
နေပြည်တော် မေ ၂၈
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြ သည့် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဒေါက်တာ တင်ထွဋ်၊ ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက် ကြကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် နွေစပါး၊ မိုးစပါး စီမံကိန်း၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစီမံကိန်း၊ အသားတိုး ကြက်၊ ဥစားဘဲ၊ အသားတိုး ဝက် မွေးမြူရေး စီမံကိန်း၊ ဆက်လက် ဆောင်ရွက်မည့် စိုက်ပျိုးရေရရှိရေး စီမံကိန်းနှင့် နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ သိုး၊ ဆိတ် မွေးမြူ ရေး စီမံကိန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဆောင် ရွက်မှုတွင် ၂၀၂၂ - ၂၀၂၃ ခုနှစ်၌ ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်း အတွက် သုံးစွဲခဲ့သည့် ချေးငွေနှင့် ဝန်ဆောင်ခအားလုံး ပြန်လည် ရရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိသော စီမံကိန်းလုပ်ငန်းများ၏ ချေးငွေ နှင့် ဝန်ဆောင်ခများကို သတ်မှတ် ကာလ အချိန်မီရရှိရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး အတွက် တွန်းအားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ဆက်လက် ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းအား ရုံးချုပ် နှင့် တိုင်းဒေသကြီး လက်ကျန် ရန်ပုံငွေ နွေစပါးချေးငွေမှ ပြန်လည် ကောက်ခံရရှိမည့် ငွေများဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ အဆိုပြုဧက အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ စိစစ် အဆိုပြုဧက ၉ ဒသမ ၆ သိန်း အား လျာထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အလားတူ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မိုးမြေပဲ) စီမံကိန်းဧက ၁ ဒသမ ၀၈ သိန်းကို ဆောင်းဆီထွက်သီးနှံ မှ ချေးငွေပြန်လည်ကောက်ခံရရှိ မည့်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက် ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စုစုပေါင်းကျပ် ၃၁၈ ဒသမ ၉၁၄ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော် ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးခြောက်ခု နှင့် ပြည်နယ်လေးခုတို့တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ သော မွေးမြူရေးစီမံကိန်း ဖြစ်သည့် အသားတိုးကြက်၊ ဥစား ဘဲ၊ အသားတိုးဝက် မွေးမြူရေး အတွက် ချေးငွေအဆိုပြုလျှောက် ထားလာသူ မွေးမြူသူ၊ မွေးမြူသူ အစုအဖွဲ့များ၊ သွင်းအားစု ထောက်ပံ့သူများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့ နှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက် ရှိ ကြောင်း၊ ဆက်လက်ဆောင်ရွက် မည့် မွေးမြူရေးစီမံကိန်းတွင် ပါဝင်သည့် နို့စားနွား၊ အသားတိုး နွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ် မွေးမြူရေး လုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ်နှစ်ခုတို့ တွင် ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေမှ စိုက်ပျိုးရေရရှိရေး လုပ်ငန်း များကို ပြည်ထောင်စုနယ်မြေ အပါအဝင် မန္တလေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၈ မြို့နယ်၊ တောင်သူ ၁၃၃ ဦး၊ လုပ်ငန်း ၁၆၃ ခုမှ စိုက်ပျိုးမြေဧက ၁၄၀၀ ကျော်အတွက် စိုက်ပျိုးရေ ရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်