်သကဲ့သို့ ပညာရေးသည်လည်း နိုင်ငံ၏ အနာဂတ် ဖြစ်သည့်အတွက် ပညာတတ်လူငယ်များ ဖြစ်လာစေရန် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေး၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းထွက်ရခြင်းများ မရှိစေ ရေးနှင့် တန်းစဉ်ကူးပြောင်းမှုတွင် အရေ အတွက်သာမက အရည်အချင်းပါ လျော့နည်းမသွားစေရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များနှင့်အညီ မိမိကိုယ်ကို၊ လူမှုပတ်ဝန်းကျင် ကို၊ နိုင်ငံတော်ကို အကျိုးပြုနိုင်သည့်၊ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်းမွန်သည့် လူကောင်းလူတော် နိုင်ငံ့သားကောင်း များကို မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတို့သားသမီးများကို မဖြစ်မနေ ကျောင်းအပ်ခြင်းဖြင့် မိဘဝတ္တရားကျေပွန် အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်အောင် ပြုစုပျိုးထောင်ကြရန်လို ကြောင်း၊ မိမိတို့၏ကလေးများ ပညာရည် ထူးချွန်မှုရှိစေရန် ပညာတတ်များဖြစ်စေ ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
ဌာနအကြီးအကဲများ၊ ဝန်ထမ်းမိဘ များအနေဖြင့် မိမိတို့၏ သားသမီး ကျောင်းသား ကျောင်းသူများကို နိုင်ငံ အတွက် အားကိုးအားထားပြုထိုက်သည့် လူငယ်များဖြစ်လာစေရေး၊ နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်း ရယူမည့် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာစေရေး၊ ပညာတတ်လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးနှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် မွန်မြတ်သော စေတနာဖြင့် တက်ညီ လက်ညီ ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားသည်။
တက်ညီလက်ညီကြိုးပမ်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်း များ၏ သားသမီးများဖြစ်သော တက္ကသိုလ် တက်ရောက်သူ ၁၅၀၊ အထက်တန်း တက်ရောက်သူ ၁၉၀ ၊ အလယ်တန်း တက်ရောက်သူ ၁၉၇ ဦးနှင့် မူလတန်း တက်ရောက်သူ ၅၆၉ ဦးဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၁၀၆ ဦး အတွက် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၁၇၂၂၂၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်း သားသမီး ကျောင်းသား ကျောင်းသူ များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်