ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ဝိုင်းမော်မြို့နယ်အတွင်းမှ ထပ်မံတိမ်းရှောင်လာသော ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား 
ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ဝိုင်းမော်မြို့နယ်အတွင်းမှ 
ထပ်မံတိမ်းရှောင်လာသော ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းဆောင်ရွက်

 

မြစ်ကြီးနား   မေ    ၂၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်       အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း  ဝန်ထမ်းသားသမီးများ ပညာသင်      ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို မေ ၂၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌   ကျင်းပ သည်။ 
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာ စကားပြောကြားရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   ဝန်ထမ်း များ သက်သာချောင်ချိရေးအတွက် အထောက်အကူဖြစ်စေရန် နှစ်စဉ် နှစ်တိုင်း   ဝန်ထမ်းသားသမီးများ ကို    ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့်   ကျောင်းသုံး ပစ္စည်းများ  ထောက်ပံ့ပေးအပ်ခြင်း ကို    ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊  ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သားသမီးများကို လိမ္မာ ရေးခြားရှိပြီး  ထူးချွန်ထက်မြက် သည့်  ပညာတတ်မျိုးဆက်သစ်များ ဖြစ်လာအောင်    နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင်       ပံ့ပိုး ကြိုးပမ်းဆောင်ရွက်ကြရန်   လို ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက်   ပညာသင်နှစ် ထောက်ပံ့ကြေးနှင့်   ကျောင်းသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ် ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က        တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူ  ၂၆ ဦး တို့အတွက်  တစ်ဦးလျှင်  ငွေကျပ် ၅၀၀၀၀ စီဖြင့် စုစုပေါင်းငွေကျပ် ၁၃၀၀၀၀၀နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ လွယ်အိတ်၊ ထီး၊ ဝတ်စုံ စသည့် ပစ္စည်းတန်ဖိုး ၁၆၃၈၀၀၀ ဖြင့် စုစုပေါင်းပစ္စည်းနှင့်ငွေသား တန်ဖိုး၂၉၃၈၀၀၀ ကိုလည်းကောင်း၊   ပြည်နယ်တရား     လွှတ်တော် တရားသူကြီးချုပ်နှင့်        ဇနီး ပြည်နယ်စီးပွားရေးရာ ဝန်ကြီး၊ ပြည်နယ်လူမှုရေးရာ   ဝန်ကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဇနီး တို့က အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့်   မူလတန်းကြိုများ အတွက်    ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ  စုစုပေါင်း ကျောင်းသားဦးရေ   ၂၀၀  တို့ အတွက်     ပစ္စည်းနှင့်ငွေသား တန်ဖိုး        စုစုပေါင်းငွေကျပ် ၁၅၀၄၇၅၀၀ ကို    ပေးအပ်ကြရာ ဝန်ထမ်းများကိုယ်စား တာဝန်ရှိသူ တစ်ဦးက   ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့မှတစ်ဆင့်    ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်   စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌  ဝိုင်းမော် မြို့နယ်အတွင်း နယ်မြေမတည်ငြိမ် မှုဖြစ်စဉ်များကြောင့် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များရှိ ဘာသာရေး ကျောင်းဝင်းများ၌         ယာယီ တိမ်းရှောင်နေထိုင်လျက်ရှိသည့် မိသားစုများအား    အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့ တို့က   အခြေခံစားသောက်ကုန် များ   ထောက်ပံ့ပေးအပ်ပွဲ  အခမ်း အနားသို့ တက်ရောက်ရာ ပြည်နယ် ဝန်ကြီးချုပ်က  မိသားစုများအနေ ဖြင့် စိတ်ပျက်အားလျော့မှု မထား ဘဲ    အကောင်းဆုံးရင်ဆိုင်ပြီး လိုအပ်သည်များကို မိမိတို့အစိုးရ အဖွဲ့၊   ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းကျော်ဖြတ်ရမည်     ဖြစ် ကြောင်း၊ ယနေ့ အတတ်နိုင်ဆုံး လာရောက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည့်အပြင်        ယာယီခိုလှုံ နေထိုင်ရာနေရာများရှိ     လိုအပ် ချက်များကို    ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်    ဖြစ်ကြောင်း အားပေးပြောကြားသည်။
ထို့နောက်    ပြည်နယ်ဝန်ကြီး ချုပ်နှင့်       တာဝန်ရှိသူများက မြစ်ကြီးနားမြို့ပေါ်   ဘာသာရေး ကျောင်းဝင်းများ၊   မိဘမဲ့ဂေဟာ နှင့်  IDP  စခန်းများတွင်  ထပ်မံ လာရောက်  တိမ်းရှောင်နေထိုင် လျက်ရှိသည့် အိမ်ထောင်စု ၃၄၁ စု၊ လူဦးရေ ၁၅၁၃ ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန် ၂၄ ပြည်ပါ ဆန်အိတ်ပေါင်း ၃၄၁ အိတ်နှင့် ပြည်နယ်အစိုးရအဖွဲ့က ခေါက်ဆွဲ ခြောက်ဖာ ၃၄၁ဖာတို့ကို ထောက်ပံ့ ပေးအပ်ကြသည်။(ဝဲပုံ)
ယင်းနောက်   အိမ်ထောင်စု များက   ယာယီခိုလှုံနေထိုင်ရာ နေရာများတွင်      ယာယီအဆောက် အအုံများ တိုးချဲ့ဆောက်လုပ်ပေး ရေး၊ အဆောင်ဟောင်းများ ပြုပြင် ပေးနိုင်ရေး၊   သားသမီးငယ်များ ကျောင်းအပ်နှံနိုင်ရေး၊   ကျန်းမာ ရေးနှင့် သောက်သုံးရေလိုအပ်ချက် များကို   တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို   ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)