စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကျင်းပ

 

နေပြည်တော်    မေ   ၂၉ 
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး      ဗဟိုကော်မတီ   (၁/၂၀၂၄) အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ စက်မှုလုပ်ငန်း နှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး           ဗဟိုကော်မတီဥက္ကဋ္ဌ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး   စိုးဝင်း    တက် ရောက်     အမှာစကား        ပြော ကြားသည်။
အစည်းအဝေးသို့        ဗဟို ကော်မတီဝင်        ပြည်ထောင်စု ဝန်ကြီးများ၊ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး များ၊   ဌာနဆိုင်ရာ   အကြီးအကဲ များနှင့်    တာဝန်ရှိသူများ   တက် ရောက်ကြသည်။
အစီအမံများချမှတ်ဆောင်ရွက်
ဦးစွာ   စက်မှုလုပ်ငန်းနှင့်  စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ  နိုင်ငံတော်       စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင်    ယနေ့ကျင်းပ ပြုလုပ်သည့် အစည်းအဝေးသည် စက်မှု လုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး  ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်း အဝေးဖြစ်သည်နှင့်အညီ အစည်းအဝေး ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် စက်မှုဇုန် ဥပ‌ဒေ၊ နည်းဥပဒေများနှင့်အညီ စက်မှု လုပ်ငန်းများနှင့် စက်မှုဇုန်များ အောင်မြင် စွာ   အကောင်အထည်ဖော်  ဆောင်ရွက် နိုင်ရန်အတွက် အစီအမံများ ချမှတ်ဆောင် ရွက်နိုင်ရန်ဖြစ်ကြောင်း၊ စက်မှုဇုန်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျ စီမံထူထောင်၍ ပြည်တွင်း ပြည်ပလုပ်ငန်း ရှင်များ      ရင်းနှီးမြှုပ်နှံ    လုပ်ကိုင်နိုင်ရန် ဖြစ်ကြောင်း။
ထို့ပြင်   စက်မှုဇုန်များ၏  ကွန်ရက်  ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန်၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်  လူမှုပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုများ၊  စွမ်းအင်ဆိုင်ရာ      စီမံခန့်ခွဲမှုများနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ    စီမံ ခန့်ခွဲမှုများအား   သက်ဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စံချိန် စံညွှန်းများနှင့်အညီ        စနစ်တကျစီမံ ဆောင်ရွက်စေရန်၊      စက်မှုဇုန်များတွင် အသုံးပြုခွင့်ရရှိထားသော      မြေများကို လက်တွေ့အသုံးပြုခြင်းဖြင့် နိုင်ငံ့စီးပွား ရေး  တိုးတက်စေရန်အတွက်   မူဝါဒများ ချမှတ်        ဆောင်ရွက်သွားနိုင်စေရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်ဆိုသည့်  ရည်ရွယ်ချက်များနှင့်အညီ ကျင်းပခြင်း ဖြစ်ကြောင်း။
အငယ်စားစက်မှုဇုန်ဖော်ဆောင်ရေး 
ဆွေးနွေး
စက်မှုဇုန်နှင့် ပတ်သက်သည့် ဥပဒေ ကို  ၂၀၂၀  ပြည့်နှစ်  မေ  ၂၆  ရက်တွင် ထုတ်ပြန်ခဲ့ပြီး  နည်းဥပဒေများကို   ပြည် ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ၂၀၂၄ ခုနှစ် ဧပြီ ၂ ရက်တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  အမိန့် ကြော်ငြာစာအမှတ်   (၉၈/ ၂၀၂၄)  ဖြင့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီကို      ဖွဲ့စည်းခဲ့ပြီးဖြစ် ကြောင်း၊ ထို့ကြောင့် ဗဟိုကော်မတီအနေ ဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ဆွေးနွေးဆုံးဖြတ်ပြီး ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြထား သည့်  အငယ်စားစက်မှုဇုန် ဖော်ဆောင် ရေးကိုလည်း   ဆွေးနွေးပြီး  ဆက်လက် တင်ပြသွားရန်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌   ယနေ့ထိ    ဖွင့်လှစ်ပြီး စက်မှုဇုန်များကို ကြည့်လျှင် ပင်မစက်မှု ဇုန်  ၂၈   ခုနှင့်  ဇုန်ခွဲများပါရှိပါက ၅၃ ခု ရှိပြီး     စက်မှုရပ်ကွက်   ၅  ခုရှိသည်ကို တွေ့ရကြောင်း၊ တည်ထောင်ဆဲ စက်မှုဇုန် စီမံကိန်းမှာ နှစ်ခုရှိကြောင်း၊ တည်ထောင် ပြီး စက်မှုဇုန်များကို အဆင့်မြှင့်တင်ဖွံ့ဖြိုး တိုးတက်အောင်    ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့ တစ်ဖက်ကလည်း ဥပဒေ၊ နည်း ဥပဒေနှင့် မကိုက်ညီသည့် အချက်များ ကိုလည်း   ပြန်လည်ပြင်ဆင်  တည့်မတ် ထိန်းကျောင်း  သွားကြရမည်ဖြစ်ကြောင်း။
