
နေပြည်တော် မေ ၂၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ နေပြည်တော်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်/ ခရိုင်/ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်အလင်းစီမံချက်ဖြင့် ပျဉ်းမနားမြို့နယ် (ခုတင်-၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများ အခမဲ့မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက် ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် နေပြည်တော် တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသ ရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက မျက်စိအထူးကု ဆရာဝန်ကြီး အပါအဝင် အထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူ များ အခမဲ့မျက်စိခွဲစိတ်ကုသပေး ပြီး ကျန်းမာရေးစောင့်ရှောက်ပေး နေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ မျက်စိခွဲစိတ် ကုသ မှုခံယူပြီးသည့် လူနာများကို ဆေးမျက်မှန်များ တပ်ဆင်ပေး သည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူ များက လာရောက်ဆေးကုသမှု ခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပြီး ဆေးရုံအတွင်း မျက်စိ ကုသဆောင်တွင် ခွဲစိတ်ကုသမှု ခံယူနေသည့် လူနာများ၊ ခွဲစိတ်ခန်း တွင် မျက်စိခွဲစိတ်ကုသ၍ ကျန်းမာ ရေးစောင့်ရှောက်မှု ပေးနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးသည်။
ယနေ့ ပျဉ်းမနားမြို့နယ် (ခုတင်-၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ ကြီးတွင် နေပြည်တော်အလင်း စီမံချက်ဖြင့် မျက်စိခွဲစိတ်ကုသရန် စာရင်းပေးထားသည့် ၂၇ ဦးအနက် မှ ခွဲစိတ်မည့် မျက်စိဝေဒနာရှင် ၁၁ ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီး အဆိုပါလူနာများကို နေပြည်တော် အမျိုးသမီးရေးရာ အဖွဲ့နှင့် နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ က အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)