AI စတင်လေ့လာသူတစ်ဦးအတွက် လမ်းညွှန်ချက်နှင့် Public Service Media အတွက် AI အရေးကြီးပုံများနှင့် စပ်လျဉ်းသည့် အွန်လိုင်းဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ ပါဝင်တက်ရောက်ဆွေးနွေး

 

နေပြည်တော်  မေ  ၂၉
အာရှပစိဖိတ်   ရုပ်သံထုတ်လွှင့်မှု အဖွဲ့(Asia Pacific Broadcasting Union  - ABU )   မှ     ကြီးမှူး၍    AI  စတင်လေ့လာသူတစ်ဦးအတွက် လမ်းညွှန်ချက်နှင့်        Public Service Media   အတွက်     AI  အရေးကြီးပုံများနှင့်    စပ်လျဉ်း သည့်     အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက    ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ    ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် AI  နည်းပညာ ၏    အခြေခံသဘောတရားများ၊ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ များတွင်    AI   ၏    အရေးပါမှု၊ ရုပ်/သံလွှင့်    အဖွဲ့အစည်းများ ၏      AI    အသုံးပြုထားပုံများ နှင့်    အနာဂတ်အတွက်  AI   ၏ သက်ရောက်မှုများ   အကြောင်း၊ နည်းပညာ၏    ခြုံငုံသုံးသပ်ချက် များနှင့် ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းများ       စသည်တို့ကို ကျွမ်းကျင်ပညာရှင်များက ဘက်စုံ ထောင့်စုံက   ဆွေးနွေးတင်ပြကြ သည်။
မြန်မာ့အသံနှင့်        ရုပ်မြင် သံကြား  (MRTV) သည် (ABU)သို့ မြန်မာနိုင်ငံကိုယ်စားပြု၍  ၂၀၁၀ ပြည့်နှစ်မှစ၍  တင်းပြည့်အဖွဲ့ဝင် အဖြစ် ဝင်ရောက်ထားရှိရာ (ABU)မှ   ကြီးမှူးကျင်းပသည့်   အစည်း အဝေးများ၊     သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း အွန်လိုင်းစနစ်ဖြင့်    ကျင်းပမှုတွင် ပါဝင်တက်ရောက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။သတင်းစဉ်