တာဝန်ရှိသူများကကြီးကြပ်ရမည်
ဗဟိုကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းမှာ ဒေသ ဆိုင်ရာစက်မှုဇုန်များ တည်ဆောက်ရေး နှင့်  ကြီးကြပ်ရေးကော်မတီကို  ဖွဲ့စည်း ပေးရမည်ဖြစ်ကြောင်း၊ အဆိုပါကော်မတီ ဖွဲ့စည်းပေးပြီးမှသာ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီကို  ထပ်မံဖွဲ့စည်းပေးနိုင်မည် ဖြစ်ကြောင်း၊    ထို့ပြင်   လုပ်ငန်းများ  အမြဲမပြတ်လည်ပတ်နိုင်ရန် စီမံခန့်ခွဲရေး ရုံးအဖွဲ့များကိုလည်း   ဖွဲ့စည်းပေးရမည် ဖြစ်ကြောင်း၊   အဓိကအရေးကြီးသည့် ရန်ပုံငွေတည်ထောင်ရေးအပိုင်းကို စက်မှု ဇုန် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင် ရွက်မှသာ     လုပ်ငန်းများအောင်မြင်နိုင်  မည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့်  မူဝါဒချမှတ်ခြင်းနှင့်      အခက်အခဲများ ဖြေရှင်းခြင်းကို ဆောင်ရွက်ပေးနိုင်မည်  ဖြစ်ကြောင်း၊ ထူထောင်ပြီး စက်မှုဇုန်များ နှင့် ထပ်မံဆောင်ရွက်မည့် စက်မှုဇုန်များ ကို အောင်မြင်စွာအကောင်အထည်ဖော် နိုင်ရန်မှာ      ဒေသဆိုင်ရာစက်မှုဇုန်များ တည်ဆောက်ရေးနှင့်         ကြီးကြပ်ရေး ကော်မတီနှင့် ဒေသအစိုးရအဖွဲ့မှ တာဝန် ရှိသူများက ကြီးကြပ်ရမည်ဖြစ်ပြီး စက်မှု ဇုန်စီမံခန့်ခွဲမှု ကော်မတီများက အဓိက အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ပို့ကုန်တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး
သို့ဖြစ်၍ ကြီးကြပ်ရေးကော်မတီနှင့် စီမံခန့်ခွဲမှုကော်မတီတို့တွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများပါရှိမှသာ     လုပ်ငန်း များ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအနေဖြင့်      ရွေးချယ်တာဝန်ပေး ကြပ်မတ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စက်မှုဇုန်၊ ဇုန်ခွဲများနှင့် စက်မှုရပ်ကွက် အချို့တို့တွင် လူနေထိုင်မှုများ ရောထွေး နေသည့်အတွက် စက်မှုဇုန်ဥပဒေ၊ နည်း ဥပဒေအတိုင်း      ဆွေးနွေးအဖြေရှာပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့်     ပြည်နယ်အလိုက် အသစ်ဖော်ဆောင်မည့်   စက်မှုဇုန်များ ကိုလည်း     ဥပဒေ၊    နည်းဥပဒေအတိုင်း အကောင်အထည်ဖော်  ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက   ချမှတ်ထား သည့် စီးပွားရေးဦးတည်ချက်တွင် ပါဝင် နေသည့် ‘‘တိုးတက်ကောင်းမွန်လာသည့်  စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME   စက်မှုလုပ်ငန်းများကို  အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး’’ ဆိုသည့်အတိုင်းရှိပြီး စက်မှုဇုန်အလိုက် နှင့်  တိုးချဲ့မည့်စက်မှုဇုန်အလိုက် ပို့ကုန် တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် လည်း စနစ်တကျ စီမံဆောင်ရွက်နိုင်မည့် အခွင့်အရေးဖြစ်ပါကြောင်း။
တန်ဖိုးမြှင့်ချည်ထည်များထုတ်လုပ်
စက်မှုဇုန်များအလိုက် အမျိုးအစား တူသည့်   လုပ်ငန်းများတွင်   ခွင့်ပြုထား သည့်     လုပ်ငန်းများ       အမှန်တကယ် ဆောင်ရွက်ခြင်း  ရှိ၊ မရှိကို  ဒေသဆိုင်ရာ စက်မှုဇုန်များ       တည်ဆောက်ရေးနှင့် ကြီးကြပ်ရေးကော်မတီများက ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးမှ တင်ပြလာသော စက်မှုဇုန်မှာ ဧက ၅၀၀ အောက်ဖြစ်သည့် အတွက်       အငယ်စားစက်မှုဇုန်ဖြစ်ပြီး အဆိုပါ      အငယ်စားစက်မှုဇုန်အနေဖြင့် ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် ဝါတို့ကို  အခြေခံသော တန်ဖိုးမြှင့်ထုတ်လုပ်သည့် ထုတ်လုပ်မှုလုပ်ငန်းများအား အဓိကအစု အဖွဲ့ဖြင့်    နေရာချထားပေးရန်    လိုအပ် ကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး    အစည်းအဝေးခန်းမတွင်    ကျင်းပ ပြုလုပ်သည့် ဆီထွက်သီးနှံ၊ စက်မှုသီးနှံ နှင့် နို့ထွက်ပစ္စည်း တိုးချဲ့ထုတ်လုပ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နှစ်စဉ် ပြည်ပမှစားသုံးဆီ များ တင်သွင်းနေရသဖြင့် ပြည်တွင်းစား  သုံးဆီဖူလုံမှုရရှိစေရေး       အလေးထား ဆောင်ရွက်ရန်နှင့် ဝါမှထွက်ရှိလာသော ချည်များကို   တန်ဖိုးမြှင့်ချည်ထည်များ အထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် တန်ဖိုး မြှင့်ချည်ထည်များ       ထုတ်လုပ်ရေးစီမံ ဆောင်ရွက်ရန်၊    ပြည်တွင်း၌    နို့ထွက် ပစ္စည်းများ ဖူလုံအောင်ထုတ်လုပ်နိုင်ရေး နှင့် နို့ချက်စက်ရုံများ တည်ဆောက်နိုင်ရေး   ဆောင်ရွက်ရန် ညွှန်ကြားချက်ကိုလည်း  မှတ်သားပြီး လိုက်နာဆောင်ရွက်သွားရန် လိုကြောင်းနှင့်     မကွေးတိုင်းဒေသကြီးမှ တင်ပြလာသည့် စက်မှုဇုန်အဆိုပြုချက် တွင်  ဝါနှင့်ချည်မျှင်လုပ်ငန်း၊  ဆီထွက် သီးနှံလုပ်ငန်းများမပါရှိ၍ အဆိုပြုချက် အသစ် ပြန်လည်တင်ပြပေးရန်လိုကြောင်း။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
ကူညီဆောင်ရွက်
မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေး စနစ်နှင့် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပြီး  နိုင်ငံအတွက်    လိုအပ်သည့်    ထုတ်ကုန် များကို     အပြည့်အဝထုတ်လုပ်နိုင်ရေး ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၏   လိုအပ်ချက်များကို     တစ်ဖက် တစ်လမ်းမှ     ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အထူး စီးပွားရေးဇုန်များနှင့်      စက်မှုဇုန်များရှိ ကြောင်း၊  ယင်းတို့မှာ  စီးပွားရေးဇုန်ခြင်း တူသော်လည်း အမျိုးအစားခြင်းမတူညီ သည့်အတွက်  အထူးသဖြင့်  တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ စီမံဆောင်ရွက် နေသည့် စက်မှုဇုန်များကို သီလဝါအထူး  စီးပွားရေးဇုန်ကဲ့သို့     အောင်မြင်အောင်  မိမိတို့ စက်မှုဇုန်များကို   စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ       လိုက်နာ အကောင်အထည်ဖော်  ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေ များကို        သိရှိကျွမ်းကျင်နားလည်ပြီး  လိုက်နာဆောင်ရွက်မှသာ    လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း     ပြော ကြားသည်။
ထို့နောက် စက်မှုလုပ်ငန်းနှင့် စက်မှု ဇုန်ဖွံ့ဖြိုးတိုးတက်ရေး      ဗဟိုကော်မတီ အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့်နှင့် မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့က  ဗဟိုကော်မတီသို့ တင်ပြလာသည့် အမှာ စာများကို ဖတ်ကြားတင်ပြသည်။
ယင်းနောက်      စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး         ဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက     မြန်မာနိုင်ငံ စက်မှုဇုန်များ သမိုင်းကြောင်း၊ စက်မှုဇုန် ဥပဒေနှင့် နည်းဥပဒေရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကော်မတီများ ဖွဲ့စည်းဆောင် ရွက်ထားရှိမှု၊     စက်မှုဇုန်များကို     စီမံ ကြီးကြပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စက်မှု လုပ်ငန်း      ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းဗျူဟာဆိုင်ရာ      ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ နှင့် ဒုတိယဝန်ကြီးများက စက်မှုဇုန်ဥပဒေ နှင့်   နည်းဥပဒေပါ   ပြဋ္ဌာန်းချက်များနှင့် အညီ လုပ်ငန်းများအောင်မြင်စွာ ဆောင် ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စက်မှုလုပ်ငန်းနှင့် စက်မှု ဇုန်ဖွံ့ဖြိုးတိုးတက်ရေး     ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ      ဒုတိယဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ     ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်